0 Shares 12 Views

PS4 ဂိမ်းစက် အရေအတွက် ၃၅.၉ သန်း ကို တင်ပို့ရောင်းချပြီးကြောင်း Sony ကြေညာ

Jan 06, 2016
0 12

ps4_black_white_sony

၂၀၁၅ ခုနှစ် နိုဝင်ဘာလ အကုန် တွက်ချက်မှုများအရ Sony ကုမ္မဏီဟာ သူတို့ရဲ့နောက်ဆုံးထုတ် ဂိမ်းစက်ဖြစ်တဲ့ PlayStation 4 (PS4) ဂိမ်းစက်အရေအတွက်ပေါင်း သန်း ၃၀ ကျော်ကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြန့်ချီရောင်းချနိုင်ခဲ့ပြီး Sony ရဲ့ အမြန်ဆုံးရောင်းအားတက်ခဲ့တဲ့ ဂိမ်းစက်တစ်ခုဖြစ်လာခဲ့ပါတယ်။

နောက်ထပ် တစ်လကျော်လောက် အကြာမှာပဲ အဲဒီရောင်းအားအရေအတွက်ထဲကို ၅.၇ သန်း ထပ်မံ တိုးလာခဲ့ပါတယ်။ CES 2016 ပွဲတော်မှာ Sony ကုမ္မဏီ ရဲ့ အမှုဆောင်အရာရှိချုပ်(CEO) ဖြစ်တဲ့ Kaz Hirai က ကမ္ဘာတစ်ဝှမ်းလုံးကို PS4 ဂိမ်းစက်အရေအတွက် ၃၅.၉ သန်း တိတိ တင်ပို့ရောင်းချပြီးဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

“ဒီအားလပ်ရက် ကာလမှာ ၀ယ်သူတွေဟာ PS4 ကို အကောင်းဆုံး အပန်းဖြေစရာအဖြစ်သတ်မှတ်ခဲ့တာကို ကျွန်တော်တို့ အရမ်းဝမ်းမြောက်မိပါတယ်။ ပြီးတော့ PS4 နှစ်သက်တဲ့ လူ့အဖွဲ့အစည်းဟာ တစ်ဖြည်ြး့ဖည်းချင်း ပိုမို ကြီးထွားလာနေပါပြီ” လို့ Sony Computer Entertainment ရဲ့  ဥက္ကဋ္ဌ ဖြစ်သူ Andrew House က ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

ပဲရစ်မှာပြုလုပ်ခဲ့တဲ့ ဂိမ်း ရက်သတ္တပတ်မှာလည်း Sony ကုမ္မဏီဟာ PS4 ဂိမ်းစက် အရေအတွက် ၁ သန်းတိတိကို အရှေ့အလယ်ပိုင်းဒေသ တစ်ခုထဲမှာ ရောင်းချနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားဖူးပါတယ်။

Ref : Gadgets 360

You may be interested

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့
Gadgets, NEWS, Tech Update
20 shares7 views

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့

Ko Thuya - Jun 20, 2018

ခွဲစိတ်ကုသရေး လုပ်ငန်းများမှာ စက်ရုပ်များကို အသုံးပြုနေကြပါပြီ။ အခုတော့ လူ့မျက်လုံးကို ခွဲစိတ်ဖို့ ပထမဆုံးအနေဖြင့် စက်ရုပ်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီ ခွဲစိတ်မှုကို အောက်စဖို့ဒ်မှ John Radcliffe Hospital မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး Nature Biomedical Engineering မှာ…

Pop-Up Camera ပါလာတဲ့ Oppo Find X
Android, HUBS, Mobiles & Tablets
434 shares74 views

Pop-Up Camera ပါလာတဲ့ Oppo Find X

Ko Thuya - Jun 20, 2018

Oppo က ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပါတဲ့ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Find X ဖြစ်ပြီး စကရင်အထက်မှ ဘောင်ဟာ အလွန်ပါးလွှာပါတယ်။ ကင်မရာများ တပ်ဆင်ထားတဲ့ Notch လည်း မပါပါဘူး။ ကင်မရာများဟာ မျက်နှာပြင်ရဲ့ အထက်မှာ…

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
251 shares602 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

Leave a Comment

Most from this category