0 Shares 11 Views

YouTube မှာ ဗီဒီယိုတင်သူစိတ်ကြိုက် ရွေ့လျားနေတဲ့ပုံရိပ်တွေကို မှုန်ဝါးအောင် ပြုလုပ်နိုင်ပြီ

Feb 27, 2016
0 11

မိမိ upload လုပ်လိုက်တဲ့ဗီဒီယိုဖိုင်ထဲမှာပါတဲ့ ရွေ့လျားနေတဲ့ ဘယ်ပုံရိပ်ကိုမဆို မှုန်ဝါးအောင် ပြုလုပ်နိုင်တဲ့ tool အသစ်တစ်မျိုးကို YouTube ချန်နယ်ပိုင်ရှင်တွေအတွက် ထုတ်ပေးလိုက်ပါတယ်။

YouTube ဟာ ၂၀၁၂ ခုနှစ်တုန်းက မျက်နှာတွေဝါးအောင်ပြုလုပ်ပေးတဲ့ tool တစ်မျိုးကို ၂၀၁၂ ခုနှစ်မှာ စတင်ထုတ်ပေးခဲ့ပြီး၊ ယခု tool အသစ်ကတော့ ရွေ့လျားနေတဲ့ပုံရိပ်တွေကိုတောင် မှုန်ဝါးအောင် ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။

ဒီ tool ကို လက်ရှိမှာ desktop ကွန်ပြူုတာဗားရှင်းမှာပဲ ရရှိသေးပြီး၊ အသုံးပြုသူအနေနဲ့၊ ဗီဒီယိုတင်ပြီးသွားတဲ့အခါ Enhancements နေရာကနေ Custom Blurring tool ကို သွားပြီး၊ ပုံရိပ်တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။

အရေးကြီးတဲ့သတင်းအချက်အလက်တွေ (ဥပမာ- ကားလိုင်စင်ပလိတ်၊ မှတ်ပုံတင်နံပါတ်) စတာတွေ၊ အ၀တ်အစားဟာလာဟင်းလင်းဖြစ်နေတာတွေကို ဒီ tool နဲ့ မှုန်ဝါးအောင် ပြုလုပ်နိုင်ပြီဖြစ်တာကြောင့်၊ YouTubers တွေအနေနဲ့ အရင်ကထက် လုံခြုံမှုတွေပိုရှိလာမှာ ဖြစ်ပါတယ်။

Cutom Blurring tool အသစ်ဟာ ကိုယ် မှုန်ဝါးအောင်လုပ်ချင်တဲ့ပုံရိပ်ပေါ်မှာ လေးထောင့်ကွက်လေးတစ်ခု ဆွဲပေးလိုက်ရုံနဲ့၊ ဗီဒီယိုထဲမှာ ထိုပုံရိပ်ရွေ့လျားနေရင်တောင် Blurring tool က အလိုအလျောက် blur လုပ်ပေးသွားမှာဖြစ်ပါတယ်။

 

Ref: YouTubecreator

You may be interested

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple
Apple, NEWS
0 shares0 views

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple

Nwe Oo Thant - Apr 20, 2018

[Zawgyi] Apple ကတော့ iPhone user တွေရဲ့မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့်မူပိုင်ခွင့်တစ်ခုတင်ခဲ့တာ အခုတော့ခွင့်ပြုချက်ရသွားခဲ့ပါပြီ။ user တွေအနေနဲ့ အမှောင်ထဲမှာဖုန်းကိုဖွင့်လိုက်ရင် display ကချက်ချင်းကြီးလင်းလာပြီး စက္ကန့်နည်းနည်းကြာမှ အလင်းပမာဏကို ပတ်ဝန်းကျင်အလင်းနဲ့သင့်သလိုချိန်ပြီးဖြည်းဖြည်းချင်းလျှော့ပေးတာပါ။ ဖြည်းဖြည်းချင်းတော့လျှော့ပေးတယ်ဆိုပေမယ့်လည်း display စဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းကိုမြင်လိုက်ရတဲ့အချိန်မှာတင် မျက်စိကိုထိခိုက်သွားပါပြီ။ အခု Apple…

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း
FEATURES, Softwares & Application
125 shares35 views

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း

Ko Thuya - Apr 20, 2018

Android အတွက် Photo Editing Apps များစွာ ရှိတဲ့အထဲကမှ နာမည်အကြီးဆုံး နှစ်ခုက Adobe Photoshop Express နဲ့ Snapseed တို့ ဖြစ်ကြပါတယ်။ အဲဒီ App နှစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိကြပြီး အားသာချက်၊ အားနည်းချက်…

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”
Google, NEWS, Softwares & Application
115 shares17 views

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”

Nwe Oo Thant - Apr 20, 2018

[Zawgyi] Google ကတော့ တစ်ခုသော မက်ဆေ့ခ်ျပို့စနစ်ကိုထုတ်လုပ်ဖို့စီစဉ်နေပါပြီ။ သူ့ကိုတော့ “Chat” လို့ခေါ်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖုန်းတွေရဲ့ default Android Messages app  အနေနဲ့ထည့်သွင်းလာတော့မှာပါ။ Google ရဲ့ Allo ဆိုတဲ့ မက်ဆေ့ခ်ျ app လေးကလည်း ပြီးခဲ့တဲ့၂နှစ်လောက်က…

Leave a Comment

Most from this category