388 Shares 154 Views

Samsung က Galaxy Note 8 ကို သြဂုတ်လမှာ ရောင်းချမယ်လို့ အတည်ပြု

Jul 17, 2017
388 154

Samsung Galaxy Note 8 ကို သြဂုတ်လမှာ မိတ်ဆက်မယ့် သတင်းများဟာ အရင်ကတည်းက ထွက်ပေါ်ခဲ့တာ ဖြစ်ပေမယ့် အဲဒီ သတင်းများကို Samsung က တရားဝင် ကြေညာတာ မဟုတ်ပါဘူး။ အခုတော့ ကုမ္ပဏီက သြဂုတ်လမှာ Galaxy Note 8 ကို မိတ်ဆက်မယ်လို့ တရားဝင် ကြေညာလိုက်ပါတယ်။ အတည်ပြုမှုကို ကုမ္ပဏီရဲ့ မိုဘိုင်းဆက်သွယ်ရေး ဌာနမှ ဥက္ကဌ ဖြစ်သူ Gao Dongzhen က ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

Dongzhen က မိတ်ဆက်မယ့် နေ့ရက် အတိအကျကို ပြောကြားခြင်း မရှိပေမယ့် သြဂုတ်လနှောင်းပိုင်းလို့ ပြောပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းများအရ သြဂုတ်လ ၂၃ ရက်နေ့မှာ အဲဒီ စမတ်ဖုန်းကို မိတ်ဆက်မယ်လို့ သိရပါတယ်။ Dongzhen က အဲဒီ စမတ်ဖုန်းကို နှစ်သုတ်ခွဲ၍ ရောင်းချမယ့် သတင်းကိုလည်း ပြောပါတယ်။ အမေရိကန်၊ ကိုရီးယားနဲ့ ဗြိတိန်နိုင်ငံများမှာ စက်တင်ဘာလအစောပိုင်းတွင် ပထမအသုတ်နဲ့ အောက်တိုဘာလမှာ ဒုတိယ အသုတ်ကို ရောင်းချမယ်လို့ သူက ပြောပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Samsung Galaxy Note 8 မှာ ၆.၃ လက်မ Super AMOLED Infinity Display , Qualcomm Snapdragon 835 or Exynos 8895 Chipset , 6GB RAM, 64GB Internal Storage , 12-MP Dual Rear Cameras , Android 7.1.1 Nougat , Fingerprint Sensor , S-Pen များ တပ်ဆင်ထားမယ်လို့ သိရပါတယ်။

ref : gsmarena, phonesdaily

You may be interested

WWDC 2018 မှာ Apple ကြေညာနိုင်တဲ့ အရာများ
FEATURES, gadgets, Mobile & Tablets
137 shares26 views

WWDC 2018 မှာ Apple ကြေညာနိုင်တဲ့ အရာများ

Ko Thuya - May 23, 2018

Apple က ဇွန်လ ၄ ရက်နေ့မှာ ကျင်းပမယ့် WWDC 2018 ပွဲအတွက် ဖိတ်စာများကို ဝေငှလိုက်ပါပြီ။ အဲဒီပွဲမှာ iOS 12 , macOS 11.14 တို့ကို ကြေညာမှာ သေချာပါတယ်။ ဒါ့အပြင် အခြား ၀န်ဆောင်မှုများနဲ့…

တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Helio P22 SoC ကိုမိတ်ဆက်ပေးလိုက်တဲ့ MediaTek
Android, Chipset, HUBS
79 shares8 views

တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Helio P22 SoC ကိုမိတ်ဆက်ပေးလိုက်တဲ့ MediaTek

Tha Ra - May 23, 2018

[Zawgyi] MediaTek Helio P22 SoC ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Helio P22 SoC ဟာ တန်ဖိုးနည်း စမတ်ဖုန်းတွေမှာ ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ System-on-chip (SoC) ဖြစ်ပါတယ်။…

ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို စတင် ထုတ်လုပ်နေပြီ
Apple, Chipset, HUBS
124 shares17 views

ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို စတင် ထုတ်လုပ်နေပြီ

Ko Thuya - May 23, 2018

Apple ဟာ စက်တင်ဘာလလောက်မှာ အိုင်ဖုန်း အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းများမှာ iPhone XI Plus , iPhone XI နဲ့ ဈေးသက်သာတဲ့ LCD iPhone X တို့ ဖြစ်ပြီး LCD…

Leave a Comment

Most from this category