0 Shares 232 Views

Android နဲ့ IOS တွေထဲက Shortcuts တွေကို ဘယ်လိုသုံးမလဲ

Feb 24, 2016
0 232

သင့်အနေနဲ့ ယခုခေတ်ကာလမှာ အမြဲတမ်းဖုန်းကိုအသုံးပြုနေတတ်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ သင့်ရဲ့ လူနေမှုဘဝမှာ သင့်နေထိုင်မှုပုံစံတွေမှာ သင့်ရဲ့စီးပွားရေးတွေမှာ သင့်မိုဘိုင်းလ်ဖုန်းလေးတွေက မရှိမဖြစ်အရေးပါလာပါတယ်။ ဒီအခါမှာ သင့်မိုဘိုင်းလ်ဖုန်း စခရင်သေးသေးလေးနဲ့ အလုပ်လုပ်ရတာအဆင်မပြေဖြစ်နေရင်တော့ သင့်ရဲ့ဖုန်းတွေထဲက Shortcut တွေက မရှိမဖြစ်အရေးပါလာပါတယ်။ ဒါကြောင့်ဒီတစ်ခေါက်မှာတော့ သင့်ရဲ့ အချိန်တွေကိုချွေတာပေးမယ့် ရှော့ကတ်လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

iPhone ကီးဘုတ် Shortcut များ

အရင်ဆုံး သင့်အနေနဲ့ Settings> General> Keyboard ထဲမှာ Shortcuts ဆိုတဲ့ အထဲကို ဝင်လိုက်ပါ။

ညာဘက်ထောင့်မှာ ရှိနေတဲ့ အပေါင်းလက္ခဏာ (+) ကို ကလစ်လုပ်လိုက်ပါ။ အဲ့ဒီမှာ သင့်အနေနဲ့ Phrase နဲ့ Shortcut ကွက်လပ်နှစ်ခုကိုမြင်ရပါလိမ့်မယ်။

Phrase ကွက်လပ်မှာ သင်အတိုကောက်ပြစေချင်တဲ့ စာလုံးအရှည်ကိုရိုက်ထည့်လိုက်ပါ။ (ဥပမာ- acrophobia)

Shortcut Bar မှာတော့ အပေါ်ကရိုက်ထည့်လိုက်တဲ့ စာလုံးကို ဖော်ပြပေးမယ့် အတိုကောက်ကို ရိုက်ပေးပါ။ (ဥပမာ- acp)

ပြီးရင် Save လုပ်လိုက်ပါ။ သင့်အနေနဲ့ စာရိုက်နေတုန်း acrophobia ကို သုံးဖို့ဖြစ်လာတဲ့အခါ acp လို့ရိုက်လိုက်တာနဲ့ အောက်မှာ စာလုံးကိုဖော်ပြပေးမှာ ဖြစ်ပါတယ်။

သင်အဓိပ္ပာယ်ပြသစေချင်တဲ့(Define) စကားလုံးကို Highlight လုပ်ပြီး “Define” ကိုကလစ်လုပ်လိုက်ရင် စကားလုံးရဲ့ အဓိပ္ပာယ်ကိုဖော်ပြပေးမှာပါ။

Android ကီးဘုတ် Shortcut များ

သင့် Android ဖုန်းက ကီးဘုတ်ရှော့ကတ်တွေကို ဖွင့်ထားချင်တယ်ဆိုရင် အရင်ဆုံး Settings> Language & Keyboard ထဲဝင်ရမှာပါ။ Android ပစ္စည်းတွေမှာ Apple လိုမျိုး ကိုယ်ပိုင်အမှတ်သညာ Options တွေတော့ အများကြီးပါဝင်မှာမဟုတ်ပါဘူး။

Setting> Language & Keyboard> Input> Personal Dictionary ထဲကိုသွားလိုက်ပါ။

အပေါ်ညာဘက်ထောင့်မှာ ရှိနေတဲ့ (+) အပေါင်းလက္ခဏာ လေးကို ကလစ်လုပ်လိုက်ပါ။

New Word ဒါမှမဟုတ် Phrase ဘားထဲမှာ သင်ထည့်ချင်တဲ့ စာလုံးကိုခုနကလိုပဲ ရိုက်ထည့်ရမှာပါ။

ပြီးရင် Shortcut ကွက်လပ်မှာ အတိုကောက်ရိုက်ပြီး Save လုပ်ရမှာပါ။

Ref: Wired

You may be interested

Apple က iOS 11 ကို ဖြန့်ချီပြီ
Apple, HUBS, NEWS
0 shares0 views

Apple က iOS 11 ကို ဖြန့်ချီပြီ

Ko Thuya - Sep 20, 2017

Apple က ဇွန်လမှာ ကျင်းပခဲ့တဲ့ World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Apple က iOS 11, watchOS 4 နဲ့ tvOS 11…

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ
Gionee, HUBS, Mobiles & Tablets
66 shares11 views

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ

Ko Thuya - Sep 20, 2017

Gionee က အိန္ဒိယမှာ စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့အမည်ကတော့ Gionee X1s ဖြစ်ပြီး အိန္ဒိယ ရူပီး ၁၂၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၂၀၀ ၀န်းကျင် မြန်မာငွေအားဖြင့် ၂၅၀ ၀၀၀ ၀န်းကျင်…

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
783 shares503 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Leave a Comment

Most from this category