0 Shares 68 Views 1 Comments

ကီးဘုတ်ထဲကနေ ဖိုင်ပို့တာ၊ ဘာသာပြန်ဆိုတာတွေပါ လုပ်နိုင်တဲ့ Microsoft ရဲ့ Hub Keyboard

Feb 24, 2016
0 68 1

Microsoft ဟာ ဖုန်းတွေမှာအသုံးပြုနေတဲ့ ကီးဘုတ်တွေရဲ့ နည်းပညာကို မြှင့်တင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ‘Hub Keyboard’ ဆိုတဲ့ Android ကီးဘုတ် app တစ်ခုကို ထုတ်ပေးလိုက်ပါတယ်။

ဒီ ‘Hub Keyboard’ ဟာ သာမန်ကီးဘုတ်တစ်ခုလို စာရိုက်နိုင်တဲ့စွမ်းရည်တစ်ခုတည်း ပါရှိတာမဟုတ်ဘဲ၊ ကိုယ် မကြာခင်က copy လုပ်ထားတဲ့စာသားတွေကို ပြန် paste လုပ်နိုင်တာ၊ ဖုန်း contact ထဲဝင်တာ၊ ဘာသာပြန်ဆို တာတွေကို ကီးဘုတ် app ကနေ ထွက်စရာမလိုဘဲ၊ ကီးဘုတ်ထဲမှာတင် လုပ်ဆောင်နိုင်ပါတယ်။

Microsoft ရဲ့ ဘလော့မှာ တင်ထားတဲ့ပို့စ်အရ၊ Hub Keyboard ဟာ Microsoft Office အဖွဲ့သား Steve Won ရဲ့ စိတ်ကူးအိုင်ဒီယာဖြစ်တယ်လို့ သိရပါတယ်။

Hub ကီးဘုတ်ကို အသုံးပြုသူအနေနဲ့ ကိုယ်မကြာခဏကော်ပီကူးလေ့ရှိတဲ့ စာသားတွေကို စာရင်းလုပ်မှတ်သား ထားနိုင်ပြီး၊ လိုတဲ့အခါ ကီးဘုတ်အပေါ်ဘားမှာ ပါဝင်တဲ့ icon ကနေတဆင့် အဆင်သင့် paste လုပ်သွားနိုင်မှာဖြစ်ပါတယ်။

မိတ်ဆွေတစ်ယောက်က တခြားလူရဲ့ဖုန်းနံပါတ်လှမ်းတောင်းတဲ့အခါ၊ ဖုန်း contact စာရင်းထဲဝင်နေစရာမလိုဘဲ၊ ကီးဘုတ်အပေါ်ဘားက contact icon ကနေ အလွယ်တကူ နာမည်ရိုက်ရှာပြီး၊ မက်ဆေ့ပေးပို့နိုင်ပါတယ်။

ဒီ့အပြင် document icon ကနေ Microsoft Office 365 မှာ အွန်လိုင်းပေါ်သိမ်းဆည်းထားတဲ့ ဖိုင်တွေကိုလည်း အလွယ်တကူ ရှာဖွေပေးပို့နိုင်ပါတယ်။

နောက်ထပ်အမိုက်ဆုံး feature တစ်ခုကတော့၊ ဘာသာစကားတစ်ခုကနေ တစ်ခုကို ကီးဘုတ်ကနေ အလွယ်တကူပြန်ဆိုနိုင်မှုဖြစ်ပါတယ်။ ကိုယ်ရိုက်လိုက်တဲ့စာကို tranlate ခလုတ်ကနေ ကိုယ်ပြန်ဆိုလိုတဲ့ ဘာသာစကားကိုရွေးချယ်ပြီး ချက်ချင်းဘာသာပြန်ဆိုနိုင်ပါတယ်။

Hub Keyboard ကို လက်ရှိမှာတော့ Android မှာပဲ ရရှိသေးပြီး၊ iOS အတွက်လည်း လုပ်နေတယ်လို့ သိရပါတယ်။

Hub Keyboard ကို Play Store လင့်ခ် ကနေ အခမဲ့သွားရောက်ရယူနိုင်ပါတယ်။

 

Ref: Business Insider, The Verge

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
211 shares26 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
258 shares78 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
352 shares576 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

One Response

Leave a Comment

Most from this category