293 Shares 70 Views

Line Messenger မှာ စာပြန်မပို့လို့ ခင်ပွန်းကို ကွာရှင်းခွင့်တောင်းတဲ့ ထိုင်ဝမ် အမျိုးသမီး

Jul 18, 2017
292 70

ထိုင်ဝမ် အမျိုးသမီး တစ်ဦးက သူမရဲ့ ခင်ပွန်းထံ Messaging App တစ်ခုကနေ စာပို့ခဲ့ပြီး ခင်ပွန်းဟာ အဲဒီ စာကို ဖတ်ပြီးပြီလို့ ဖော်ပြတဲ့ အပြာရောင် အမှန်ခြစ်ကို သူမဘက်ကနေ မြင်တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ခင်ပွန်းက သူမထံ စာမပြန်တဲ့အတွက် ကွာရှင်းခွင့်တောင်းဆိုခဲ့ပါတယ်။

တစ်ဖက်လူက သင် ပေးပို့လိုက်တဲ့ စာကို မြင်တွေ့ပြီးတဲ့အခါမှာ သင့်ဘက်မှာ အပြာရောင် အမှန်ခြစ်ကို ပြသပေးတဲ့ စွမ်းဆောင်ချက်ကို Facebook Messenger , WhatsApp, Line တို့လို Messaging Apps များမှာ ထည့်သွင်းပေးထားပါတယ်။

တရားသူကြီး Kao က သူမ ကားတိုက်မှုကြောင့် ဆေးရုံ ရောက်နေကြောင်း အကြောင်းကြားတဲ့ စာ အပါအ၀င် သူမရဲ့ ခင်ပွန်းဟာ Line Messages များကို စာမပြန်တာ ခြောက်လကြာပြီ ဖြစ်တဲ့အတွက် သူတို့ရဲ့ အိမ်ထောင်ရေးဟာ ပြင်ဆင်လို့ မရတော့ဘူးလို့ ဆုံးဖြတ်ပါတယ်။

Ms Lin ဟာ ၂၀၁၂ ခုနှစ်ကတည်းက အဲဒီ အမျိုးသားနဲ့ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး သူမဟာ အခုဆိုရင် အသက် ၅၀ ရှိပါပြီလို့ BBC က ရေးသားထားပါတယ်။ သူမရဲ့ ခင်ပွန်းဟာ မိသားစုအတွက် ပုံမှန်ဝင်ငွေ မရှာပေးခဲ့တဲ့အတွက် သူမကပဲ ငွေရှာခဲ့ရပြီး ခင်ပွန်းရဲ့ မိသားစုဝင်များက သူမ ရေချိုးတဲ့ အချိန်ကိုတောင် ကန့်သတ်ခဲ့တယ်လို့ သိရပါတယ်။

Ms Lin က “ ပုံမှန် အိမ်ထောင်သည်များမှာ ဆိုရင် ဒီလိုလုပ်မှာ မဟုတ်ပါဘူး။ Line Messages များဟာ အဓိကကျတဲ့ သက်သေ အထောက်အထားများ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

ref : dailymail

You may be interested

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple
Apple, NEWS
0 shares0 views

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple

Nwe Oo Thant - Apr 20, 2018

[Zawgyi] Apple ကတော့ iPhone user တွေရဲ့မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့်မူပိုင်ခွင့်တစ်ခုတင်ခဲ့တာ အခုတော့ခွင့်ပြုချက်ရသွားခဲ့ပါပြီ။ user တွေအနေနဲ့ အမှောင်ထဲမှာဖုန်းကိုဖွင့်လိုက်ရင် display ကချက်ချင်းကြီးလင်းလာပြီး စက္ကန့်နည်းနည်းကြာမှ အလင်းပမာဏကို ပတ်ဝန်းကျင်အလင်းနဲ့သင့်သလိုချိန်ပြီးဖြည်းဖြည်းချင်းလျှော့ပေးတာပါ။ ဖြည်းဖြည်းချင်းတော့လျှော့ပေးတယ်ဆိုပေမယ့်လည်း display စဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းကိုမြင်လိုက်ရတဲ့အချိန်မှာတင် မျက်စိကိုထိခိုက်သွားပါပြီ။ အခု Apple…

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း
FEATURES, Softwares & Application
125 shares35 views

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း

Ko Thuya - Apr 20, 2018

Android အတွက် Photo Editing Apps များစွာ ရှိတဲ့အထဲကမှ နာမည်အကြီးဆုံး နှစ်ခုက Adobe Photoshop Express နဲ့ Snapseed တို့ ဖြစ်ကြပါတယ်။ အဲဒီ App နှစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိကြပြီး အားသာချက်၊ အားနည်းချက်…

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”
Google, NEWS, Softwares & Application
115 shares17 views

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”

Nwe Oo Thant - Apr 20, 2018

[Zawgyi] Google ကတော့ တစ်ခုသော မက်ဆေ့ခ်ျပို့စနစ်ကိုထုတ်လုပ်ဖို့စီစဉ်နေပါပြီ။ သူ့ကိုတော့ “Chat” လို့ခေါ်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖုန်းတွေရဲ့ default Android Messages app  အနေနဲ့ထည့်သွင်းလာတော့မှာပါ။ Google ရဲ့ Allo ဆိုတဲ့ မက်ဆေ့ခ်ျ app လေးကလည်း ပြီးခဲ့တဲ့၂နှစ်လောက်က…

Leave a Comment

Most from this category