0 Shares 13 Views

Instagram မှာ ကြော်ငြာထည့်သွင်းသူ ၂ သိန်းကျော် ရှိခဲ့ကြောင်း ကုမ္မဏီက တရားဝင် ကြေညာ

Feb 27, 2016
0 13

လွန်ခဲ့တဲ့ ၅လ ခန့်က Facebook ကုမ္မဏီဟာ သူတို့ပိုင်ဆိုင်တဲ့ ဓါတ်ပုံဝေမျှခြင်း အက်ပလီကေးရှင်း Instagram ကို ပိုက်ဆံရှာနိုင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲ အသက်သွင်းခဲ့ပါတယ်။ အဲဒီအချိန်က စတင်ပြီး Instagram ဟာ ကြော်ငြာလိုသူ လုပ်ငန်းရှင်ပေါင်း ၂ သိန်းကျော်ခန့်ကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ ကုမ္မဏီက ကြေညာခဲ့ပါတယ်။

Instagram ဟာ ပြီးခဲ့တဲ့ နှစ် ဇွန်လမှာ စတင်ပြီး ကြော်ငြာလိုသူ ရာပေါင်းများစွာအတွက် နည်းပညာတစ်ခုကို စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ စက်တင်ဘာလမှာတော့ အက်ပလီကေးရှင်းမှာ ကြော်ငြာတွေဝယ်ယူထည့်သွင်းခွင့်လိုလည်း ဖန်တီးပေးခဲ့ပါတယ်။ Instagram ဟာ သုံးစွဲသူ ပမာဏလည်း တစ်ဖြည်းဖြည်းချင်း များပြားလာခဲ့ပါတယ်။ မနှစ်ကပဲ သုံးစွဲသူ သန်း ၄၀၀ ကျော်ခဲ့ပြီလို့ ကြေညာခဲ့ပြန်ပါတယ်။ လက်ရှိမှာတော့ ကြော်ငြာထည့်သွင်းသူ ၂ သိန်းကျော်ရှိလာခဲ့ပြီး ထို အရေအတွက်ရဲ့  ၃ ပုံ ၁ ပုံ ဟာ အမေရိကန် ပြည်ထောင်စု က ဖြစ်တယ်လို့လည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြိုင်ဘက် လူမှုကွန်ရက်တွေ နဲ့ နှိုင်းယှဉ်မယ်ဆိုရင်ပဲ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ကြော်ငြာထည့်သွင်းခြင်း စတင်ခဲ့တဲ့ Twitter ဟာ သုံးစွဲသူ သန်း ၃၂၀ သာ ရှိသေးပြီး ကြော်ငြာထည့်သွင်းသူလည်း တစ်သိန်း သုံးသောင်းကျော်သာ ရှိခဲ့ပါတယ်။

Instagram ရဲ့  ကြော်ငြာပုံစံဟာလည်း Facebook ရဲ့  ကြော်ငြာ နည်းပညာကိုပဲ အခြေခံထား တာကြောင့် ကြော်ငြာရှင်တွေအနေနဲ့ တိကျသေချာတဲ့ သုံးစွဲသူတွေဆီ မိမိကြော်ငြာကို ရွေးချယ် ပြသစေနိုင်တာကြောင့် Instagram မှာ ကြော်ငြာခြင်းဟာလည်း ထိရောက်မှု ကောင်းစွာ ရှိခဲ့ပါတယ်။

Instagram ဟာ ကြော်ငြာနည်းပညာ စတင်ချိန်ကတော့ ကြော်ငြာခနှုန်းထားတွေကို သက်သက်သာသာ နဲ့ ခွင့်ပြုခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ Instagram နဲ့ Facebook တို့ရဲ့  ကြော်ငြာနှုန်းထားတွေဟာ ညီမျှသလောက်နီးပါး ဖြစ်သွားပါတယ်။ eMarketer ဆိုတဲ့ စီးပွားရေး သုတေသန လုပ်ငန်းရဲ့ ခန့်မှန်းမှုအရတော့ Instagram ဟာ ဒီနှစ်အတွက် ဒေါ်လာ ၁.၅ ဘီလီယံ ခန့် ဘဏ္ဍာငွေ ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Ref: Gadgets 360

You may be interested

Virtual Phone Number များဖန်တီးပေးမယ့် Apps များ
FEATURES, Softwares & Application
0 shares0 views

Virtual Phone Number များဖန်တီးပေးမယ့် Apps များ

Ko Thuya - Jul 27, 2017

အင်တာနက်မှ အချို့ ၀န်ဆောင်မှု၊ ၀က်ဆိုက်များဟာ နိုင်ငံ ကန့်သတ်ချက်ရှိပါတယ်။ အဲဒီ ၀က်ဆိုက်များမှာ အကောင့် ပြုလုပ်ချင်ရင် ဥပမာအားဖြင့် အမေရိကန်လို နိုင်ငံမှ ဖုန်းနံပါတ် တစ်ခု လိုအပ်ပါတယ်။ အဲဒီ ဖုန်းနံပါတ်ကို Verify လုပ်နိုင်မှသာ အကောင့် ပြုလုပ်နိုင်မှာပါ။ ဥပမာအားဖြင့်…

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်
Knowledge, Local, Local Market Review
0 shares0 views

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်

zayarsan - Jul 27, 2017

ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ်ဘွတ်ကင်ဝန်ဆောင်မှု ဝက်ဆိုက်ဒ် Jovago မှ ဝက်ဆိုက်ဒ်အသုံးပြုသူများအတွက် Jovago Travel Smart အမည်ရ လျော့ဈေးနှစ်ထပ်ကွမ်းရရှိမည့် ပရိုမိုးရှင်းအစီအစဉ်သစ်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။ အဆိုပါအစီအစဉ်သစ်အရ Jovago င့် Jovago Mobile App တို့ကို ရှိနှင့်ပြီး…

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ
HUBS, LG, Local
115 shares48 views

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ

zayarsan - Jul 27, 2017

ကမ္ဘာ့ထိပ်တန်း အီလက်ထရောနစ်ကုမ္ပဏီ LG Electronics သည် နောက်ဆုံးပေါ် ခြင်ပြေးနည်းပညာဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ပြည်သူ့ကျန်းမာရေးဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံ (၁၀) ခုကို ပံ့ပိုးကူညီ ပေးခဲ့တယ် လို့ သိရပါတယ်။ ယခုနှစ်အစောပိုင်းကကျင်းပခဲ့တဲ့ LG ရဲ့ Valuable Night ပွဲကြီးတွင်…

Leave a Comment

Most from this category