233 Shares 87 Views

iPhone မှ Phone Call များကို Record လုပ်ပေးမယ့် Adapter

Jul 16, 2017
233 87

iPhone မှာ Phone Call များကို အသံဖမ်းဖို့အတွက် Apps များကို အသုံးပြုနိုင်ပေမယ့် WhatsApp, Facebook Messenger များမှ Phone Call များကို အသံဖမ်းယူပေးနိုင်ခြင်း မရှိပါဘူး။ ဒီလို အခြေအနေမှာ ဖုန်း စပီကာကို ဖွင့်ပြီး သီးခြား Recorder ဖြင့် အသံဖမ်းယူနိုင်ပေမယ့် အသံအရည်အသွေး ကောင်းမွန်ခြင်း မရှိပါဘူး။

အခုတော့ iPhone မှ Phone Call များကို Record လုပ်ပေးမယ့် Adapter ပေါ်လာပါပြီ။ Call Recorder Adapter လို့ အမည်ပေးထားပြီး PhotoFast က ဖန်တီးထားတာ ဖြစ်ပါတယ်။ သူ့ကို iPhone ရဲ့ Lightning Port မှာ တပ်ဆင်ပြီး အသံဖမ်းယူနိုင်ပါတယ်။ သူက WhatsApp, Skype, Facebook Messenger , Viber တို့မှ Phone Call များကိုတောင် အသံဖမ်းယူပေးနိုင်ပါတယ်။ သူ့မှာ 3.5mm Headphone Jack လည်း ပါပါတယ်။ Phone Call တစ်ခုကို အသံဖမ်းယူဖို့ သူ့မှာပါတဲ့ Record Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။

သူက .m4a Format ဖြင့် အသံဖမ်းယူပေးမှာ ဖြစ်ပြီး အသံဖိုင်များကို သူ့မှာ ပါတဲ့ Storage သို့မဟုတ် microSD Card မှာ သိမ်းဆည်းနိုင်ပါတယ်။ သူ့ကို Indiegogo ၀က်ဆိုက်မှာ ၁၂၅ ဒေါ်လာဖြင့် ၀ယ်ယူနိုင်ပါတယ်။ မှာယူပြီး နှစ်ပတ်အကြာမှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

ref : pocket-lint

You may be interested

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
76 shares8 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
71 shares6 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်
Mobiles & Tablets, NEWS
309 shares184 views

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်

Ko Thuya - Sep 23, 2017

Huawei က တရုတ်မှာ Maimang 6 အမည်ရ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို အခြားနိုင်ငံများမှာ Mate 10 Lite အမည်ဖြင့် ရောင်းချနိုင်ပါတယ်။ Huawei Maimang 6 မှာ ၅.၉ လက်မ Full…

Leave a Comment

Most from this category