208 Shares 275 Views

Android မှာ Webpages များကို Offline ကြည့်နိုင်အောင် သိမ်းဆည်းနည်းများ

Jul 16, 2017
208 275

အင်တာနက် ၀က်ဆိုက်များမှ သင်နှစ်သက်တဲ့ သတင်း၊ ဆောင်းပါးများကို ဒေါင်းလုပ်လုပ်ထားပြီး အချိန်မရွေး ဖတ်ရှုနိုင်တဲ့ နည်းလမ်းများကို ဘရောက်စာများမှာ ထည့်သွင်းပေးထားကြပါတယ်။ အဲဒီအတွက် သင် နှစ်သက်တဲ့ သတင်း ၊ ဆောင်းပါးများကို သင် ဖတ်ချင်တဲ့ အချိန်တိုင်း အင်တာနက်မှာ ပြန်လည်ရှာဖွေစရာ မလိုတော့ပါဘူး။ ဒီ Tutorial မှာ ဘရောက်စာများမှာ ၀က်စာမျက်နှာများကို သိမ်းဆည်းနည်းများကို ဖော်ပြလိုက်ပါတယ်။

၁။ Chrome


Google Chrome မှာ ၀က်စာမျက်နှာများကို သိမ်းဆည်းနိုင်တဲ့ Offline Mode ပါပါတယ်။ ၀က်ဆိုက်မှ စာသား၊ ဓါတ်ပုံများရဲ့ ဖော်မက်အတိုင်း သင့်ဖုန်းမှာ သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြမယ့် ဘရောက်စာ မဟုတ်တဲ့ Read-it-Later App များကတော့ သတင်း၊ ဆောင်းပါးများကို သိမ်းဆည်းပေးနိုင်ပေမယ့် သူ့ကိုယ်ပိုင် ဖော်မက်ကို အသုံးပြုမှာပါ။

Chrome မှာ ၀က်စာမျက်နှာတစ်ခုကို သိမ်းဆည်းဖို့ ညာဘက်အပေါ်ထောင့်မှ အစက်သုံးစက် အိုင်ကွန်ကို နှိပ်ပြီး ဒေါင်းလုပ်ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် လက်ရှိ ဖွင့်ထားတဲ့ ၀က်စာမျက်နှာကို ဒေါင်းလုပ်လုပ်ပေးမှာပါ။ ၀က်စာမျက်နှာကို မဖွင့်ဘဲ သူ့ရဲ့ လင့်ကို ဖိထားပြီးလည်း ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

သိမ်းထားတဲ့ ၀က်စာမျက်နှာများကို ပြန်လည် ကြည့်ရှုဖို့အတွက် အစက်သုံးစက် အိုင်ကွန်ကို နှိပ်ပါ။ Downloads ကဏ္ဍထဲသွားပေးပါ။ အဲဒီမှ ၀က်စာမျက်နှာများကို Offline ကြည့်ရှုနိုင်ပါတယ်။ ဘယ်ဘက်အပေါ်ထောင့်မှ လိုင်းသုံးလိုင်း အိုင်ကွန်ကို နှိပ်ပြီး Pages ကို နှိပ်ရင် ဒေါင်းလုပ်လုပ်ထားတဲ့ အခြားအရာများထဲမှ ၀က်စာမျက်နှာများကိုသာ ရွေးချယ်ပြသပေးမှာပါ။ သိမ်းဆည်းထားတဲ့ ၀က်စာမျက်နှာတစ်ခုကို ဖျက်ချင်ရင် ဖိထားပြီး Delete ကို နှိပ်ပါ။

Download

၂။ Pocket

Pocket က သတင်း၊ ဆောင်းပါးများကို ဒေါင်းလုပ်လုပ်၍ သိမ်းထားပြီး နောက်မှ ပြန်ဖတ်နိုင်တဲ့ Read It Later ၀န်ဆောင်မှု ဖြစ်ပါတယ်။ သူကလည်း စာသားများ၊ လင့်များနဲ့ ဓါတ်ပုံ အချို့ကို သိမ်းပေးထားနိုင်ပေမယ့် ချုံ့ပြီး သိမ်းပေးတာ ဖြစ်တဲ့အတွက် အချို့အရာများ မပါလာနိုင်ပါဘူး။

Pocket မှာ ၀က်စာမျက်နှာတစ်ခုကို သိမ်းဖို့အတွက် ဘရောက်စာ တစ်ခုကနေ အဲဒီ ၀က်စာမျက်နှာကို ဖွင့်ပါ။ Share Button ကို နှိပ်ပြီး Pocket ကို ရွေးပေးပါ။ ပြီးရင်တော့ Pocket ကို ဖွင့်ရင် သိမ်းထားတဲ့ ၀က်စာမျက်နှာကို မြင်ရမှာပါ။ သူ့မှာ ဖောင့်၊ ဖောင့် အရွယ်အစားနဲ့ နောက်ခံများကို ပြောင်းလဲနိုင်တဲ့အတွက် ရှည်လျားတဲ့ ဆောင်းပါးများကို သိမ်းဖို့ သင့်တော်ပါတယ်။ Text-to-Speech စွမ်းဆောင်ချက် ပါတဲ့အတွက် သတင်းများကို သူက အသံထွက်၍ ဖတ်ပြနိုင်ပါတယ်။

Download

၃။ Opera Mini

မိုဘိုင်းဒေတာ သက်သာချင်ရင် Data Saver Mode ပါတဲ့ Opera Mini ကို အသုံးပြုပါ။ Chrome လိုပဲ Opera Mini မှာ Offline စွမ်းရည်ပါပါတယ်။ Opera Mini မှာ ၀က်စာမျက်နှာတစ်ခုကို ဖွင့်ပြီး အစက် သုံးစက် အိုင်ကွန်ကို နှိပ်ပါ။ Save for Offline ကို ရွေးပေးပါ။

သိမ်းထားတဲ့ ၀က်စာမျက်နှာများကို ကြည့်ဖို့ ညာဘက်အောက်ထောင့်မှ Opera Icon ကို နှိပ်ပြီး Offline Pages ကို ရွေးပေးပါ။ အဲဒီကနေ ၀က်စာမျက်နှာများကို Offline ကြည့်နိုင်ပါတယ်။ ၀က်စာမျက်နှာတစ်ခုကို ဖိထားပြီး Delete ကို နှိပ်၍ ဖျက်နိုင်ပါတယ်။

Download

၎။ PDF ဖိုင်အဖြစ် သိမ်းနည်း

ဝက်စာမျက်နှာများကို အွန်လိုင်းမှာ သိမ်းခြင်း၊ ပီစီမှာ သိမ်းခြင်းများ ပြုလုပ်ချင်ရင်တော့ ၀က်စာမျက်နှာကို PDF ဖိုင်အနေဖြင့် သိမ်းတာက အကောင်းဆုံး ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် Chrome ကို အသုံးပြုနိုင်ပါတယ်။ Chrome မှာ ၀က်စာမျက်နှာတစ်ခုကို ဖွင့်ပြီးရင် အစက် သုံးစက် အိုင်ကွန်ကနေ Share ကို နှိပ်ပါ။ Print ကို ရွေးပေးပါ။ အဲဒီနောက်မှာ Printer ကို ရွေးပေးပြီး Save as PDF ကို နှိပ်ပါ။ PDF ကို Google Drive သို့မဟုတ် သင့်ဖုန်းမှာ သိမ်းဖို့ ရွေးချယ်နိုင်ပါတယ်။

ref : makeuseof

You may be interested

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ
Android, ASUS, FEATURES
0 shares0 views

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ

Ko Thuya - Feb 22, 2018

[zawgyi] ဒီတစ်ပတ် ဘတ်ဂျတ် သမား ကဏ္ဍမှာ တန်ဖိုးသက်သာတဲ့ Asus ZenPad 3S 10 ကို ရွေးချယ်ပေးလိုက်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ iPad နဲ့တောင် ဆင်တူပါတယ်။ စတင်ရောင်းချပေးတဲ့ အချိန်မှာ ဒေါ်လာ ၃၀၀ ဖြစ်ပေမယ့် အခုတော့…

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple
Apple, Mobiles & Tablets, NEWS
85 shares155 views

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple

Nwe Oo Thant - Feb 22, 2018

[Zawgyi] Apple ကတော့ ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီ iPad မော်ဒယ်လ်အသစ်၂မျိုးရောင်းချဖို့ ခွင့်ပြုချက်ရသွားပြီဆိုတော့ မကြာခင်မှာပဲ မိတ်ဆက်တော့မယ်လို့ ခန့်မှန်းရပါတယ်။ Eurasian (European+ Asian) စီးပွားရေးကော်မရှင်က “A1893” မော်ဒယ်လ်နဲ့ “A1954” မော်ဒယ်လ်တွေကိုခွင့်ပြုချက်ပေးလိုက်ပြီးတော့ ဒီမော်ဒယ်လ်နံပါတ်တွေက ရှိပြီးသား iPad မော်ဒယ်လ်တွေမဟုတ်တော့…

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ
NEWS, Softwares & Application
180 shares33 views

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ

Nwe Oo Thant - Feb 22, 2018

[Zawgyi] Facebook Messenger မှာ သူငယ်ချင်းတွေနဲ့ Group ဗီဒီယိုတွေခေါ်တတ်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။ အရင်က group ဗီဒီယိုပြောနေရင်း နောက်တစ်ယောက်ကို ထပ်ထည့်ချင်ရင် လက်ရှိခေါ်နေတာကိုချ ပြီးမှပြောချင်တဲ့လူထပ်ထည့် ပြန်ခေါ် ဒါမျိုးကအလုပ်ရှုပ်လွန်းပါတယ်။ အခုတော့ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်ကဖြေရှင်းပေးဖို့ Android ရော iOS…

Leave a Comment

Most from this category