352 Shares 147 Views

Fingerprint Scanner ပါတဲ့ တန်ဖိုးနည်း ZTE Blade Spark

Jul 16, 2017
352 147

ZTE က အမေရိကန်မှာ ဒေါ်လာ ၉၀ ( မြန်မာငွေ ၁၃၅ ၀၀၀) သာ တန်ကြေးရှိတဲ့ Blade Spark ကို ရောင်းချပေးလိုက်ပါတယ်။ ထူးခြားတာက တန်ဖိုးနည်းပေမယ့် လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားချက်မှာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများမှာတောင် မရသေးတဲ့ Android Nougat 7.1.1 ကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ ZTE Blade Spark ဟာ အမေရိကန်မှာ ရောင်းချတဲ့ ZTE ရဲ့ ဒုတိယမြောက် Blade Smartphone ဖြစ်ပါတယ်။

ZTE Blade Spark မှာ 2GB RAM , Qualcomm Snapdragon 425 Chipset တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera ထည့်သွင်းထားပါတယ်။ စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်း ဖြစ်ပေမယ့် ဖုန်းပြောခြင်း၊ စာပို့ခြင်း၊ လူမှုကွန်ရက်များ သုံးခြင်း၊ အပေါ့စား ဂိမ်းများကို ကစားခြင်းများ ပြုလုပ်နိုင်ပါတယ်။ ၅.၅ လက်မ HD Display နဲ့ 3140mAh Battery တပ်ဆင်ထားပါတယ်။

ZTE Blade Spark မှာ လက်ဗွေရာ အာရုံခံ စနစ်အတွက် လက်ချောင်း ငါးချောင်းကို မှတ်ပုံတင်ထားနိုင်ပြီး App များကို လက်ဗွေရာ လုံခြုံရေး စနစ်ဖြင့် ကာကွယ်ထားနိုင်ပါတယ်။ ZTE Blade Spark ကို အမေရိကန်မှာ မိုဘိုင်းအော်ပရေတာ AT&T ရဲ့ ၀က်ဆိုက်နဲ့ မြေပြင် အရောင်းဆိုင်များကနေလည်း ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။

ref : gsmarena

You may be interested

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
76 shares8 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
71 shares6 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်
Mobiles & Tablets, NEWS
309 shares184 views

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်

Ko Thuya - Sep 23, 2017

Huawei က တရုတ်မှာ Maimang 6 အမည်ရ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို အခြားနိုင်ငံများမှာ Mate 10 Lite အမည်ဖြင့် ရောင်းချနိုင်ပါတယ်။ Huawei Maimang 6 မှာ ၅.၉ လက်မ Full…

Leave a Comment

Most from this category