0 Shares 329 Views 1 Comments

RAM 6GB နဲ့၊ နောက်ဆုံးပေါ်ပရိုဆက်ဆာသုံးထားတဲ့ Vivo Xplay 5 ဖုန်း၊ မတ်လ ၁ ရက်နေ့မှာ ထွက်ရှိမည်

Feb 26, 2016
0 329 1

Vivo Max ဖုန်းနဲ့ ကမ္ဘာ့ဈေးကွက်မှာ နာမည်ရလာတဲ့ တရုတ်မိုဘိုင်းဖုန်းကုမ္ပဏီ Vivo ဟာ RAM 6 GB ပါဝင်တဲ့ Xplay 5 ဖုန်းကို မတ်လ ၁ ရက်နေ့မှာ ဖြန့်ချိသွားဖွယ်ရှိပါတယ်။

Vivo ရဲ့ Weibo အကောင့်စာမျက်နှာမှာ တင်ထားတဲ့ ကြော်ငြာဓာတ်ပုံမှာ Xplay 5 ဖုန်းမှာ 6GB LPDDR4 RAM နဲ့ နောက်ဆုံးပေါ် Snapdragon 820 ပရိုဆက်ဆာတို့ ပါဝင်လာမှာဖြစ်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။

Vivo Xplay 5 ဖုန်းကို မတ်လ ၁ ရက်နေ့မှာ ဖြန့်ချိသွားမှာဖြစ်ပြီး၊ Vivo ရဲ့ အရင်ကြော်ငြာဓာတ်ပုံတွေအရ ဒီ စမတ်ဖုန်းမှာ 1440×2560 pixels QHD ပုံရိပ်အရည်အသွေးမြင့်မျက်နှာပြင်လည်း ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိစမတ်ဖုန်းတွေမှာ ကျွန်တော်တို့အများဆုံးတွေ့ရတဲ့ DDR4 RAM ပမာဏက အများဆုံး 4GB သာ ဖြစ်တာကြောင့်၊ ဒီဖုန်းဟာ စမတ်ဖုန်းတွေထဲမှာ RAM အများဆုံးဖုန်းတစ်လုံး ဖြစ်လာဖွယ်ရှိနေပါတယ်။ Vivo အနေနဲ့ ဒီလောက် RAM ပမာဏများများကို ဖုန်းထဲမှာ ဘယ်လိုအသုံးချမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပြီး၊ ဖြစ်နိုင်တာကတော့ ဒီမမ်မိုရီထဲကနေ graphic unit ဆီ မမ်မိုရီမျှပေးသွားဖွယ် ရှိပါတယ်။

ကျန်တဲ့ specifications အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Vivo-S820-6G-a

Ref: Gadgets 360

 

 

You may be interested

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED
Android, FEATURES, HUBS
0 shares0 views

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED

Ko Thuya - Apr 19, 2018

အချိန်၊ နေ့ရက်များ၊ ဘက်ထရီ အခြေအနေများကို သိနိုင်ဖို့အတွက် စမတ်ဖုန်းကို Unlock လုပ်ပြီး ကြည့်ကြရပါတယ်။ ဒါပေမယ့် Samsung Galaxy S7 , LG G5 တို့မှာတော့ Unlock လုပ်စရာမလိုဘဲ အဲဒီ သတင်းအချက်အလက်များကို စကရင်မှာ အမြဲတမ်းပြသပေးထားပါတယ်။…

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft
Microsoft, NEWS, Softwares & Application
479 shares136 views

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft

Nwe Oo Thant - Apr 19, 2018

[Zawgyi] ပြည်ပနိုင်ငံတစ်ခုခုကို ခရီးသွားတဲ့အခါ ဒေသခံတွေရဲ့ပြောစကားတွေကိုနားမလည်တဲ့အခါ ဘာသာပြန်တဲ့ Translation App တွေကမဖြစ်မနေလိုအပ်လာပါပြီ။ ဒါပေမယ့် အင်တာနက်လုံးဝမရတဲ့နိုင်ငံတွေကိုသွားခဲ့ရင်တော့ ဒီ ဘာသာပြန် app တွေကလည်း အသုံးဝင်မှာမဟုတ်တော့ပါဘူး။ Google Translate အပါအဝင် ဘာသာပြန် app အများစုက cloud ကွန်ပျူတာတွေနဲ့ချိတ်ထားပါတယ်။…

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်
Apple, NEWS
1125 shares239 views

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်

Nwe Oo Thant - Apr 19, 2018

[Zawgyi]           Apple ကတော့ သူ့ရဲ့ ၂၀၁၈ iPhone  တွေနဲ့ပတ်သတ်ပြီးဘာမှ တိတိပပမပြောပြသေးပေမယ့် သတင်းတွေတော်တော်များများကတော့ ကြားခဲ့ပြီးပါပြီ။ လာမယ့် ထိပ်တန်း iPhone မော်ဒယ်လ်တွေက iPhone X လိုပဲဈေးကြီးမယ်ဆိုတာတော့ ဖြစ်နိုင်ပေမယ့် ဈေးသင့်တဲ့ iPhone သစ်တစ်လုံးဝယ်ချင်ကြတဲ့ user…

One Response

  1. ဝင်ကြည့်လို့လည်း ရဘူးဟ

Leave a Comment

Most from this category