ဆင်းမ်ကတ်ပျောက် ဝန်ဆောင်မှုကို ရုံးပိတ်ရက်တွေပါ ပြုလုပ်ရနိုင် ဟု MPT ပြောကြား

ကိုယ်သုံးစွဲတဲ့ ဆင်းမ်ကတ် ပျောက်သွား၊ ပျက်သွားတဲ့အတွက် စိတ်ပူပန်နေစရာမလိုဘဲ စနေ၊ တနင်္ဂနွေလိုမျီုး ရုံးပိတ်ရက်တွေကိုပါ ပြုလုပ်ရရှိနိုင်တယ် လို့ MPT က ပြောကြားထားပါတယ်။

အဲဒီ လို လျှောက်ထားရာမှာ 2G, 3G ကတ်ကနေ 4G LTE ဆမ်းမ်ကတ်လဲလှယ်ချင်သူတွေအတွက်ပါ အချိန်မရွေး ပြုလုပ်ပေးမှာ ဖြစ်တယ် လို့ ဆိုပါတယ်။ အစိုးရ ရုံးပိတ်ရက်နဲ့ ပုံမှန်ပိတ်ရက်တွေမှာပါ ပြုလုပ်ပေးမှာ ဖြစ်တယ် လို့ သိရပါတယ်။

အနယ်နယ်အရပ်ရပ်က MPT သုံးစွဲသူတွေအတွက် Branded Stores လိပ်စာတွေကို ဖော်ပြေပေးထားပြီး ရန်ကုန်၊ မန္တလေး၊  မကွေး ၊နေပြည်တော်၊ ရှမ်းပြည်နဲ့ ဒေသအသီးသီးမှာ ရှိတဲ့ သုံးစွဲသူတွေဟာ အောက်ပါ လင့်မှာ ရှိတဲ့ ဆိုဒ်အရွယ်အစား သေးငယ်လှတဲ့ PDF ကလေး ကို ရယူပြီး ဝင်ရောက် ကြည့်ရှုနိုင်တယ် လို့ ဆိုပါတယ်။

 

Ref : MPT

%d bloggers like this: