ဒုတိယမျက်နှာပြင် ပါရှိမယ် ဆိုတဲ့ Meizu Pro 7 နဲ့ Meizu Pro 7 Plus ကို ဇူလိုင်လမှာ ရရှိနိုင်ပြီ

နိုင်ငံတကာ ဈေးကွက်တင်သာ မကပဲ ရန်ကုန်ဈေးကွက်ထဲမှာလည်း လူကြိုက်များလှတဲ့ Meizu ရဲ့ ထုတ်ကုန်အသစ ် ဖြစ်တဲ့ Meizu Pro 7 နဲ့ Meizu Pro 7 Plus ကို ယခုလာမည့် ဇူလိုင်လ နောက်ဆုံးပတ်မှာ ရရှိနိုင်တော့မယ် လို့ သိရပါတယ်။

အွန်လိုင်းပေါ်မှာတော့ Meizu Pro 7 နဲ့ Meizu Pro 7 Plus တွေကို ပုံရိပ်တွေနဲ့ တကွ တွေ့ရှိနေရပြီ ဖြစ်ပြီး Pro 7 ဟာ Media Tek Helio X30 Chipset ထည့်သွင်းထားပါတယ်။ Resolution 1080 Res ရှိမယ် လို့ ဆိုပါတယ်။လက်ရှိသတင်းတွေအရ Meizu Pro 7 မှာ ၅.၅ လက်မ ပါရှိမယ် လို့ ဆိုပါတယ်။ (တချို့ စာမျက်နှာတွေမှာတော့ ၅.၂ လက်မ ပါရှိမယ် လို့ ဆိုပါတယ်) RAM ကတော့ 4GB ဒါမှမဟုတ် 6GB ရှိမယ် လို့ ဆိုပါတယ်။ Resolution 1080 Res ရှိမယ် လို့ ဆိုပါတယ်။

ဒေါ်လာ ၄၁၃ ဝန်းကျင်သာ ရှိပေမယ့် မြန်မာငွေနဲ့ဆိုရင် ၅ သိန်း ပတ်ချာလည်လောက် ရှိမှာ ဖြစ်ပါတယ်။ Meizu Pro 7 နဲ့ Pro 7 Plus ကို လူစိတ်ဝင်စားရခြင်း အကြောင်းရင်း က ဒုတိယ မျက်နှာပြင် ပါရှိမယ် လို့ ဆိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။ နာမည်ကျော် ကုမ္ပဏီကြီးတွေနဲ့ Brand ကြီးတွေက ဒုတိယမျက်နှာပြင် အတွက် ကို ခက်ခက်ခဲခဲ တည်ဆောက်နေရတဲ့အချိန်မှာ Meizu က Secondary Display ကို ကြေငြာခဲ့တာ ဖြစ်တဲ့အတွက် အားလုံးက စောင့်ကြည့်လျက်ရှိပါတယ်။ နောက်ထပ် ထုတ်မည့် မျီုးဆက်တွေမှာ ဒုတိယမျက်နှာပြင် ထည့်သွင်းမယ် ဆိုပြီး ပြီးခဲ့တဲ့ June 15 က သတင်းထွက်ခဲ့ပါတယ်။

 

Ref : AndroidCommunity/BGR/GSMarena

 

 

%d bloggers like this: