ဖုန်း (သို့မဟုတ်) ကွန်ပျူတာ မလိုအပ်တဲ့ ၂ သိန်းခွဲတန် VR Headset ရောင်းချဖို့ ဖေ့စ်ဘုတ် က စိုင်းပြင်းလျက်ရှိ

ဖုန်း ဖြစ်စေ၊ ကွန်ပျူတာဖြစ်စေ မလိုအပ်ဘဲ သူ့ချည်းသက်သက် အလုပ်လုပ်ကိုင်နိုင်တဲ့ ဒေါ်လာ ၂၀၀ တန် ၊ မြန်မာငွေအားဖြင့် ၂ သိန်းခွဲဝန်းကျင် နှုန်းထား ရှိတဲ့ VR Headset ကို ေရောင်းချဖို့ ဆိုရှယ်သူဌေး ဖေ့စ်ဘုတ် ကုမ္ပဏီ က စီစဉ်လျက်ရှိတယ် လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက Oculus ကုမ္ပဏီကို ဝယ်ယူနိုင်ခဲ့မှု ရဲ့ရလာဒ် အဖြစ် အခု လို ထုတ်ကုန်ကို ရရှိခဲ့တာဖြစ်ပြီး VR Headset ဟာ ဂိမ်းဆော့ကစားတဲ့နေရာအတွက် ဖြစ်စေ ၊ ရုပ်ရှင်ကြည့်ရှုခြင်း နဲ့ တခြား ေဖျော်ဖြေရေး လုပ်ငန်းတွေအတွက် ဖြစ်စေ အလွန်အသုံးဝင်တဲ့ Headset တစ်ခု ဖြစ်ပြီး သုံးစွဲသူ ဟာ အစစ်အမှန် Virtual World ကို ရောက်ရှိနေသလို ခံစားေစေနိုင်အောင် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

အခု လက်ရှိမှာ လူကြိုက်များပြီး စိတ်ဝင်စားနေကြတာက ဆမ်ဆောင်း ရဲ့ Gear VR ဖြစ်ပါတယ်။ အဲဒီ VR ကတော့ ဆမ်ဆောင်းဖုန်းတစ်လုံး လိုအပ်မှာ ဖြစ်ပေမယ့် ဖေ့စ်ဘုတ် ကုမ္ပဏီ ထုတ် VR Headset ကတော့ ဘာမှ မလိုအပ်ဘူ လို့ ဆိုပါတယ်။ Facebook ရဲ့ ဒေါ်လာ ၂၀၀ တန် VR Headset ဟာ သုံးစွဲသူကိုယ်တိုင် က ဘယ်လို အတွေ့အကြုံမှ ရှိဖို့ မလိုအပ်ဘူး လို့ ပြောဆိုခဲ့ပြီး ပိုင်ရှင် မက်ဇူကာဘတ် ကိုယ်တိုင သရုပ်ပြခဲ့တယ် လို့ ဆိုပါတယ်။

VR : Virtual Reality လို့ ဆိုလိုပြီး အပြင်လောက က ပုံရိပ်တွေကို ကမ္ဘာငယ်လေးတစ်ခု အနေနဲ့ တည်ဆောက်တာပါ။ အဲဒီအတွက် World တစ်ခု ဖြစ်ပေါ်လာစေပြီး အဲဒီ Virtual World ဟာ ပြင်ပကမ္ဘာလို ထိတွေ့ကိုင်တွယ်လို့ မရပေမယ့် အစစ်အမှန် နီးပါး အကုန်ရှိနေပါတ်။

AR : Augmented Reality လို့ ခေါ်ပါတယ်။ သိပ္ပံပညာရှင်တွေ ကတော့ ကမ္ဘာကို အဆုံးသတ်သွားစေမယ့် နည်းပညာ လို့ ရွဲ့ပြီး တင်စးကြတဲ့ အထိ ကောင်းမွန်ပါတယ်။ လူရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအတွင်းမှာ ထည့်သွင်းထားနိုင်တဲ့ နည်းပညာတစ်ခု လည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် IronMan ရဲ့ရင်ဘတ်အတွင်းမှာ ထည့်သွင်းထားတာ ဟာ AR လို့ ဆိုလို့ရပြီး InTime ရုပ်ရှင်ကား ရဲ့ လက်ပေါ်မှာ ထည့်သွင်းထားတဲ့ ဒစ်ဂျစ်တယ် နာရီတွေဟာ AR တွေလို့ ပြောရင် မမှားပါဘူး။

AI  : ကတော့ ညဏ်ရည်တု လို့ အလွယ်တကူ ပြောဆိုနိုင်ပါတယ်။ မှတ်ညဏ်ဆဲလ်ပေါင်း များစွာ ပါရှိတဲ့ ကလာပ်စည်း အစုအဖွဲ့ တစ်ခု ကို ဦးနှောက်လို့ ခေါ်မယ် ဆိုရင် ရှုပ်ထွေးတဲ့ ဆားကစ်ပေါင်းမာျးစွာ ပါရှိမှာ ဖြစ်ပြီး စနစ်တကျ သိမ်းဆည်းထားတဲ့ ပရိုဂရမ်ငယ်လေးတွေ သန်းချီ ပါရှိတဲ့ အရာ ကို တော့ AI လို့ ဆိုနိုင်ပါတယ်။ AI တွေဟာ ရိုဘော့ တွေအတွက် အဓိက ထုတ်လုပ်ထားတဲ့ ဦးနှောက်တွေ ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ညဏ်ရည်တု လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

 

Ref : DM

%d bloggers like this: