တယ်လီနောပရိသတ်တွေအတွက် Rဇာနည် Live ဖျော်ဖြေမှု အစီအစဉ် ညနေ ၆း၀၀ နားဆင်နိုင်မည်

တယ်လီနော ကတ် ကို သုံးစွဲကြတဲ့ ပရိသတ်တွေကို ဂုဏ်ပြုသောအားဖြင့် တစ်လ ၊ တစ်ခေါက် ပုံမှန် ပြုလုပ်လေ့ရှိတဲ့ My Tune Live Sesssion မှာ အခု လ အတွက် သီဆိုဖျော်ဖြေမှုကို ပရိသတ်မြင်ကွင်းရှေ့ကနေ လပေါင်း အတော်ကြာ ပျောက်ကွယ်နေခဲ့တဲ့ အဆိုတော် အာဇာနည် ရဲ့ သီဆိုဖျော်ဖြေမှုကို Shwe FM ကနေ တဆင့် ခံစား နားဆင်ရမှာ ဖြစ်ပါတယ်။

အဲဒီ My Tune Live Session ကို ယခု ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၆နာရီတိတိမှာ Rဇာနည်ကနေ တိုက်ရိုက် Live ဖျော်ဖြေသွားမှာဖြစ်ပြီးတော့ တယ်လီနောမြန်မာ Facebook page မှ အချိန်နဲ့တပြေးညီ ထုတ်လွှင့်သွားမှာဖြစ်တယ် လို့ ဆိုပါတယ်။

Rဇာနည် ရဲ့ ပရိသတ်တွေအနေနဲ့ ကိုယ်သီဆိုစေလိုတဲ့ သီချင်းလေးတွေကိုလည်း Telenor Myanmar Facebook Page မှာ Comment box ကနေ တဆင့် သီချင်းလေးတွေ တောင်းဆိုသွားနိုင်တဲ့အကြောင်း သိရပါတယ်။

Ref : Telenor Myanmar

%d bloggers like this: