0 Shares 107 Views

ဘယ်မျက်နှာပြင်ကိုမဆို touchscreen အဖြစ် ပြောင်းလဲပေးနိုင်တဲ့ Sony ရဲ့ Xperia Projector

Feb 26, 2016
0 107

ဂျပန်နည်းပညာကုမ္ပဏီ Sony ဟာ ဘယ်လိုနံရံ/မျက်နှာပြင်ကိုမဆို စမတ်ဖုန်းတစ်လုံးရဲ့ touchscreen ပုံစံ အတိုင်း ထိတွေ့ထိန်းချုပ်နိုင်တဲ့ display ကို ပုံရိပ်ထိုးပေးနိုင်တဲ့ စမတ်ပရိုဂျက်တာတစ်လုံးကို ၂၀၁၆ ခုနှစ် MWC ပွဲမှာ မိတ်ဆက်ပြသသွားပါတယ်။

Sony Xperia ပရိုဂျက်တာဟာ သာမန်ကွန်ပြုတာပုံးတစ်ခုလောက်တောင် မကြီးတဲ့၊ ပုံးသေးသေးလေးတစ်ခု ဖြစ်ပေမယ့်၊ သာမန်ရုပ်ရှင်ပရိုဂျက်တာတွေထက် အများကြီးပိုစွမ်းဆောင်နိုင်တဲ့ စမတ်ပရိုဂျက်တာတစ်လုံး ဖြစ်ပါတယ်။

Xperia-projector-2-650-80

Xperia ပရိုဂျက်တာက လက်နဲ့ထိတွေ့ထိန်းချုပ်နိုင်တဲ့ မျက်နှာပြင်တစ်ခုကို မည်သည့်မျက်နှာပြင်အလွတ်မှာ မဆို ထိုးပြနိုင်ပါတယ်။ အသုံးပြုသူအနေနဲ့ နံရံအလွတ်တစ်ခုရှိရုံနဲ့ ဗီဒီယိုဖုန်းခေါ်ဆိုမှုတွေလုပ်နိုင်သလို၊ ပရိုဂျက်တာထဲက app တွေကနေ တဆင့် မိုးလေ၀သ ကြည့်တာ၊ နံရံပေါ်မှာဂိမ်းဆော့တာ၊ ပုံဆွဲတာ စတဲ့ လုပ်ဆောင်ချက်အများအပြားကို လုပ်ဆောင်နိုင်ပါတယ်။ နံရံမှာတင်မဟုတ်ဘဲ၊ စားပွဲမျက်နှာပြင်၊ ကြမ်းပြင်၊ စတဲ့ မိမိနှစ်သက်ရာမျက်နှာပြင်တိုင်းမှာ ပုံရိပ်ထိုး အသုံးပြုနိုင်မှာပါ။

drawing-650-80

Xperia ပရိုဂျက်တာဟာ မျက်နှာပြင်အလွတ်တစ်ခုမှာ လက်နဲ့ထိတွေ့ထိန်းချုပ်နိုင်တဲ့ မျက်နှာပြင်ပုံရိပ်ကို ထိုးပြနိုင်သလို၊ လက်လှုပ်ရှားမှုပုံစံနဲ့ထိန်းချုပ်တဲ့ gesture control စနစ်နဲ့ အသံနဲ့စေခိုင်းမှု voice control တွေကိုပါ လုပ်နိုင်တယ်လို့ သိရပါတယ်။

ဒီစမတ်ပရိုဂျက်တာနဲ့ ပတ်သက်ပြီး နည်းပညာသတင်းယူသူတွေရဲ့ မေးမြန်းမှုတွေကို Sony က ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေမယ့်၊ အခုလို ဆန်းသစ်တဲ့နည်းပညာသစ်တစ်ရပ်ကို Sony အနေနဲ့ မဖွင့်ပြောသေးဘဲ လျှိုထားသင့်ပါတယ်။

အစမ်းပြသထားတဲ့ ပရိုဂျက်တာစက်ဟာ လက်ရှိမှာ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဆဲအဆင့်မှာသာ ရှိသေးတာကြောင့် အသုံးပြုရတာက နည်းနည်းလေးလံတာကို တွေ့ရပါတယ်။ Sony အနေနဲ့ ဒီ စမတ်ပရိုဂျက်တာကို မကြာမီအချိန်အနည်းငယ်အတွင်းမှာ ဈေးကွက်တင်သွင်းနိုင်အောင် ကြိုးပမ်းလျက် ရှိတယ်လို့လည်း သိရပါတယ်။

Ref: Tech Radar, Rocket News

 

You may be interested

သိပ္ပံပညာရှင်များက ဂြိုလ်သားများ ရှာဖွေနိုင်တဲ့ မှန်ဘီလူးကို တီထွင်
NEWS, Tech Update
446 shares144 views

သိပ္ပံပညာရှင်များက ဂြိုလ်သားများ ရှာဖွေနိုင်တဲ့ မှန်ဘီလူးကို တီထွင်

Ko Thuya - Jul 23, 2017

ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ်မှ သုတေသနပညာရှင်များက အာကာသရှိ ဂြိုလ်များမှ သက်ရှိများကို ရှာဖွေနိုင်တဲ့ မှန်ဘီလူး နည်းပညာကို တီထွင်လိုက်ပါတယ်။ အဲဒီ မှန်ဘီလူးကို Digital Holographic Microscope လို့ အမည်ပေးထားပါတယ်။ နာဆာက ၁၉၇၆ ခုနှစ်မှာ Viking Space…

သိပ္ပံပညာရှင်များက လူရဲ့ စိတ်ကို ဖတ်ဖို့ ၀ိုင်ဖိုင်ကို အသုံးပြု
NEWS, Science, Softwares & Application
125 shares48 views

သိပ္ပံပညာရှင်များက လူရဲ့ စိတ်ကို ဖတ်ဖို့ ၀ိုင်ဖိုင်ကို အသုံးပြု

Ko Thuya - Jul 23, 2017

MIT မှ သိပ္ပံပညာရှင်များက လူရဲ့ စိတ်ခံစားမှုများကို သိဖို့ ၀ိုင်ဖိုင်နဲ့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေပါတယ်။ လူများထံ RF Signals များကို စေလွှတ်ခြင်းဖြင့် ပညာရှင်များက နှလုံးခုန်နှုန်းကို တိုင်းတာတဲ့ Algorithm ကို ဖန်တီးခဲ့ကြပါတယ်။ RF Emitter…

ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ
Mobiles & Tablets, NEWS
360 shares151 views

ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

Ko Thuya - Jul 23, 2017

စွမ်းဆောင်ရည်မြင့် Nokia 8 ရဲ့ သတင်းအချက်အလက်များဟာ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ အခုလည်း ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာပါတယ်။ ဓါတ်ပုံမှာ ဖွင့်ထားတဲ့ စကရင်၊ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့…

Leave a Comment

Most from this category