iPad Air (၃) လုံးလက်ဆောင်ရယူနိုင်မယ့် ဓါတ်ပုံပြိုင်ပွဲ

မြန်မာ့ဆက်သွယ်ရေး ကွန်ယက် MPT  ကနေ iPad Air (၃) လုံးလက်ဆောင်ပေးသွားမယ့် ဓါတ်ပုံပြိုင်ပွဲလေးကို စတင်လိုက်ပြီ ဖြစ်တယ် လို့ MPT မှ သိရပါတယ်။

ပြိုင်ပွဲဝင်လိုသူတွေ အနေနဲ့ ..
– MPT LTE+ စတင်အသုံးပြုလိုက်တာနဲ့ ထူးခြားအံ့သြပြီး ဖြစ်ပေါ်လာတဲ့ ကိုယ့်ရဲ့မျက်နှာအမူအရာပုံစံ ကိုဓါတ်ပုံရိုက်ယူထားရပါမယ်။
– LTE+ သုံးရတဲ့ ခံစားချက်ကို #LTEplus လို့ hashtag နှင့် တွဲပြီးရေးရပါမယ်။
– ပိုစ့်ရဲ့ feeling မှာ “MPT LTE+” ဆိုပြီးထည့်ပေးရပါမယ်။
– အထက်ပါ အချက် ၃ချက်လုံးပါဝင်တဲ့ပိုစ့်ကို သင့်ရဲ့ Facebook Timeline မှာ (Public) ပြုလုပ်ပြီး ပိုစ့်တင်ပေးရမှာဖြစ်ပါတယ်။
– ပြိုင်ပွဲပိုစ့်ကို Like & Share ပြုလုပ်ထားရပါမယ်။

စတဲ့အချက်အလက်တွေ ကို ပြည့်စုံပြီဆိုပါက ပြိုင်ပွဲဝင်နိုင်ပြီ ဖြစ်တယ် လို့ ဆိုပါတယ်။

ပြိုင်ပွဲမှာ အနိုင်ရသူတွေကို ရွေးချယ်တဲ့ နေရာမှာ  MPT မှ ရွေးချယ်မယ့် MPT’s Choice Award အတွက် Winner ( ၂) ဦး ၊ လူကြိုက်အများဆုံး ပိုစ့် Winner (၁) ဦး ဟူ၍ Winner (၃) ဦး ရွေးချယ် ပေးသွားမည်ဖြစ်ပြီး အနိုင်ရရှိသူများကို ဇူလိုင် ၁၃ ရက်နေ့မှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။

လူကြိုက်အများဆုံးပိုစ့်ကို ရွေးချယ်ရာမှာ ပိုစ့်မှာ ရရှိထားတဲ့ “Heart” Reaction အရေအတွက်ပေါ် မူတည်ပြီး <3 အများဆုံးရရှိတဲ့ ပိုစ့်ကိုရွေးချယ်သွားမှာဖြစ်ပါတယ်။ Fake likes နှင့် ကြော်ငြာလုပ်ထားတယ်ဆိုရင်တော့ ပြိုင်ပွဲကနေ အပယ်ခံရမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ပြိုင်ပွဲကာလက နောက်ဆုံးရက် က ဇူလိုုင်လ ၉ ရက်နေ့ သန်ုးခေါင်ယံည ၁၂း၀၀ နာရီ အထိဖြစ်ပြီး ကြေညာပေးမယ့်ရက်ကတော့ ဇူလိုုင်လ ၁၃ ရက်နေ့ဖြစ်တယ်လို့ ဆိုပါတယ်။

Ref : MPT

%d bloggers like this: