0 Shares 67 Views

Dolby အသံပတ်လည်ပြေးစနစ်ပါဝင်တဲ့ ဒေါ်လာ ၁၅၀ တန် Lenovo စမတ်ဖုန်းအသစ်

Feb 24, 2016
0 67

၂၀၁၆ ခုနှစ်မှာ စမတ်ဖုန်းအမိုက်စားတစ်လုံးအတွက် ငွေတွေ ပုံအောပြီးသုံးစရာမလိုတော့ပါဘူး။

Lenovo ရဲ့ Vibe K5 Plus ဖုန်းအသစ်ကို လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (MWC) မှာ စတင်မိတ်ဆက်ခဲ့ပြီး၊ စွမ်းဆောင်ရည်မြင့် တန်ဖိုးနည်းစမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

ထူးခြားချက်က Dolby Atmos အရည်အသွေးမြင့်အသံစနစ်ပါဝင်လာပြီး၊ တန်ဖိုးနည်းမိုဘိုင်းဖုန်းတစ်လုံးကနေ ပတ်လည်အသံပြေးစနစ်ကို ခံစားနိုင်မယ့် ဖုန်းတစ်လုံးပါ။

Vibe K5 Plus ဖုန်းဟာ ဒီဇိုင်းပိုင်းမှာလည်း ဆွဲဆောင်မှုရှိတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ ၅ လက်မအရွယ် full HD (1920x 1080 resolution) မျက်နှာပြင်ကြောင့် ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့ရာမှာ အကောင်းဆုံးရုပ်ထွက်ကို ခံစားနိုင်မှာပါ။ Qualcomm Snapdragon 616 octa-core ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM 2 GB ရှိတာကြောင့်၊ အမြင့်စားဂိမ်းတွေကိုလည်း ချောချောမွေ့မွေ့ဆော့ကစားနိုင်ပါတယ်။

ဖုန်းတွင်းမှာ 16 GB အထိ ဒေတာသိမ်းဆည်းနိုင်ပြီး microSD ကတ် 32 GB အထိ ထပ်စိုက်နိုင်ပါတယ်။ နောက်တစ်ခုကောင်းတဲ့တစ်ချက်ကတော့ အလွယ်တကူဖြုတ်တပ်နိုင်တဲ့ ဘက်ထရီပါရှိပြီး၊ ဘက်ထရီအား 2750mAh ရှိပါတယ်။

ဓာတ်ပုံ၊ဗီဒီယိုတွေရိုက်ကူးဖို့အတွက် 13-megapixel ကျောကင်မရာပါဝင်ပြီး၊ LED ဖလက်ရှ်မီးပါ ပါဝင်ပါတယ်။ ရှေ့ကင်မရာကတော့ 5-megapixel ပါ။ Vibe K5 Plus ဖုန်းကို ငွေရောင်နဲ့ ရွှေရောင်နှစ်မျိုး ရရှိနိုင်ကာ၊ နောက်လထဲ ဖြန့်ချိသွားဖို့ရှိတယ်လို့ သိရပါတယ်။

Ref: Mashable

 

 

You may be interested

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple
Apple, NEWS
0 shares0 views

iPhone user တွေမျက်စိထိခိုက်မှုကို ကာကွယ်ပေးနိုင်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ Apple

Nwe Oo Thant - Apr 20, 2018

[Zawgyi] Apple ကတော့ iPhone user တွေရဲ့မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့်မူပိုင်ခွင့်တစ်ခုတင်ခဲ့တာ အခုတော့ခွင့်ပြုချက်ရသွားခဲ့ပါပြီ။ user တွေအနေနဲ့ အမှောင်ထဲမှာဖုန်းကိုဖွင့်လိုက်ရင် display ကချက်ချင်းကြီးလင်းလာပြီး စက္ကန့်နည်းနည်းကြာမှ အလင်းပမာဏကို ပတ်ဝန်းကျင်အလင်းနဲ့သင့်သလိုချိန်ပြီးဖြည်းဖြည်းချင်းလျှော့ပေးတာပါ။ ဖြည်းဖြည်းချင်းတော့လျှော့ပေးတယ်ဆိုပေမယ့်လည်း display စဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းကိုမြင်လိုက်ရတဲ့အချိန်မှာတင် မျက်စိကိုထိခိုက်သွားပါပြီ။ အခု Apple…

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း
FEATURES, Softwares & Application
125 shares35 views

Adobe Photoshop Express နဲ့ Snapseed တို့ကို နှိုင်းယှဉ် သုံးသပ်ခြင်း

Ko Thuya - Apr 20, 2018

Android အတွက် Photo Editing Apps များစွာ ရှိတဲ့အထဲကမှ နာမည်အကြီးဆုံး နှစ်ခုက Adobe Photoshop Express နဲ့ Snapseed တို့ ဖြစ်ကြပါတယ်။ အဲဒီ App နှစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိကြပြီး အားသာချက်၊ အားနည်းချက်…

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”
Google, NEWS, Softwares & Application
115 shares17 views

Android Messaging App အနေနဲ့ထွက်လာတော့မယ့် Google ရဲ့ “Chat”

Nwe Oo Thant - Apr 20, 2018

[Zawgyi] Google ကတော့ တစ်ခုသော မက်ဆေ့ခ်ျပို့စနစ်ကိုထုတ်လုပ်ဖို့စီစဉ်နေပါပြီ။ သူ့ကိုတော့ “Chat” လို့ခေါ်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖုန်းတွေရဲ့ default Android Messages app  အနေနဲ့ထည့်သွင်းလာတော့မှာပါ။ Google ရဲ့ Allo ဆိုတဲ့ မက်ဆေ့ခ်ျ app လေးကလည်း ပြီးခဲ့တဲ့၂နှစ်လောက်က…

Leave a Comment

Most from this category