228 Shares 127 Views

Drone အသုံးပြုတဲ့ ဗြိတိန်ရဲ့ ပထမဆုံး ရဲတပ်ဖွဲ့

Jul 16, 2017
228 127

ဗြိတိန်ရဲ့ ရဲဌာန နှစ်ခုဟာ Drone များကို စတင် အသုံးပြုလိုက်ပြီး သူ့နိုင်ငံမှာတော့ Drone အသုံးပြုတဲ့ ပထမဆုံး ရဲဌာနများ ဖြစ်လာပါတယ်။ Dorset , Cornwall and Devon ရဲဌာနများဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလကတည်းက ဒရုန်းများကို စတင် စမ်းသပ်နေခဲ့တာ ဖြစ်ပါတယ်။

ရဲအရာရှိ ငါးဦးကို လေ့ကျင့်ပေးထားပြီး နောက်ထပ် ၄၀ ဦးဟာ လာမယ့် ၁၂ လအတွင်းမှာ Civil Aviation Authority (CAA) ရဲ့ အသိအမှတ်ပြု လက်မှတ်ကို ရရှိတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ သုံးနေတဲ့ ဒရုန်းများမှာ Zoom Camera နဲ့ အပူချိန် အာရုံခံ စနစ်များ တပ်ဆင်ထားပါတယ်။ ဒရုန်းများဟာ လူပျောက်ရှာခြင်း၊ မှုခင်းများကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ခြင်း၊ ယာဉ်တိုက်မှုများကို မှတ်တမ်းတင်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။

ဒါ့အပြင် ရဲဌာနများရဲ့ အနီးမှ မိုင် ၆၀၀ အရှည် ရှိတဲ့ ကမ်းရိုးတန်းကို ကင်းလှည့်ခြင်း၊ တောတောင်များအတွင်းမှာ ထောက်လှမ်းခြင်းများကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဒီနည်းပညာဟာ ကုန်ကျစားရိတ် နည်းပါးစွာဖြင့် ရဲဌာနကို ကူညီနိုင်တယ်လို့ ရဲမှူး Jim Nye က ပြောပါတယ်။

ရဲဌာနများဟာ လက်ရှိမှာ DJI Inspire Drones များကို အသုံးပြုနေပြီး ဒရုန်း တစ်စီးလျှင် စတာလင်ပေါင် ၂၀၀၀ နဲ့ DJI Mavic Drone ကတော့ တစ်စီးလျှင် စတာလင်ပေါင် ၁၃၀၀ တန်ကြေးရှိပါတယ်။ အပူချိန် အာရုံခံ ကင်မရာဟာ စတာလင်ပေါင် ၆၀၀၀ နဲ့ Zoom Camera ဟာ စတာလင်ပေါင် ၈၀၀ ကျသင့်ပါတယ်။

ref : dailymail

You may be interested

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်

Ko Thuya - Sep 26, 2017

သုတေသနအဖွဲ့အစည်း KGI ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က Apple iPhone X ရဲ့ ကြိုတင်အမှာစာဟာ သန်း ၄၀ ကနေ ၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ သူက “ ၂၀၁၄ ခုနှစ်ထုတ် iPhone…

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်
smartwatch
0 shares7 views

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်

Zar Ni Nyein Tun - Sep 26, 2017

Verizon Wireless ရဲ့ 4G LTE-connect ဖြစ်တဲ့ Wear24 ကို မေလက $ 300 နဲ့ စတင်ေ၇ာင်းချခဲ့တာဖြစ်ပါတယ်။ဒီ smartwatch ဟာ Google ရဲ့ Android Wear 2 software နဲ့ 1.4-inch…

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ
Tech Update, Vivo
103 shares144 views

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ

Zar Ni Nyein Tun - Sep 26, 2017

 သက်တမ်းအရ နုပေမယ့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းတံဆိပ် အတွင်းသို့ ဝင်ရောက်လာသော Vivo က သူ့ရဲ့နောက်ဆုံးပေါ် flagship V7+ ကို မြန်မာပြည်ဈေးကွက်မှာ မနေ့က မိတ်ဆက်လိုက်တာဖြစ်ပါတယ်။။ V7+ က စမတ်ဖုန်းလောကမှာ ပထမဆုံးဖြစ်တဲ့ FullViewTM မျက်နှာပြင်နဲ့ အတူ 24MPရှိ…

Leave a Comment

Most from this category