MPT, Telenor , Ooredoo တွေကို ဘေလ် မကုန်အောင် ဘယ်လိုသုံးမလဲ

သိတ်မကြာခင် အချိန်မှာ မြန်မာနိုင်ငံကို စတုတ္ထမြောက် အော်ပရေတာလို့ ဆိုလို့ရနိုင်တဲ့ Vietel ဝင်ရောက်လာပါတော့မယ်။  အခု အချိန်မှာေတော့  MyanTel Holding အဖြစ် အမည်ပြောင်းလိုက်ပြီ ဖြစ်တဲ့ MyanTel အကြောင်း ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

Viettel ၀င်လာရင် ဘာတွေဖြစ်လာမလဲ

 

အခု လက်ရှိအချိန်အထိတော့ ဖုန်း အော်ပရေတာ ၃ ခု ရှိနေပြီး သူတို့ ၃ ခု စလုံးကလည်း အင်တာနက်ကို အကောင်းဆုံး နဲ့ ဈေးအသက်သာဆုံး ဖြစ်အောင် သူ့နည်း၊ သူ့ဟန် နဲ့ ကြိုးစားလျက်ရှိပါတယ်။

(၁)  MPT နဲ့ သက်သာစွာ အင်တာနက်သုံးနည်း

  • သောကြာနေ့မှာ MPTနဲ့ ဖုန်းဘေလ်ဖြည့်ရင် weekend bonus ရပါတယ်..
  • တစ်သောင်းတန် ကဒ်ဖြည့်ရင် 420MB bonus ရပါတယ် ..
  • e-topup နဲ့ဆိုရင်တော့ တစ်သောင်းဖြည့်ရင် 800MB တောင်ရပါတယ် ..
  • Bonus ကို တနင်္ဂနွေနေ့ ည ၁၂နာရီထိသုံးလို့ရပါတယ် ..
  • အဲဒါ ကုန်သွားပါက *700#ကို ဖုန်းခေါ်ပြီး monthly data pack 1G
    ကို ၂၉၉၉ကျပ်နဲ့ ဝယ်လိုက်ရင် Facebook , Wechat , viber , youtube , Pyone play စတာတွေအတွက် 1000MB အပိုရပြန်ပါတယ်။ အဲ့ဒါက HD download တွေ မလုပ်တဲ့ သာမန်user တွေအနေနဲ့ တနေ့ ၁၂နာရီလောက် လိုင်းဆက်တိုက်သုံးရင်တောင် ၁၅ရက်လောက် သုံးရပါတယ်။
  • အဲဒါ ကုန်သွားရင် ထပ်ပြီး 1GB ဝယ်ပါ .. ဒါမှမဟုတ် သောကြာနေ့စောင့်ပြီး ဘေလ်ဖြည့် bonus နဲ့ စနေတနင်္ဂနွေသုံးပါ။
  • တနင်္လာနေ့မနက်ရောက်မှ monthly plan တစ်ခုခု ထပ်ဝယ်ပါ …
  • ဖုန်းကိုတော့ 4G/LTE mode မှာ မထားမှ ဘေလ်စားသက်သာမှာကိုတော့ မမေ့ပါနဲ့။
  • အဲဒါ ထက် သက်သာချင်ရင်တော့ Facebook ကို mpt free data နဲ့သာ သုံးပါ …

(၂) တယ်လီနော နဲ့ သက်သာစွာ အင်တာနက်သုံးနည်း

  • Data Suboo –
  • 500 MB – 799 ကျပ် ( အချိန်ကန့်သတ်ချက်မရှိ)
  • 14GB –  17999 ကျပ် ( အချိန်ကန့်သတ်ချက်မရှိ)
  • အပတ်စဉ်သုံး 1000MB (499 ကျပ်) – *707#
  • ဇီးကွက် 1MB = 1Kyat (ည ၁၁း၀၀ နာရီ မှ မနက် ရး၀၀)

(၃) အော်ရီဒူးနဲ့ သက်သာစွာ အင်တာနက်သုံးနည်း …

  • သောကြာနေ့ Easy Top Up နဲ့ငွေဖြည့်ပြီး သောကြာနေ့တိုင်းမှာ ၅၀% အပိုလက်ဆောင်ရယူပါ။ သောကြာနေ့တိုင်းမှာ Easy Top Up အသုံးပြုပြီး ဖုန်းငွေ ၁,၀၀၀ မှ ကျပ်မှ ၂,၉၉၉ ကျပ် ဖြည့်သွင်းပါက ဖုန်းငွေပမာဏရဲ့ ၁၅% ကို ငွေဖြည့်အပိုလက်ဆောင်ရရှိမှာဖြစ်ပြီး ဖုန်းငွေ ၃,၀၀၀ ကျပ်မှ ၄,၉၉၉ ကျပ်အတွင်း ဖြည့်သွင်းပါက ၃၀% အပိုလက်ဆောင်နဲ့ ဖုန်းငွေ ၅,၀၀၀ ကျပ်နှင့်အထက်ဖြည့်သွင်းပါက ၅၀% အပိုလက်ဆောင်ရရှိမှာဖြစ်ပါတယ်။
  • ဖုန်းငွေ တစ်ခါဖြည့် တခြား ဝန်ဆာင်မှု အားလုံး Free – *4444#
  • ၂၄၉ ကျပ် – အူရီဒူးအချင်းချင်း တစ်နေကုန် ပြော *150#
  • iFlix – ၆လ လစဉ်ကြေးပေးစရာမလို တစ်လကို 1GB နဲ့ ၆ လ –  *600#

 

မှတ်ချက်။ ။
(၁) Service တိုင်းမှာ အပြောင်းအလဲ ရှိနိုင်တဲ့အတွက် အခု ပြောပြထားတဲ့ တချို့ အစီအစဉ်တွေဟာ တစ်ခါတလေ ကိုယ်သုံးလိုက်ချိန်မှ မရနိုင်တာတွေ ရှိနိုင်ပါတယ်။ အဲဒီအတွက် နားလည်ပေးဖို့ မျှော်လင့်ထားပြီး နောက်ပိုင်းမှာ အော်ပရေတာတွေရဲ့  ဆားဗစ်မှန်သမျှကို Digital Times Media ကနေ ပုံမှန် တင်ဆက်ဖော်ပြပေးသွားမှာ ဖြစ်တဲ့အကြောင်း သတင်းကောင်းပေးလိုက်ပါရစေ။
(၂) ဒီဆောင်းပါးမှာ မပါဝင်သေးဘဲ ကိုယ်သိထားတဲ့ Service ကလေးတွေ ရှိခဲ့ရင်လည်း [email protected] အီးမေးလ် ကို ပေးပို့ရေးသားနိုင်ပါတယ် ။

Ref : Telenor Myanmar / MPT / ooredoo myanmar/Hlaing Htae Htar FacebookIP Carrier

%d bloggers like this: