0 Shares 115 Views 3 Comments

Xiaomi Mi 5 ကိုဈေးကို ဒေါ်လာသုံးရာမှစမည်ဖြစ်ပြီး မတ်လတစ်ရက်နေ့တွင်ရောင်းချမည်

Feb 24, 2016
0 115 3

တရုတ်နည်းပညာကုမ္ပဏီ Xiaomi က သူတို့ရဲ့ MWC မှာ ကြေညာပြသမယ့် Mi5 စမတ်ဖုန်း ဈေးနှုန်းနဲ့ အချက်အလက်တွေအတွက် အံ့အားသင့်ဖွယ်ရာ သတင်းတွေထွက်ပေါ်လာပါတယ်။ ဗားရှင်းသုံးမျိုးနဲ့ လာမှာဖြစ်ပြီး တရုတ်ဈေးကွက်ကို စတင်ဖြန့်ချိမယ့် ဒီဖုန်းဟာ ဒေါ်လာသုံးရာ (မြန်မာကျပ် ၃၇၅၀၀၀) ခန့် ရှိမှာ ဖြစ်တယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပါတယ်။

ဒီဈေးနှုန်းအတိုင်းပါဝင်လာမှာတွေကတော့ Snapdragon 820 Processor, 3GB ရှိတဲ့ internal RAM, 32 GB ပမာဏရှိတဲ့ Internal Storage ရှိတယ်လို့ သိရပါတယ်။ တကယ်လို့ 64 GB ရှိတဲ့ Internal Storage Version နဲ့ ဖုန်းကတော့ ဒေါ်လာ ၃၅၂ (မြန်မာကျပ် ၄၄၀၀၀၀) ခန့်ကျသင့်မှာဖြစ်ပါတယ်။ နောက်ဆုံးသတင်းတွေအရ Xiaomi Mi5 Pro လို့ခေါ်တဲ့ ကြွေရောင်သုတ်ဖုန်းတစ်မျိုးကို 4GB RAM, 128 GB Internal Storage ဖုန်းတစ်မျိုးကိုထုတ်လုပ်ဖို့ရှိနေပြီး ဒေါ်လာ ၄၁၃ခန့်ရှိမှာဖြစ်ပါတယ်။

Xiaomi Mi5 အတွက် လက်ရှိအချိန်မှာ လာမယ့် မတ်လတစ်ရက်နေ့ကနေ စတင်ရောင်းချဖို့အတွက် ကြိုတင်အော်ဒါတွေကို တရုတ်နိုင်ငံမှာ မှာယူနိုင်နေပြီးဖြစ်ပါတယ်။ တခြား ကမ္ဘာ့နိုင်ငံတစ်ဝှမ်းကို ဘယ်အချိန်မှာဖြန့်ချိမယ်ဆိုတာကိုတော့ ကုမ္ပဏီအနေနဲ့ထုတ်ပြန်ခြင်းမရှိသေးတာဖြစ်ပါတယ်။

Ref: GSM Arena

You may be interested

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
76 shares8 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
71 shares6 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်
Mobiles & Tablets, NEWS
309 shares184 views

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်

Ko Thuya - Sep 23, 2017

Huawei က တရုတ်မှာ Maimang 6 အမည်ရ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို အခြားနိုင်ငံများမှာ Mate 10 Lite အမည်ဖြင့် ရောင်းချနိုင်ပါတယ်။ Huawei Maimang 6 မှာ ၅.၉ လက်မ Full…

3 Responses

  1. မသိသေးပါဘူးခင်ဗျာ.. တရုတ်မှာတော့ မတ်လတစ်ရက်နေ့က စပြီးရောင်းမှာပါ။

  2. တရုတ်နိုင်ငံမှာ မတ်လ ၁ ရက်နေ့ စတင်ရောင်းချမှာဖြစ်ပြီး၊ မြန်မာနိုင်ငံကို ရောက်မယ့်နေ့ကိုတော့ မသိရသေးပါဘူးခင်ဗျာ။

  3. မြန်မာပြည်မှာဘယ်တော့ဖြန့်မှာလဲ

Leave a Comment

Most from this category