560 Shares 1187 Views

အသက် ၁၈ နှစ်ပြည့်မှ အွန်လိုင်းမှာ Porn ကြည့်နိုင်မည်

Jul 18, 2017
560 1187

အင်တာနက်မှ Porn ၀က်ဆိုက်များကို ၀င်ကြည့်တဲ့အခါမှာ အသက် ၁၈ နှစ်ပြည့်မှ ကြည့်ရမယ်လို့ ၀က်ဆိုက်များက သတိပေးထားပေမယ့် အသက် မပြည့်သေးသူများလည်း ၀င်ရောက်ကြည့်ရှုနေကြပါတယ်။ ဗြိတိန်က ဒီပြဿနာကို ဖြေရှင်းဖို့အတွက် လူကြီး ဖျော်ဖြေရေး ၀က်ဆိုက်များမှာ အသက်ကို စစ်ဆေးတဲ့ ဆော့ဖ်ဝဲကို ထည့်သွင်းရမယ့် ဥပဒေကို မကြာခင်မှာ ပြဌာန်းတော့မှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလက စတင်ပြီး အပြာ ၀က်ဆိုက်များဟာ သူတို့ရဲ့ ဗီဒီယိုများကို အသက်ပြည့်တဲ့ လူများကသာ ကြည့်ရှုနိုင်အောင် တင်းကြပ်ရတော့မှာ ဖြစ်ပါတယ်။ ဗြိတိန်ရဲ့ ဥပဒေအသစ်များဟာ ကလေးများ အင်တာနက်မှာ ပိုမိုလုံခြုံစေဖို့ ဖြစ်ပါတယ်။

ဗြိတိန်ရဲ့ Digital Economy Act ကို မလိုက်နာတဲ့ ကုမ္ပဏီများကို ပြည်တွင်း အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီများက ပိတ်ပင်မှာ ဖြစ်ပါတယ်။ ဗြိတိန်အစိုးရက စည်းကမ်းလိုက်နာခြင်း မရှိတဲ့ အပြာ ကုမ္ပဏီများကို ဟာကွက်မရှိ စစ်ဆေး အရေးယူနိုင်ဖို့ နည်းလမ်းများကိုလည်း ရှာဖွေဖို့ စီစဉ်ထားပါတယ်။

“ ဒီဥပဒေတွေဟာ အင်တာနက် လွတ်လပ်ခွင့်ကို မထိခိုက်စေသလို ဗြိတိန်ဟာ ကမ္ဘာမှာ ကလေးများအတွက် အလုံခြုံဆုံး အင်တာနက်ကို ပံ့ပိုးပေးတဲ့ နေရာမှာ အကောင်းဆုံး နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။ “ လို့ ဒစ်ဂျစ်တယ် ၀န်ကြီး ဖြစ်သူ Matt Hancock က ပြောပါတယ်။

ဗြိတိန် အစိုးရ အသုံးပြုမယ့် အသက် စစ်ဆေးတဲ့ နည်းပညာကို မသိရသေးပေမယ့် The Independent က လောင်းကစား ၀က်ဆိုက်များမှာ အသုံးပြုတဲ့ နည်းလမ်းကို ကျင့်သုံးနိုင်တယ်လို့ ရေးသားထားပါတယ်။ လောင်းကစား ၀က်ဆိုက်များမှာ Credit Cards များကို စစ်ဆေးခြင်းဖြင့် အသက်မပြည့်သေးတဲ့ User များကို ကန့်သတ်ထားပါတယ်။

ref : tnw

You may be interested

ကျောက်သံပတ္တမြားများဖြင့် အလှဆင်ထားတဲ့ သိန်း ၅၀၀ ကျော်တန် iPhone X
Apple, HUBS, Mobiles & Tablets
0 shares0 views

ကျောက်သံပတ္တမြားများဖြင့် အလှဆင်ထားတဲ့ သိန်း ၅၀၀ ကျော်တန် iPhone X

Ko Thuya - Nov 21, 2017

Caviar က စမတ်ဖုန်းများကို ကျောက်သံပတ္တမြားများဖြင့် အလှဆင် ရောင်းချတဲ့ ရုရှား ကုမ္ပဏီ ဖြစ်ပါတယ်။ မကြာမီကလည်း ကုမ္ပဏီက နေရောင်ခြည် စွမ်းအင်ဖြင့် အားသွင်းနိုင်တဲ့ iPhone X နဲ့ ရွှေဖြင့် အလှဆင်ထားတဲ့ Nokia 3310 တို့ကို ရောင်းချပေးခဲ့ပါတယ်။…

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ
ASUS, Mobiles & Tablets
60 shares11 views

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ

Nwe Oo - Nov 21, 2017

လာမယ့် ဒီဇင်ဘာလမှာ ASUS ရဲ့ စမတ်ဖုန်းစီးရီးသစ်ဖြစ်တဲ့ Zenfone 4 Series စမတ်ဖုန်း ၅မျိုး မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာပါ။ ဒီတစ်ခေါက်မှာတော့ mid-range ဖုန်းတွေတင်မကဘဲ ဈေးနည်းနည်းမြင့်တဲ့ အမြင့်ပိုင်း flagship ဖုန်းတွေပါ ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ဒီ ASUS…

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ
Vivo
49 shares30 views

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ

Nwe Oo - Nov 21, 2017

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာသာ ဝယ်ယူရရှိနိုင်တယ်ဆိုတဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ Vivo ဟာ သူတို့ရဲ့…

Leave a Comment

Most from this category