551 Shares 191 Views

ဆွစ်ဇာလန်မှ သိပ္ပံပညာရှင်များက နှလုံးအတုကို ဖန်တီး

Jul 17, 2017
551 191

သိပ္ပံပညာရှင်များက လူနာများမှာ အစားထိုးကုသဖို့အတွက် လူရဲ့ အင်္ဂါအစိတ်အပိုင်း အတုများကို 3D Printing နည်းပညာဖြင့် ထုတ်လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ လက်ရှိနည်းပညာများအရ ပညာရှင်များရဲ့ စိတ်ကူးအိပ်မက်ဟာ တကယ်ဖြစ်လာဖို့ ဝေးကွာနေပါသေးတယ်။ ပညာရှင်များဟာ 3D Printing နည်းပညာဖြင့် တစ်သျှူးများ၊ အရိုးနုများကိုသာ ထုတ်လုပ်ပေးနိုင်ပါသေးတယ်။

အခုတော့ ဆွစ်ဇာလန်နိုင်ငံ ETH Zurich မှ ပညာရှင်များက 3D Printing နည်းပညာဖြင့် လူ့နှလုံးလို အလုပ်ကောင်းစွာလုပ်တဲ့ နှလုံးအတုကို အောင်မြင်စွာ ဖန်တီးလိုက်နိုင်ပါတယ်။ နှလုံးအတုကို ဆီလီကွန်ဖြင့် ပြုလုပ်ထားတာ ဖြစ်ပြီး ကမ္ဘာမှာ တီထွင်ခဲ့ဖူးသမျှ နှလုံးအတုများထဲမှာ လူ့နှလုံးနဲ့ အတူဆုံး ဖြစ်ပါတယ်။

နှလုံးအတုကို နှလုံးရောဂါ ဝေဒနာရှင်များမှာ အစားထိုး ကုသမှာ မဟုတ်ဘဲ နှလုံးအစားထိုး ကုသဖို့ စောင့်ဆိုင်းနေရတဲ့ လူနာများအတွက် ယာယီ အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ ETH Zurich ရဲ့ Institute for Chemical and Bioengineering ဌာနမှ ပါမောက္ခ ဖြစ်သူ Wendelin Start က “ ကျွန်တော် ဥရောပမှာ အကြီးမားဆုံး နှလုံးခွဲစိတ်ကုသပေးတဲ့ ဘာလင်နိုင်ငံ Charite ဆေးရုံမှ ပါမောက္ခ ဖြစ်သူ Volkmar Falk နဲ့ တွေ့ခဲ့ပါတယ်။ သူက နည်းပညာအသစ်ဖြင့် နှလုံး အတုကို ဖန်တီးဖို့ ပြောပါတယ်။ လက်ရှိမှာ သုံးနေကြတဲ့ နှလုံးအထောက်အကူပြု စက်များကို စတီး၊ တိုက်တေနီယမ်နဲ့ ပလတ်စတစ်များဖြင့် ပြုလုပ်ထားပါတယ်။ လူနာကို ဒီလိုစက်များဖြင့် ကုသပေးရင် သူ့ရဲ့ သွေးဟာ ပျစ်သွားတဲ့အတွက် Anticoagulant အမည်ရ ဆေးဝါးများ ပေးရပါတယ်။ “ လို့ Digital Trends ကို ပြောပါတယ်။

လက်ရှိ နှလုံးအတုဟာ လူမှာ အစားထိုးဖို့ မဖြစ်နိုင်သေးဘဲ မိနစ် ၃၀ ကနေ ၄၅ မိနစ်အထိသာ နှလုံးခုန်ပါတယ်။ Stark က နှစ်နဲ့ချီ အလုပ်လုပ်တဲ့ နှလုံးအတုကို ဆက်လက်ဖန်တီးမှာ ဖြစ်ပါတယ်။

ref : digitaltrends

You may be interested

Xiaomi Mi A1 ရဲ့ Rose Gold Model ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
166 shares31 views

Xiaomi Mi A1 ရဲ့ Rose Gold Model ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Nov 20, 2017

ရှောင်မီက Mi A1 ရဲ့ Rose Gold Model ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ Mi.com ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Mi A1 ကို အိန္ဒိယမှာစက်တင်ဘာလတွင် မိတ်ဆက်ခဲ့ပြီး အနက်နဲ့ ရွှေရောင်များ ရောင်းချပေးခဲ့ပါတယ်။…

၁ မိနစ်အတွင်း အားအပြည့်ဖြည့်နိုင်မယ့် အီလက်ထရစ်ကားကို တီထွင်မည်
Automobiles, NEWS
372 shares31 views

၁ မိနစ်အတွင်း အားအပြည့်ဖြည့်နိုင်မယ့် အီလက်ထရစ်ကားကို တီထွင်မည်

Ko Thuya - Nov 20, 2017

ယခင် Tesla ရဲ့ အတိုင်ပင်ခံနဲ့ နာမည်ကျော် ဒီဇိုင်နာ ဖြစ်သူ Henrik Fisker က Fisker အမည်ရ ဇိမ်ခံ အီလက်ထရစ်ကား ကုမ္ပဏီကို တည်ထောင်ထားပါတယ်။ အခုတော့ သူက ကမ္ဘာ့ ထိပ်တန်း အီလက်ထရစ်ကား ထုတ်လုပ်သူ Tesla…

ပိုကောင်းတဲ့ iris scanner, မျက်နှာအတည်ပြုစနစ်တွေနဲ့ထွက်ရှိလာမယ့် Samsung Galaxy S9
NEWS, Uncategorized
187 shares298 views

ပိုကောင်းတဲ့ iris scanner, မျက်နှာအတည်ပြုစနစ်တွေနဲ့ထွက်ရှိလာမယ့် Samsung Galaxy S9

Nwe Oo - Nov 20, 2017

Samsung ရဲ့နောက်ထွက်မယ့် flagship ဖုန်းတွေကတော့ ပိုပြီးအဆင့်မြှင့်တင်ထားတဲ့ အတည်ပြုစနစ်တွေနဲ့ ထွက်ရှိလာနိုင်ပါတယ်။ ETNews ကသတင်းအရဆိုရင်တော့ ပိုကောင်းလာတဲ့ ဆော့ဖ်ဝဲလ်တွေနဲ့အတူ Galaxy S9 ရဲ့ မျက်ဝန်းဖတ်စနစ်နဲ့ မျက်နှာအတည်ပြုနည်းပညာကို ပိုမိုမြန်ဆန်လာအောင်ဖန်တီးနေကြောင်း သိရပါတယ်။ ကိုရီးယားသတင်းတစ်ခုကတော့ Galaxy S စီးရီးရဲ့နောက်လာမယ့် စမတ်ဖုန်းဟာ…

Leave a Comment

Most from this category