2427 Shares 4168 Views

Samsung Galaxy Note 8 နဲ့ ပတ်သက်ပြီး သိထားတဲ့ အရာအားလုံး

Jul 18, 2017
2427 4168

ယခင်နှစ်ထုတ် Galaxy Note 7 ဟာ ဘက်ထရီပြဿနာများကြောင့် ကမ္ဘာအ၀န်းမှာ ပြန်လည် သိမ်းယူခဲ့ရပါတယ်။ ဒါပေမယ့် Samsung ဟာ Note Series များ ထုတ်လုပ်ရောင်းချခြင်းကို မရပ်နားဘဲ အမှားများကို သင်ခန်းစာယူပြီး ဒီနှစ်မှာလည်း မျိုးဆက်သစ် Note Series ကို မိတ်ဆက်မှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ လာမယ့်လမှာ Galaxy Note 8 ကို မိတ်ဆက်မယ်လို့ ကုမ္ပဏီက အတည်ပြုထားပြီး ဖြစ်တဲ့အတွက် အဲဒီဖုန်းနဲ့ ပတ်သက်ပြီး သိထားတဲ့ သတင်းအချက်အလက်အားလုံးကို မျှဝေလိုက်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

Note 8 ဟာ ဒီနှစ်ထဲမှာ ရောင်းချခဲ့တဲ့ S8 ရဲ့ ဒီဇိုင်းကိုပဲ အများဆုံး အသုံးပြုထားမှာ ဖြစ်ပါတယ်။ S8 Plus ရဲ့ ၆.၂ လက်မ မျက်နှာပြင်ထက် အနည်းငယ်ကြီးမားတဲ့ ၆.၃ လက်မ 3840×2160 Quad HD Infinity Display တပ်ဆင်ထားနိုင်ပါတယ်။ မျက်နှာပြင်ဘေးဘောင်များဟာ အလွန် သေးငယ်မှာပါ။ 2:1 Ratio ကို အသုံးပြုထားမှာ ဖြစ်တဲ့အတွက် ရှည်လျားတဲ့ ပုံသဏ္ဍာန် ဖြစ်လာပြီး ယခင်နှစ်ထုတ် မော်ဒယ်ထက် ပိုမို ကိုင်တွယ်ရတာ ကောင်းမွန်လာမှာပါ။

Note 8 ရဲ့ အနောက်ဘက်ကိုလည်း S8 အတိုင်း ဖန်တီးထားမှာပါ။ ကင်မရာ နှစ်လုံး အလျားလိုက် တပ်ဆင်ထားမှာ ဖြစ်ပြီး Flash ရဲ့ ညာဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ ဖုန်းရဲ့ အောက်ခြေမှာ စပီကာတစ်ခု၊ 3.5mm Headphone Jack ၊ USB-C Charging Port နဲ့ S-Pen Slot ပါတယ်လို့ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံများအရ သိရပါတယ်။ အဲဒီ ဓါတ်ပုံများအရ ဖုန်းရဲ့ ဘယ်ဘက်မှာ
Bixby Button ထည့်သွင်းထားမှာ ဖြစ်ပြီး Note 8 ရောင်းချချိန်မှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ဟာ စွမ်းရည် ပြည့်ဝနေပြီလို့ ထင်ရပါတယ်။ အနက်၊ ငွေ၊ အပြာနဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထားမယ်လို့ သတင်းထွက်နေပါတယ်။

Specifications & Features

Note 8 ဟာ S8 နဲ့ ဒီဇိုင်း ဆင်တူပေမယ့် အတွင်းပိုင်းမှာ ပြောင်းလဲမှုများ ရှိမှာပါ။ အမေရိကန်မှာ ရောင်းချတဲ့ Note 8 မှာ Snapdragon 835 ထည့်သွင်းထားနိုင်ပြီး အခြားနိုင်ငံများမှာတော့ Exynos 8995 Chipset ပါနိုင်ပါတယ်။ S8 ရဲ့ 4GB RAM ထက်များပြားတဲ့ 6GB RAM ပါလာနိုင်ပါတယ်။

Note 8 အတွက် 64GB အပြင် 128GB Model ကိုလည်း ထုတ်လုပ်နိုင်ပါတယ်။ Samsung က တောင်ကိုရီးယားနဲ့ ဟောင်ကောင်မှာ 6GB RAM/128GB Storage ပါတဲ့ S8 Model ကိုလည်း ရောင်းချပေးထားပါတယ်။ Note 7 မှာလိုပဲ Note 8 မှာ SD Slot , IP68 Water Resistance , Wireless Charging , Iris Scanner များ ပါလာမှာပါ။

ကင်မရာ

Note 8 ရဲ့ ကင်မရာကတော့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်လာမှာဖြစ်ပြီး ဒီနှစ်များထဲမှာ ရောင်းချတဲ့ Samsung Phone များထဲမှာ အကောင်းဆုံး ကင်မရာကို ပိုင်ဆိုင်ထားမှာပါ။ အနောက်ကင်မရာ နှစ်လုံး တပ်ဆင်ထားတဲ့ Samsung ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ အနောက်ဘက်မှာ 12MP Wide-Angle Sensor နဲ့ 13MP Telephoto Sensor များ တပ်ဆင်ထားပြီး Dual Optical Image Stabilization နဲ့ 3x Optical Zoom နည်းပညာများ ပါလာမှာပါ။ ဒီသတင်းသာ မှန်မယ်ဆိုရင် Note 8 ရဲ့ ကင်မရာဟာ S8 ထက်တောင် ကောင်းလာမှာပါ။ ဈေးကွက်ထဲမှ စမတ်ဖုန်းများထဲမှာတောင် Note 8 ရဲ့ ကင်မရာဟာ အကောင်းဆုံးဖြစ်လာမှာပါ။

ဘက်ထရီ

Note 8 ရဲ့ ဘက်ထရီဟာ လူစိတ်အ၀င်စားဆုံးဖြစ်နေပါတယ်။ Samsung က Note 7 ရဲ့ အဖြစ်မျိုး မကြုံရအောင် သူ့နောက်ပိုင်းထုတ်တဲ့ Device အားလုံးရဲ့ ဘက်ထရီကို အဆင့် ၈ ဆင့်ဖြင့် စစ်ဆေးမယ်လို့ ကြေညာထားပါတယ်။ Samsung က Note 8 ရဲ့ ဘက်ထရီကို အလွန် စိတ်ချရအောင် ဖန်တီးထားမယ်လို့ သတင်းထွက်နေပါတယ်။ Note 8 မှာ S8 Plus ရဲ့ 3500mAh Battery ထက် အနည်းငယ်သေးငယ်တဲ့ 3300mAh Battery တပ်ဆင်ထားနိုင်ပါတယ်။ ဒါပေမယ့် RAM ပမာဏပိုမိုများတဲ့အတွက် စွမ်းအင် စားသုံးမှုကို လျှော့ချပေးနိုင်ပြီး ဘက်ထရီ သက်တမ်းဟာ S8 Plus နဲ့ တူညီနိုင်ပါတယ်။

ဈေးနှုန်းနဲ့ ရောင်းချမယ့် နေ့

Note 8 ဟာ S8 Plus ထက် ဒေါ်လာ ၅၀ ပိုမိုများပြားပြီး ဒေါ်လာ ၉၀၀ ၀န်းကျင်ဖြင့် ရောင်းချနိုင်ပါတယ်။ Samsung မှ အရာရှိတစ်ဦးက Note 8 ကို သြဂုတ်လမှာ မိတ်ဆက်မယ်လို့ အတည်ပြုထားပါတယ်။ တောင်ကိုရီးယား မီဒီယာတစ်ခုကတော့ သြဂုတ် ၂၃ ရက်နေ့လို့ အတိအကျပြောထားပါတယ်။ စက်တင်ဘာလ ဒုတိယအပတ်မှာ စတင် ရောင်းချနိုင်ပါတယ်။

ref : pcworld

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
150 shares246 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
282 shares1263 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
427 shares1346 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category