0 Shares 424 Views

ဆယ့်ငါးမိနစ်အတွင်း အားအပြည့်သွင်းနိုင်တဲ့ စမတ်ဖုန်းကို Oppo ပြသ

Feb 24, 2016
0 424

Qualcomm ရဲ့ Quick Charge 3.0 နည်းပညာဟာ Snapdragon 820 ပရိုဆက်ဆာကိုအသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို ၃၅ မိနစ်အတွင်း ဘက်ထရီအား ၈၀ ရာခိုင်နှုန်းအထိ သွင်းပေးနိုင်ပါတယ်။

ဒါပေမယ့် ဒီနည်းပညာဟာ တရုတ်မိုဘိုင်းဖုန်းကုမ္ပဏီ Oppo ရဲ့ နည်းပညာအသစ်နဲ့ ယှဉ်လိုက်ရင်တော့ အများကြီးနောက်ကျကျန်ခဲ့တယ်လို့ ဆိုရမှာပါ။

Oppo ဟာ Super VOOC လို့ အမည်ပေးထားတဲ့ အားအမြန်သွင်းနည်းပညာတစ်ခုကို ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (MWC) ပွဲမှာ ပြသသွားခဲ့ပြီး၊ ဒီနည်းပညာဟာ စမတ်ဖုန်းတစ်လုံးကို အားလုံးဝမရှိရာကနေ အားအပြည့်ကို ၁၅ မိနစ်အတွင်း သွင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒီ့အပြင် အားအမြန်သွင်းနေစဉ်မှာ ဘက်ထရီအပူလွန်ကဲမှုမဖြစ်စေဖို့အတွက် သီးသန့်ရေးဆွဲထားတဲ့ အလိုဂရစ်သမ်တွေကို ထည့်သွင်းထားပြီး၊ အပူချိန်အနိမ့်မှာပဲ အမြဲရှိနေအောင်ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Super VOOC နည်းပညာကို microUSB နဲ့ USB-C အားသွင်းကြိုးတွေနဲ့ အသုံးပြုနိုင်ပြီး၊ ဘက်ထရီပမာဏ 2500 mAh ရှိတဲ့ဖုန်းတွေမှာပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်က Oppo ဖုန်းတွေမှာပဲ ဒီနည်းပညာ ပါဝင်မှာဖြစ်ပါတယ်။

Oppo ဖုန်းတွေဟာ ကမ္ဘာ့ဖုန်းဈေးကွက်မှာ ဈေးကွက်ဝေစုသိပ်မရသေးတဲ့ဖုန်းတွေဖြစ်ပေမယ့်၊ တရုတ်နဲ့ အာရှ နိုင်ငံတွေမှာတော့၊ ဝေစုအများအပြားရထားတဲ့ဖုန်းတွေ ဖြစ်ပါတယ်။

Ref: Mashable

 

You may be interested

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ
ASUS, Mobiles & Tablets
0 shares0 views

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ

Nwe Oo - Nov 21, 2017

လာမယ့် ဒီဇင်ဘာလမှာ ASUS ရဲ့ စမတ်ဖုန်းစီးရီးသစ်ဖြစ်တဲ့ Zenfone 4 Series စမတ်ဖုန်း ၅မျိုး မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာပါ။ ဒီတစ်ခေါက်မှာတော့ mid-range ဖုန်းတွေတင်မကဘဲ ဈေးနည်းနည်းမြင့်တဲ့ အမြင့်ပိုင်း flagship ဖုန်းတွေပါ ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ဒီ ASUS…

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ
Vivo
0 shares0 views

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ

Nwe Oo - Nov 21, 2017

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာသာ ဝယ်ယူရရှိနိုင်တယ်ဆိုတဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ Vivo ဟာ သူတို့ရဲ့…

18:9 Screen နဲ့ Dual Camera ပါပြီး ဈေးသက်သာတဲ့ Huawei Honor 7X ကို အမေရိကန်မှာ ရောင်းပြီ
Android, Huawei, HUBS
188 shares64 views

18:9 Screen နဲ့ Dual Camera ပါပြီး ဈေးသက်သာတဲ့ Huawei Honor 7X ကို အမေရိကန်မှာ ရောင်းပြီ

Ko Thuya - Nov 21, 2017

ပြီးခဲ့တဲ့လက Huawei ဟာ တရုတ်မှာ Honor စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ သူကတော့ Huawei Honor 7X ဖြစ်ပြီး 18:9 Screen ပါတဲ့ပထမဆုံး Honor စမတ်ဖုန်း ဖြစ်ပါတယ်။ သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး…

Leave a Comment

Most from this category