မတ်လက စတင်ပြီး Twitter မှာ Tweet တွေကို စာလုံးရေ ၂၀၀၀ အထိ ရေးနိုင်တော့မည်

 

tweet-phone

သင်ရေးတဲ့ Tweet တွေဟာ သိပ်တိုတောင်းလွန်းလို့ အာရုံနောက်နေရပါသလား? Twitter ရဲ့ ကာလကြာရှည် ကောလာဟလ ဖြစ်ခဲ့တဲ့ ရှည်လျားတဲ့ Tweet တွေရေးခွင့်ရဖို့ဟာ မတ်လ အဆုံးမှာ ထွက်ပေါ်လာဖွယ်ရှိတယ်လို့ သတင်းဖော်ပြချက်အရ သိရပါတယ်။

ဆန်ဖရန်ဆစ္စကို အခြေစိုက် ကုမ္မဏီ ဖြစ်တဲ့ Twitter ဟာ လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက Microblogging ၀န်ဆောင်မှု ကို သုံးထားတဲ့အတွက် Tweet တွေမှာ အက္ခရာ ၁၄၀ ခန့်အထိသာ ရေးခွင့်ရမယ်လို့ ကန့်သတ်ထားခဲ့တာပါ။ လက်ရှိမှာတော့ Twitter ဟာ အက္ခရာ ၁၀၀၀၀ ခန့် (စာလုံးရေ ၂၀၀၀ ခန့်) အထိ Tweet တွေထဲမှာ ထည့်သွင်းရေးသားခွင့် ပေးဖို့ စီစဉ်နေတယ်လို့ Recode သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

Twitter ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ကတော့ ဒီသတင်း အပေါ် ထင်မြင်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

Twitter ရဲ့ အမှုဆောင်အရာရှိချုပ်(CEO) ဖြစ်သူ Jack Dorsey ဟာ သုံးစွဲသူ အသစ်တွေကို ဆွဲဆောင်နိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေနေပါတယ်။ ဒါဟာ ကုမ္မဏီအတွက်တော့ ရုန်းကန်ရမယ့် အရာပါ။ ပြီးခဲ့တဲ့နှစ် ၊ အောက်တိုဘာလ တုန်းကတော့ လစဉ် လူဦးရေ သန်း ၃၂၀ ခန့်ဟာ Twitter ကို အသုံးပြုနေတယ်လို့ ကုမ္မဏီက အခိုင်အမာဆိုခဲ့ပါတယ်။ ဒီအရေအတွက်ဟာလည်း ၃လ အကြာမှ ၁ ရာခိုင်နှုန်းသာ တိုးတက်လာတဲ့ ရလဒ် ဖြစ်ပါတယ်။

ဒါကြောင့် သုံးစွဲသူ အသစ်တွေထွက်ပေါ်လာဖို့အတွက် Twitter ဟာ ဗီဒီယိုတွေ ဓါတ်ပုံတွေ အသုံးပြုခွင့်ပေးခဲ့သလို ၊ Tweet တွေကို ရှာဖွေရတာ ပိုမိုလွယ်ကူအောင်လည်း လုပ်ဆောင်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် သြဂုတ်လတုန်းကလည်း ကုမ္မဏီဟာ သုံးစွဲသူတွေ အချင်းချင်း သီးသန့် Chat အနေနဲ့ စာလုံးရေ ၁၀၀၀ အထိ ရေးသား ပေးပို့ခွင့်ပေးခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း သုံးစွဲသူအချို့ ကတော့ Tweet တွေ အရှည်ကြီးရေးခွင့် ရတာကိုလည်း သိပ်သဘောမကျကြပါဘူး။ ဒါကြောင့် ဒီသတင်းထွက်ပေါ်လာအပြီးမှာ Twitter ရဲ့ ရှယ်ယာ ဈေးနှုန်းတွေဟာ ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြန်ပါတယ်။ Twitter ရဲ့ CEO ဖြစ်တဲ့ Dorsey ကတော့ အခြားပြောင်းလဲမှုတွေကိုလည်း စီစဉ်နေပြီး လက်ရှိလုပ်ဆောင်နေတဲ့ Tweet တွေအရှည်ကြီး ရေးခွင့်ပေးဖို့ကိုလည်း ဖိအားပေးလုပ်ဆောင်နေပါတယ်။ ဒီ လုပ်ဆောင်ဆဲ ၀န်ဆောင်မှုအသစ်ကို ဝေဖန်မှုတွေအတွက်လည်း Dorsey က အခုလို Tweet ရေးသား ခဲ့ပါသေးတယ်။

“ငါတို့ဟာ လူတွေ Twitter မှာ ဘာတွေလုပ်တယ်ဆိုတာကို အချိန်ယူပြီး လေ့လာခဲ့ပါတယ်။ ပြီးတော့ ငါတို့ တွေ့ခဲ့တာက သုံးစွဲသူတွေဟာ Notepad နဲ့ရေးထားတဲ့ စာသားတွေကို Screenshot ရိုက်ယူပြီး ဓါတ်ပုံအဖြစ် ပြန်တင်နေကြပါတယ်။ အကယ်၍ အဲဒီနေရာမှာ ဓါတ်ပုံမဟုတ်ပဲ စာသားတွေဖြစ်လာရင်ရော?စာသားတွေဟာ ရှာဖွေမှု ပြုလုပ်လို့ရပါတယ်။ ဒါဟာ အသုံးဝင်ပြီး အားကောင်းလာမှာပါ”

Dorseyt ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ Twitter ရဲ့ CEO ဖြစ်လာကတည်းက Twitter ဟာ အသုံးပြုရ လွယ်ကူအောင် လုပ်ဖို့လိုတယ်ဆိုတာကို ခဏခဏ ပြောခဲ့ပါတယ်။ ဒီလမှာလည်း Twitter ရဲ့ ၀န်ထမ်းအင်အား ၈ ရာခိုင်နှုန်း ကို ပိုမိုမြန်ဆန်ပြီး အလုပ်တွင်ကျယ်မယ့် အင်ဂျင်နီယာအဖွဲ့အဖြစ် ဖွဲ့စည်းစေခဲ့ပြီး အကောင်းဆုံး အကျိုး ရှိစေမယ့် လုပ်ဆောင်ချက်တွေကို ဦးတည်ထားတဲ့ ထုတ်ကုန်တွေ ဖန်တီးဖို့ စီစဉ်ခဲ့ပါသေးတယ်။

Ref : CNet

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ

Ko Thuya - Jan 18, 2019

ZTE ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်တဲ့ Nubia က နိုဝင်ဘာလမှာ Gaming Phone ဖြစ်တဲ့ Red Magic Mars ကို ကြေညာခဲ့ပါတယ်။ 6/64GB Model ကို ယွမ် ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main…

ဘာသာစကား သင်ကြားပေးမယ့် Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင်ကြားပေးမယ့် Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး App စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက ဘာသာစကား သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ ပျော်ရွှင်စွာဖြင့်…

Leave a Comment

Most from this category