0 Shares 460 Views 1 Comments

မိုဘိုင်းလ် Web Page တွေကို ဒေတာသုံးစွဲမှု ၁၀ ဆ သက်သာစွာနဲ့ အလျင်မြန်ဆုံး ဖော်ပြေပေးမယ့် AMP နည်းပညာ ကို Google မိတ်ဆက်

Feb 27, 2016
0 460 1

Google ဟာ အလွန်မြန်ဆန်တဲ့ သတင်းဖော်ပြမှုတွေကို စမတ်ဖုန်းတိုင်းနဲ့ တတ်ဘလတ်တိုင်းဆီသို့ ဗုဒ္ဓဟူးနေ့ကပဲ စတင်ပို့ဆောင်ပေးခဲ့ပြီး မိုဘိုင်းလ် သတင်း ကဏ္ဍ မှာ Facebook ကို စတင်စိန်ခေါ်လာခဲ့ပါတယ်။

အရှိန်အဟုန်မြင့် မိုဘိုင်းလ် စာမျက်နှာများ လို့အဓိပ္ပာယ်ရတဲ့ Accelerated Mobile Pages(AMP) ဆိုတဲ့ စီမံကိန်းကို ပြီးခဲ့တဲ့ နှစ်ကုန်ခါနီးမှာ စတင်ကြေညာခဲ့ပြီး အခုအချိန်မှာတော့ စတင်အသက်ဝင်လာပြီဖြစ်တယ်လို့ Google က ဆိုပါတယ်။

Facebook ရဲ့  Instant Articles လုပ်ဆောင်ချက်နဲ့ Apple ရဲ့  News အက်ပလီကေးရှင်းတို့ကို စိန်ခေါ်နိုင်ဖို့အတွက် Google ဟာ သူတို့ရဲ့  ကွန်ပျုတာလုပ်ဆောင်ချက်အင်အားတွေကို အသုံးပြုပြီး မိုဘိုင်းလ် အသုံးပြုသူတွေအတွက် သတင်းစာမျက်နှာများကို ကြန့်ကြာခြင်းမရှိ လျင်မြင်စွာ ဖော်ပြနိုင်အောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Facebook ရဲ့  Instant Articles လုပ်ဆောင်ချက်နဲ့ Apple ရဲ့  News အက်ပလီကေးရှင်းတို့ဟာ Facebook အကောင့်(သို့) Apple ထုတ်ကုတ်တစ်ခုခု လိုအပ်ပေမယ့် Google ရဲ့  AMP နည်းပညာကတော့ ၀က်ဘ်ဆိုက်တည်ဆောင်ခြင်းဆိုင်ရာ HTML နည်းပညာကို ပဲ ပြန်လည်ဆန်းသစ် ဖန်တီးထားတဲ့ နည်းပညာ တစ်ရပ်သာ ဖြစ်နေတဲ့အတွက် ၀က်ဘ်ဆိုက် တည်ထောင်လိုသူ တိုင်း ကြည့်ရှုလိုသူတိုင်း သုံးစွဲခွင့် ရမှာ ဖြစ်ပါတယ်။

AMP ဟာ မိုဘိုင်းလ် ၀က်ဘ်စာမျက်နှာတွေကို ပျမ်းမျှကြာချိန်ထက် ၄ ဆပိုမိုမြန်ဆန်စွာ ဖော်ပြပေးပြီး ဒေတာသုံးစွဲမှုကိုလည်း ၁၀ ဆ သက်သာစေမယ်လို့ အခိုင်အမာဆိုထားပြန်ပါတယ်။
“ကျွန်ုပ်တို့ဟာမိုဘိုင်းလ် ၀က်ဘ်တွေကို ဖြစ်နိုင်ချေအရှိဆုံး ပြသနိုင်အောင် ဖန်တီးပြီး လူတိုင်းအတွက် အဆင်ပြေသွားစေချင်တာပါ။ ဒါဆိုသူတို့အားလုံးဟာ အရည်အသွေးမြင့်မားတဲ့စာနယ်ဇင်း ဖော်ပြမှုတွေကို အလွယ်တကူ လျင်မြန်စွာ ရရှိနိုင်မှာပါ” လို့ Google ရဲ့  အမှုဆောင်အရာရှိချုပ် Sundar Pichai က ဆိုပါတယ်။

ထိုဝန်ဆောင်မှုအတွက် Google ဟာ New York Times ၊ Washington Post ၊ BuzzFeed ၊ the Guardian ၊ Wall Street Journal ၊ Les Echos ၊ TF1 ၊ Ouest France နဲ့ Vingt Minutes in France တို့အပါအ၀င် မီဒီယာပေါင်း ၁၀၀ ကျော်နဲ့ စာချုပ်ချုပ်ဆိုပြီး လက်တွဲဆောင်ရွက် နေတယ်လို့လည်း Pichai က ဆိုပါတယ်။

Ref: Gadgets360

You may be interested

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ
Android, ASUS, FEATURES
0 shares0 views

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ

Ko Thuya - Feb 22, 2018

[zawgyi] ဒီတစ်ပတ် ဘတ်ဂျတ် သမား ကဏ္ဍမှာ တန်ဖိုးသက်သာတဲ့ Asus ZenPad 3S 10 ကို ရွေးချယ်ပေးလိုက်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ iPad နဲ့တောင် ဆင်တူပါတယ်။ စတင်ရောင်းချပေးတဲ့ အချိန်မှာ ဒေါ်လာ ၃၀၀ ဖြစ်ပေမယ့် အခုတော့…

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple
Apple, Mobiles & Tablets, NEWS
85 shares155 views

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple

Nwe Oo Thant - Feb 22, 2018

[Zawgyi] Apple ကတော့ ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီ iPad မော်ဒယ်လ်အသစ်၂မျိုးရောင်းချဖို့ ခွင့်ပြုချက်ရသွားပြီဆိုတော့ မကြာခင်မှာပဲ မိတ်ဆက်တော့မယ်လို့ ခန့်မှန်းရပါတယ်။ Eurasian (European+ Asian) စီးပွားရေးကော်မရှင်က “A1893” မော်ဒယ်လ်နဲ့ “A1954” မော်ဒယ်လ်တွေကိုခွင့်ပြုချက်ပေးလိုက်ပြီးတော့ ဒီမော်ဒယ်လ်နံပါတ်တွေက ရှိပြီးသား iPad မော်ဒယ်လ်တွေမဟုတ်တော့…

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ
NEWS, Softwares & Application
180 shares33 views

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ

Nwe Oo Thant - Feb 22, 2018

[Zawgyi] Facebook Messenger မှာ သူငယ်ချင်းတွေနဲ့ Group ဗီဒီယိုတွေခေါ်တတ်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။ အရင်က group ဗီဒီယိုပြောနေရင်း နောက်တစ်ယောက်ကို ထပ်ထည့်ချင်ရင် လက်ရှိခေါ်နေတာကိုချ ပြီးမှပြောချင်တဲ့လူထပ်ထည့် ပြန်ခေါ် ဒါမျိုးကအလုပ်ရှုပ်လွန်းပါတယ်။ အခုတော့ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်ကဖြေရှင်းပေးဖို့ Android ရော iOS…

One Response

  1. ဘာလို့ဝေမျှရမှာလဲ သတင်းအပြည့်စုံမဖော်ပြဘူး
    unfollow

Leave a Comment

Most from this category