0 Shares 18 Views

100 Megapixel ရှိတဲ့ ပုံရိပ်တွေ ရိုက်ကူးနိုင်မယ့် Phase One ရဲ့ ကင်မရာအသစ် XF 100MP

Jan 06, 2016
0 18

phase-one-100mp-xf-system

Phase One အမှတ်တံဆိပ် XF 100MP ကင်မရာဟာ ပြိုင်ဘက် ကင်မရာ အားလုံးထက်သာလွန်သွားခဲ့ပါပြီ။ ယနေ့ခေတ် နည်းပညာ ကန့်သတ်မှုတွေအားလုံး ကို ကျော်လွန်သွားခဲ့တဲ့ ဒီ ကင်မရာဟာ 100 Megapixel ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပါ။

XF 100MP ဟာ လက်ရှိရေပန်းအစားဆုံး Canon နဲ့ Nikon အမှတ်တံဆိပ် SLR ကင်မရာတွေမှာရှိတဲ့ Image Sensor တွေထက် ၂ဆခွဲခန့်ပိုမိုကြီးမားတဲ့ Image Sensor ကို အသုံးပြုထားပါတယ်။ အဲဒီလို Image Sensor အရွယ်အစားကြီးမားခြင်းအားဖြင့် ဓါတ်ပုံဆရာတွေအနေနဲ့ ဓါတ်ပုံ အရည်အသွေးရဲ့  ရှုထောင့်အချို့ ကို အဆုံးရှုံးခံဖို့ မလိုပဲ Resolution မြင့်မားတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ ဒါ့အပြင် အလင်းရောင်ရှိတဲ့ မြင်ကွင်း တွေနဲ့ အမှောင်များတဲ့ မြင်ကွင်းတွေ အားလုံးကို အသေးစိတ် ရိုက်ကူးနိုင်စွမ်းလည်း ရှိလာမှာပါ။

လက်ရှိမှာတော့ အရွယ်အစား ကြီးမားတဲ့ Image Sensor တွေကို အသုံးပြုထားတဲ့ ကင်မရာ အမျိုးအစားတွေဟာ Hasselblad ၊ Pentax ၊ Leica နဲ့ Phase One တို့ပဲ ရှိပါတယ်။ ဒါကြောင့် Phase One ရဲ့  ဒီထုတ်ကုန်အသစ်ဟာလည်း ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၄၈၉၉၀ အထိ ကျသင့်နေတာဖြစ်ပါတယ်။ ထိုဈေးနှုန်းနဲ့အတူ ကင်မရာ ကိုယ်ထည် ၊ ဖယ်ရှားလို့ရနိုင်တဲ့ Image Sensor နဲ့ 80mm Schneider Kreuznach မှန်ဘီလူး(Lens) တစ်ခုကိုပါ ရရှိမှာပါ။ Image Sensor အရွယ်အစားကြီးမားခြင်းရဲ့ တစ်ခုတည်းသော အားနည်းချက်ကတော့ အခြား SLR ကင်မရာတွေထက် ပိုမိုကြီးမားပြီး ပိုမိုလေးလံတာပဲဖြစ်ပါတယ်။

“ဒီကင်မရာဟာ ပြိုင်ကားတွေနဲ့ ဖော်မြူလာဝမ်း ပြိုင်ပွဲအတွက် စိတ်ဝင်စားစရာကောင်းပါတယ်။ တစ်ဖက်ကမ်းခတ် ကောင်းမွန်ခြင်းတွေဟာ စိတ်ဝင်စားဖို့ကောင်းသလို အလွန့်အလွန် ကောင်းမွန်တဲ့ ဓါတ်ပုံအရည်အသွေးတွေကိုလည်း ရရှိနိုင်မှာပါ” လို့ Phase One ကုမ္မဏီ ရဲ့ ကင်မရာ ပညာရှင် Lau Norgaard က ဆိုပါတယ်။

သာမန် SLR ကင်မရာတွေဟာ အလျား ၃၆ မီလီမီတာ နဲ့ အနံ ၂၄ မီလီမီတာ ခန့် အရွယ်အစားရှိနေချိန်မှာ Phase One XF 100MP ကင်မရာ ရဲ့ အရွယ်အစားကတော့ ၅၃.၇ မီလီမီတာ နဲ့ ၄၀.၄ မီလီမီတာ ခန့် အရွယ်အစားရှိနေပါတယ်။ ကင်မရာ လောကထဲမှာတော့ လက်ရှိ Megapixel အများဆုံးအဖြစ် Phase One XF 100MP က ရပ်တည်နိုင်နေပေမယ့် Canon ကုမ္မဏီကလည်း 250 Megapixels ရှိတဲ့ Sensor ကို ဖန်တီးထုတ်လုပ်လျက်ရှိနေပါတယ်။

Ref : CNet

You may be interested

Apple က iOS 11 ကို ဖြန့်ချီပြီ
Apple, HUBS, NEWS
0 shares0 views

Apple က iOS 11 ကို ဖြန့်ချီပြီ

Ko Thuya - Sep 20, 2017

Apple က ဇွန်လမှာ ကျင်းပခဲ့တဲ့ World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Apple က iOS 11, watchOS 4 နဲ့ tvOS 11…

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ
Gionee, HUBS, Mobiles & Tablets
66 shares15 views

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ

Ko Thuya - Sep 20, 2017

Gionee က အိန္ဒိယမှာ စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့အမည်ကတော့ Gionee X1s ဖြစ်ပြီး အိန္ဒိယ ရူပီး ၁၂၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၂၀၀ ၀န်းကျင် မြန်မာငွေအားဖြင့် ၂၅၀ ၀၀၀ ၀န်းကျင်…

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
822 shares521 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Leave a Comment

Most from this category