624 Shares 1222 Views

ရုရှား အခြေစိုက် Kaspersky Antivirus ကို ပိတ်ပင်တဲ့ အမေရိကန် အစိုးရ

Jul 16, 2017
624 1222

ရုရှား ကုမ္ပဏီ Kaspersky Lab ရဲ့ Antivirus Software ကို ကမ္ဘာအ၀န်းမှာ အသုံးပြုသူ သန်း ၄၀၀ နီးပါး ရှိပါတယ်။ အခုတော့ Donald Trump အစိုးရက အမေရိကန်မှာ သူ့ကို ပိတ်ပင်ကန့်သတ်မှုများ ပြုလုပ်လိုက်ပါတယ်။ အမေရိကန် အစိုးရ ဌာနများမှာ Kaspersky မှ ဆော့ဖ်ဝဲ ထုတ်ကုန်များကို ၀ယ်ယူ အသုံးပြုခွင့် မရှိတော့ပါဘူး။ အမေရိကန် အစိုးရက Kaspersky ဟာ ရုရှား အစိုးရနဲ့ အလွန် နီးကပ်စွာ ပူးပေါင်း အလုပ်လုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်ဖြင့် ယခုလို ပိတ်ပင်ခြင်း ဖြစ်ပါတယ်။ Kaspersky ရဲ့ ဆော့ဖ်ဝဲ ထုတ်ကုန်များကနေ အမေရိကန် အစိုးရရဲ့ သတင်းအချက်အလက်များကို ခိုးယူခံရမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

မကြာခင်ကလည်း အမေရိကန် အခြေစိုက် Bloomberg News နဲ့ အခြား မီဒီယာများကလည်း Kaspersky ဟာ ရုရှားထောက်လှမ်းရေး အေဂျင်စီ FSB နဲ့ အလွန် နီးကပ်တဲ့ ဆက်ဆံရေးများ ရှိတယ်လို့ ရေးသားထားကြပါတယ်။

Kaspersky ကတော့ အဲဒီ စွပ်စွဲချက် အားလုံးကို ငြင်းဆိုထားပါတယ်။ ကုမ္ပဏီက သူ့ရဲ့ ၀က်ဆိုက်မှာ ဘယ်အစိုးရနဲ့မှ မသင့်တော်တဲ့ ပူးပေါင်းမှု မရှိဘူးလို့ ရေးသားထားပါတယ်။ ကုမ္ပဏီက ဆိုင်ဘာ ရာဇ၀တ်မှုများကို တိုက်ဖျက်ဖို့အတွက်သာ အစိုးရများနဲ့ ပူးပေါင်းတယ်လို့ ရေးသားထားပါတယ်။

Bloomberg က Kaspersky နဲ့ FSB တို့ အလွန် နီးကပ်စွာ ပူးပေါင်းနေတယ်လို့ အဓိပ္ပါယ်ရတဲ့ အီးမေးများကိုလည်း ရရှိထားတယ်လို့ ပြောပါတယ်။ Kaspersky ကတော့ ဒါဟာ အဓိပ္ပါယ် ကောက်ယူမှု လွဲမှားနေတာလို့ ပြောပါတယ်။

ref : techviral

You may be interested

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ
Chipset, Knowledge, Mobiles & Tablets
360 shares568 views

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ

zayarsan - Jul 25, 2017

ဝန်ထမ်းဦးရေ အယောက် ၅၀ သာ ရှိပေမယ့် အမေရိကန်ကုမ္ပဏီလောကမှာတော့ ၀န်ထမ်းတွေရဲ့ ခန္ဓာကိုယ်ထဲကို MicroChips တွေ ကနဦး ထည့်သွင်းခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာပြီး အခုအချိန်မှာတော့ အဲဒီ ကိစ္စရပ်အတွက် ဝေဖန်မှုပေါင်းများစွာ နဲ့ ရင်ဆိုင်နေရပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများစွာကလည်း တရားစွဲဖို့အထိ…

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု
FEATURES, Games, Softwares & Application
517 shares328 views

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု

Ko Thuya - Jul 25, 2017

ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင်…

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့
ASUS, Gadgets, HUBS
274 shares197 views

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့

zayarsan - Jul 25, 2017

ရုရှနိုင်ငံမှာ ZenFone 4 Max ကို စတင်လွှင့်ထုတ်ခဲ့ပြီးနောက် ASUS ဟာ သူရဲ့ ဗားရှင်း ZenFone 4 ရဲ့ ကင်မရာ အရည်အသွေးကို ၀င့်ဝင့်ကြွားကြွားပဲ ထုတ်ဖော်ပြသခဲ့တယ် လို့ ဆိုပါတယ်။ ထုတ်ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ZenFone 4…

Leave a Comment

Most from this category