0 Shares 212 Views 1 Comments

၃ သိန်းကျော်တန် Xiaomi Mi 4S ဖုန်းကို တရုတ်မှာ စတင်မိတ်ဆက်

Feb 25, 2016
0 212 1

Xiaomi ဟာ Mi 4S စမတ်ဖုန်းအသစ်ကို တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဗုဒ္ဓဟူးနေ့က မိတ်ဆက်ခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့ကစတင်ကာ တရုတ်ပြည်တွင်းမှာ ရောင်းချသွားမှာဖြစ်ပြီး၊ ဈေးကတော့ ၁၆၉၉ ယွမ် (မြန်မာငွေ သုံးသိန်းကျော်) ဈေးရှိပါတယ်။

Xiaomi Mi 4S ဟာ စွမ်းဆောင်ရည်အမြင့်စားစမတ်ဖုန်းဖြစ်ပြီး၊ Android 6.0 Marshmallow စနစ်ကို အခြေခံထားတဲ့ MIUI 7 ကို အသုံးပြုထားပါတယ်။

၅ လက်မအရွယ် မျက်နှာပြင်နဲ့ဖြစ်ပြီး၊ 1080×1920 full-HD IPS မျက်နှာပြင်ဖြစ်တာကြောင့်၊ အကောင်းဆုံး ပုံရိပ်အရည်အသွေးကို ခံစားနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးပေါ် hexa-core Qualcomm Snapdragon 808 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM 3GB ပါရှိပါတယ်။

ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှုက 64 GB ဖြစ်ပြီး၊ Xiaomi Mi4 တို့ Mi 4i တို့ Mi 4c တို့နဲ့ မတူတဲ့တစ်ချက်က ဒီဖုန်းမှာ microSD ကတ် ထပ်စိုက်နိုင်တာပဲဖြစ်ပါတယ်။

SIM နှစ်ကတ်ထည့် သုံးစွဲနိုင်ပြီး၊ ကျောကင်မရာ 13-megapxiel နဲ့ LED ဖလက်ရှ်မီးနှစ်လုံးပူးတွဲပါရှိပါတယ်။ ရှေ့ကင်မရာက 5-megapixel ဖြစ်ပြီး၊ အနီအောက်ရောင်ခြည်ဆန်ဆာ နဲ့ လက်ဗွေရာစနစ်တို့ ပါဝင်ပါတယ်။

4G LTE ကွန်ရက်သုံးစွဲနိုင်ကာ၊ USB Type-C အပေါက်ပါဝင်ပြီး၊ Qualcomm ရဲ့ Quick Charge 2.0 နည်းပညာကို အသုံးပြုနိုင်တာကြောင့် ဖုန်းအားသွင်းရာမှာ သိသိသာသာမြန်ဆန်မှုကို ခံစားနိုင်မှာပါ။ ဘက်ထရီကတော့ 3260mAh ဘက်ထရီဖြစ်ပြီး ဖြုတ်တပ်လို့မရပါဘူး။

Ref: Gadgets 360

You may be interested

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
673 shares408 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Huawei က AI Phone အစစ်ကို နောက်လမှာ ပြသမယ်လို့ ပြောခြင်းဖြင့် Apple ကို လှောင်ပြောင်
Apple, Huawei, HUBS
314 shares202 views

Huawei က AI Phone အစစ်ကို နောက်လမှာ ပြသမယ်လို့ ပြောခြင်းဖြင့် Apple ကို လှောင်ပြောင်

Ko Thuya - Sep 19, 2017

Counterpoint Research ရဲ့ စစ်တမ်းအရ Huawei ဟာ Apple ကို ပထမဆုံးအကြိမ်ကျော်တက်ပြီး ဇွန်နဲ့ ဇူလိုင်လများမှာ ကမ္ဘာ့ ဒုတိယ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာခဲ့ပါတယ်။ အခုလည်း Huawei က Apple ကို…

Apple Wach Series 3 က iPhone X ထက် လတ်တလော ပိုမို ရောင်းအားမြှင့်တက်နေသည်ဟုဆို
Apple, smartwatch
178 shares65 views

Apple Wach Series 3 က iPhone X ထက် လတ်တလော ပိုမို ရောင်းအားမြှင့်တက်နေသည်ဟုဆို

Zar Ni Nyein Tun - Sep 19, 2017

Apple ရဲ့ ထုတ်ကုန်ဝယ်လိုအားဖော်ပြမှုမှတ်တမ်းကို KGI လုံခြုံရေးအဖွဲ့အစည်းက Ming-Chi Kuo မှ ဒီနေ့မှာ ဖော်ပြခဲ့ပြီး iPhone X ရဲ့ ပြည်ပဝယ်လိုအားအပေါ် တင်ပို့မှုကို သုံးသပ်ခဲ့ပါတယ်။ iPhone X ရဲ့ ကြိုတင်ဝယ်ယူမှုဟာ ဒီလထဲမှာ အရှိန်အဟုန်နဲ့ မြှင့်တက်ခဲ့တယ်ဆိုပေမယ့်…

One Response

  1. ဘယ်ရောက်သွားလဲမသိဘူး Link နှိပ်တိုင်းဖတ်ချင်တဲ့နေရာမတွေဘူး

Leave a Comment

Most from this category