331 Shares 250 Views

ဂင်းနစ်စံချိန်တင်တဲ့ ကမ္ဘာ့ အမြန်ဆုံး Drone

Jul 16, 2017
331 250

The Drone Racing League (DRL) ရဲ့ RacerX Drone ဟာ ကမ္ဘာ့ အမြန်ဆုံး Racing Drone အဖြစ် ဂင်းနစ် ကမ္ဘာ့ စံချိန်တင်သွားပါတယ်။ သူ့ရဲ့ အမြန်ဆုံးနှုန်းမှာ တစ်နာရီလျှင် ၁၇၉.၃ မိုင် ဖြစ်ပြီး ပျမ်းမျှ အမြန်နှုန်းမှာ တစ်နာရီလျှင် ၁၆၃.၅ မိုင် ဖြစ်ပါတယ်။ သူ့ကို DRL ရဲ့ နည်းပညာများဖြင့် တည်ဆောက်ထားပြီး ယခုလို အောင်မြင်မှု မရခင်မှာ မော်တာ ပျက်ဆီးမှုနဲ့ ပျက်ကျမှု အကြိမ် ရာပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။

စံချိန်တင်ဖို့အတွက် RacerX ဟာ မီတာ ၁၀၀ ဝေဟင် လမ်းကြောင်းကို အသွား အပြန် ပျံသန်းပြခဲ့တာ ဖြစ်ပါတယ်။ သူဟာ Checkpoint များ၊ ဂိတ်များကိုလည်း ရောက်အောင်သွားခဲ့ရပြီး လွဲချော်သွားရင် ကျရှုံးမှာ ဖြစ်ပါတယ်။ သူဟာ ပန်ကာလေးခုပါတဲ့ Quadcopter ဒရုန်း ဖြစ်ပြီး ၈၀၀ ဂရမ် အလေးချိန်ရှိပါတယ်။

“ ကျွန်တော်တို့ဟာ အတားအဆီးများစွာကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဒီလို စံချိန်တင်ရခြင်းဟာ ကမ္ဘာ့ အဆင့်မီ အင်ဂျင်နီယာများပါတဲ့ ကျွန်တော်တို့ အဖွဲ့ရဲ့ နှစ်ပေါင်းများစွာ တီထွင်ဖန်တီးမှုကို ပြသနေပါတယ်။ ကမ္ဘာမှာ အမြန်ဆုံး Racing Drone ကို ပြသရတာ အလွန် စိတ်လှုပ်ရှားပါတယ်။ “ လို့ DRL ရဲ့ တည်ထောင်သူနဲ့ စီအီးအို ဖြစ်သူ Nicholas Horbaczewski က ပြောပါတယ်။ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ DJI Phantom 4 ဟာ တစ်နာရီလျှင် ၄၄.၇ မိုင်နှုန်းသာ ပျံသန်းနိုင်ပါတယ်။

ref : dailymail, cnet

You may be interested

Xiaomi Mi A1 ရဲ့ Rose Gold Model ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
166 shares31 views

Xiaomi Mi A1 ရဲ့ Rose Gold Model ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Nov 20, 2017

ရှောင်မီက Mi A1 ရဲ့ Rose Gold Model ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ Mi.com ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Mi A1 ကို အိန္ဒိယမှာစက်တင်ဘာလတွင် မိတ်ဆက်ခဲ့ပြီး အနက်နဲ့ ရွှေရောင်များ ရောင်းချပေးခဲ့ပါတယ်။…

၁ မိနစ်အတွင်း အားအပြည့်ဖြည့်နိုင်မယ့် အီလက်ထရစ်ကားကို တီထွင်မည်
Automobiles, NEWS
372 shares31 views

၁ မိနစ်အတွင်း အားအပြည့်ဖြည့်နိုင်မယ့် အီလက်ထရစ်ကားကို တီထွင်မည်

Ko Thuya - Nov 20, 2017

ယခင် Tesla ရဲ့ အတိုင်ပင်ခံနဲ့ နာမည်ကျော် ဒီဇိုင်နာ ဖြစ်သူ Henrik Fisker က Fisker အမည်ရ ဇိမ်ခံ အီလက်ထရစ်ကား ကုမ္ပဏီကို တည်ထောင်ထားပါတယ်။ အခုတော့ သူက ကမ္ဘာ့ ထိပ်တန်း အီလက်ထရစ်ကား ထုတ်လုပ်သူ Tesla…

ပိုကောင်းတဲ့ iris scanner, မျက်နှာအတည်ပြုစနစ်တွေနဲ့ထွက်ရှိလာမယ့် Samsung Galaxy S9
NEWS, Uncategorized
187 shares298 views

ပိုကောင်းတဲ့ iris scanner, မျက်နှာအတည်ပြုစနစ်တွေနဲ့ထွက်ရှိလာမယ့် Samsung Galaxy S9

Nwe Oo - Nov 20, 2017

Samsung ရဲ့နောက်ထွက်မယ့် flagship ဖုန်းတွေကတော့ ပိုပြီးအဆင့်မြှင့်တင်ထားတဲ့ အတည်ပြုစနစ်တွေနဲ့ ထွက်ရှိလာနိုင်ပါတယ်။ ETNews ကသတင်းအရဆိုရင်တော့ ပိုကောင်းလာတဲ့ ဆော့ဖ်ဝဲလ်တွေနဲ့အတူ Galaxy S9 ရဲ့ မျက်ဝန်းဖတ်စနစ်နဲ့ မျက်နှာအတည်ပြုနည်းပညာကို ပိုမိုမြန်ဆန်လာအောင်ဖန်တီးနေကြောင်း သိရပါတယ်။ ကိုရီးယားသတင်းတစ်ခုကတော့ Galaxy S စီးရီးရဲ့နောက်လာမယ့် စမတ်ဖုန်းဟာ…

Leave a Comment

Most from this category