လိုင်းဆွဲအားကောင်းတဲ့ ၉ သောင်းတန် MPT ဖုန်းလေး

လိုင်းဆွဲအားလည်း ကော်ငးပြီး ဈေးနှုန်းလည်း ချိုသာမယ့် မိုဘိုင်းဖုန်းကလေး တစ်လုံး ကို ရှာဖွေနေတယ် ဆိုရင်တော့ MPT ရဲ့ 4G စမတ်ဖုန်းကလေး ကိုလည်း ရွေးချယ် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

MPT M50A ဟာ 4G အမျီုးအစား ဖြစ်ပြီး Low-Range Level တွေအတွက် ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ Processor 1.32 GHz ပါရှိပြီး Android 6.0 ထည့်သွင်းပေးထားပါတယ်။ SIM card ၂ မျိုး သုံးလို့ ရတဲ့ Dual Type ဖြစ်ပြီး 8GB ROM, 1GB RAM ပါရှိပါတယ်။

၅ လက်မ မျက်နှာပြင် ဟာ HD display ကို ကောင်းကောင်းပုံဖော်ပေးနိုင်မှာ ဖြစ်သလို Battery ကလည်း 2800 mAh ရှိတဲ့အတွက် တန်းမြင့်ဖုန်းတွေ မှာ သုံးစွဲတဲ့ ဘက်ထရီ type ကို သုံးစွဲထားတယ်လို့ ဆိုနိုင်ပါတယ်။

သိတ် ခံတွင်းမတွေ့ချင်စရာ အချက်တစ်ခု တော့ ရှိပါလိမ့်မယ်.။ ကင်မရာ က အရှေ့ကင်မရာ 5.0 MP နဲ့ အနောက်ကင်မရာ 8.0 MP သာ ရှိနေတဲ့အချက်ပါပဲ။ ဒါပေမယ့် လိုင်းဆွဲအား မြန်မြန်ဆန်ဆန် နဲ့ MPT ရဲ့ LTE+ အရသာ ကို အပြည့်အ၀ ခံစားချင်တဲ့သူတွေအတွက် ဖုန်းကာဗာ၊ အင်တာနက် ဒေတာ အခမဲ့လက်ဆောင်တွေ လည်း ပါရှိဦးမယ် လို့ ဆိုပါတယ်။ ဖုန်းကို အင်တာနက် သီးသန့် သုံးလိုသူတွေ အကြိုက်တွေ့စေမယ့် Low-Range အမျီုးအစားတစ်ခု ဖြစ်တယ် လို့ သိရပါတယ်။

Ref : MPT


 

%d bloggers like this: