145 Shares 93 Views

Facebook Mobile App များမှာ GIFs ပြုလုပ်နိုင်တဲ့ စွမ်းရည် ပါမည်

Jul 16, 2017
145 93

Facebook က လူတွေနှစ်သက်တဲ့ GIFs များကို သူ့ရဲ့ Mobile Apps များမှာ ထည့်သွင်းပေးဖို့ စမ်းသပ်နေပါတယ်။ App ကနေ ဓါတ်ပုံ ရိုက်ကူးတဲ့ အခါမှာ စကရင်ရဲ့ ထိပ်မှာ GIF ခလုတ်ကို ပြသထားပါတယ်။ GIF မှာ Effects နဲ့ Captions များကိုလည်း ထည့်သွင်းနိုင်ပါတယ်။ ပြုလုပ်ထားတဲ့ GIF များကို ဖုန်းမှာ သိမ်းထားနိုင်ပါတယ်။

လက်ရှိမှာ GIF ပြုလုပ်တဲ့ စွမ်းဆောင်ချက်ကို Users အားလုံးအတွက် ဖြန့်ချီပေးခြင်း မရှိသေးဘဲ Users အချို့အတွက်သာ စမ်းသပ်ထည့်သွင်းပေးနေတာ ဖြစ်ပါတယ်။ ဒါမှမဟုတ် Facebook က အဲဒီ စွမ်းဆောင်ချက်ကို ကမ္ဘာအ၀န်းသို့ တစ်ဖြည်းဖြည်းချင်း ဖြန့်ချီပေးနေတာလည်း ဖြစ်နိုင်ပါတယ်။

iOS Device များမှာသာ အဲဒီ စွမ်းဆောင်ချက်ကို တွေ့ရှိရသေးတဲ့ အတွက် iOS အတွက် အရင်ဆုံး ဖြန့်ချီနိုင်ပါတယ်။ နောက်ပိုင်းမှသာ Android အတွက် ဖြန့်ချီပေးနိုင်ပါတယ်။ Facebook ကတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။

Facebook ဟာ မကြာခင်ကလည်း GIF များကို ကွန်းမန့်မှာ တင်နိုင်တဲ့ စွမ်းဆောင်ချက်ကိုလည်း ထည့်သွင်းပေးခဲ့ပါတယ်။ ဒါ့အပြင် ပို့စ်များမှာ GIF များကို တိုက်ရိုက်တင်နိုင်တဲ့ စွမ်းဆောင်ချက်ကိုလည်း ပံ့ပိုးပေးခဲ့ပါတယ်။ အရင်ကတော့ GIF များကို ပို့စ်မှာ တင်ချင်ရင် သူ့ရဲ့ လင့်ကိုသာ ထည့်ပေးရခြင်း ဖြစ်ပါတယ်။ Facebook Messenger မှာ ၂၀၁၅ ခုနှစ်က GIF ကို စတင် မိတ်ဆက်ခဲ့ပြီး တစ်မိနစ်မှာ GIF ပေါင်း ၂၅ ၀၀၀ နီးပါးကို ပေးပို့နေကြတယ်လို့ သိရပါတယ်။

ref : techradar, dailymail

You may be interested

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia
NEWS
0 shares0 views

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia

Ko Thuya - Feb 19, 2018

Nvidia က ဥာဏ်ရည်တု နည်းပညာ ကုမ္ပဏီ AnyVision နဲ့ ပူးပေါင်းပြီး မျက်နှာအာရုံခံ နည်းပညာပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို တီထွင်နေပါတယ်။ အဲဒီ ကင်မရာများဟာ ကမ္ဘာအ၀န်းမှ စမတ် မြို့တော်များအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေကြတဲ့ CCTV…

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
203 shares92 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
149 shares346 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

Leave a Comment

Most from this category