219 Shares 1140 Views

အကောင်းဆုံး ဘ၀နေထိုင်မှုအတွက် နေအိမ်သုံး စက်ရုပ် ၈ ခု

Jul 03, 2017
219 1140

နေအိမ်သုံး စက်ရုပ်များက သင့်ရဲ့ ဘ၀နေထိုင်မှုကို အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။ နေအိမ်ခြံဝင်းအတွင်းသွားလာရာမှာ ကူညီခြင်း၊ ကြမ်းတိုက်ခြင်း၊ အဖော်လုပ်ပေးခြင်း၊ နေအိမ်ကို လုံခြုံအောင် စောင့်ကြည့်ပေးခြင်းများ အပါအ၀င် စက်ရုပ်များက စွမ်းရည်မြင့် အလုပ်များစွာကို လုပ်ပေးနိုင်ပါပြီ။

၁။ သယ်ယူပို့ဆောင်ရေး စက်ရုပ်

သင့် နေအိမ်၊ ခြံဝင်းထဲမှာ သင့်ကို သယ်ယူပို့ဆောင်ပေးမယ့် စက်ရုပ် ဖြစ်ပါတယ်။ Ninebot Technology က တီထွင်ထားတဲ့ Segway miniPRO ဟာ လျှင်မြန်ပြီး စိတ်ချရပါတယ်။ မောင်းနှင်ဖို့ သင်ယူရတာလည်း လွယ်ကူပါတယ်။ သင့် စမတ်ဖုန်းကနေ စက်ရုပ်ကို ခိုင်းစေနိုင်ပါသေးတယ်။ ၅၉၉ ဒေါ်လာ တန်ကြေးရှိပါတယ်။

၂။ ကြမ်းတိုက် စက်ရုပ်

iRobot Home App ကနေ ကြမ်းတိုက်စက်ရုပ် Roomba ကို နှစ်သက်တဲ့ အချိန်မှာ ကြမ်းတိုက်ခိုင်းနိုင်ပါတယ်။ သင် ရုံးတက်နေတဲ့ အချိန် ၊ အပြင်သွားနေတဲ့ အချိန်များမှာ ဖုန်းကို ထုတ်ပြီး သူ့ကို ကြမ်းတိုက်ခိုင်းနိုင်တဲ့အတွက် အဆင်ပြေပါတယ်။ ၃၇၄.၉၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

၃။ ကစားစရာ စက်ရုပ်

WowWee ဟာ လူနဲ့ ကစားဖို့အတွက် ဖန်တီးထားတဲ့ စက်ရုပ် ဖြစ်ပါတယ်။ သူ့မှာ GestureSense နည်းပညာ ထည့်သွင်းထားပြီး လက်ခုပ်တီးခြင်းလို လက်လှုပ်ရှားမှုများဖြင့် သူ့ကို ခိုင်းစေနိုင်ပါတယ်။ သင့် စမတ်ဖုန်းကနေလည်း သူ့ကို ခိုင်းစေနိုင်ပါတယ်။ ၅၄.၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

၎။ အဖော် ခွေးစက်ရုပ်

Bentley ဟာ ခွေး ပုံသဏ္ဍာန် ဖန်တီးထားတဲ့ စက်ရုပ် ဖြစ်ပါတယ်။ သူ့မှာ ဥာဏ်ရည်တု နည်းပညာပါပြီး အလုပ်အသစ်များကို လေ့လာသင်ကြားနိုင်ပါတယ်။ သူက ပိုင်ရှင်နဲ့ ကစားပေးနိုင်ပါတယ်။ သင့်ရဲ့ အသံအမိန့်များကို သူက သိပြီး အလုပ်များ လုပ်နိုင်ပါတယ်။ ၁၇၉.၉၉ ဒေါ်လာ တန်ကြေးရှိပါတယ်။

၅။ ပြတင်းပေါက် သန့်ရှင်းရေး စက်ရုပ်

နည်းပညာမြင့် ပြတင်းပေါက် သန့်ရှင်းရေး စက်ရုပ် ဖြစ်ပြီး အတောက်ပြောင်ဆုံး ရှင်းလင်းပေးတဲ့ သန့်ရှင်းရေး အဆင့် ၄ ဆင့်ပါပါတယ်။ အသံဆူညံမှုလည်း အလွန်နည်းပါးပြီး ၃၄၈.၂၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။

၆။ ရေကူးကန် သန့်ရှင်းရေး စက်ရုပ်

ပွတ်တိုက်ဆေးကြောခြင်း သာမက ဖုန်စုပ်စက်ပါပါတဲ့ ရေကူးကန် သန့်ရှင်းရေး စက်ရုပ် ဖြစ်ပါတယ်။ ၃ နာရီအတွင်းမှာ နေအိမ်မှ ရေကူးကန်ကို တောက်ပြောင်အောင် သန့်စင်ပေးနိုင်ပါတယ်။ Dolphin Pool Cleaner ကို ၇၄၄.၈၈ ဒေါ်လာဖြင် ၀ယ်ယူနိုင်ပါတယ်။

၇။ တိရိစ္ဆာန်များကို အစာကျွေးပေးတဲ့ စက်ရုပ်

သင့်ရဲ့ အိမ်မွေး တိရိစ္ဆာန်များကို အစာမှန်မှန်ကျွေးပေးဖို့ ဒီစက်ရုပ်ကို အသုံးပြုနိုင်ပါတယ်။ သင် အိမ်အပြင် ရောက်နေတဲ့ အချိန်မှာ သင့် စမတ်ဖုန်းကနေ စက်ရုပ်ကို ခိုင်းစေနိုင်ပါတယ်။ အစာကျွေးတဲ့ အချိန်များ၊ အစာ ပမာဏများကို သင်က သတ်မှတ်ထားနိုင်ပါတယ်။ အစာကုန်ခါနီးရင် သူက သင့်ကို သတိပေးနိုင်ပါတယ်။ ၁၄၉.၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

၈။ လုံခြုံရေး စက်ရုပ်

သင့်နေအိမ်ကို လုံခြုံစေချင်ရင် Riley ကို သုံးပါ။ သူက ၀ိုင်ဖိုင် ချိတ်ဆက်နိုင်ပြီး သင့်ရဲ့ အိမ်မွေး တိရိစ္ဆာန်များ အပါအ၀င် လူစိမ်းများကို 5MP Camera ဖြင့် စောင့်ကြည့်ပေးနိုင်ပါတယ်။ ဗီဒီယိုများကို ပိုင်ရှင်ရဲ့ စမတ်ဖုန်းထံ အချိန်နဲ့တစ်ပြေးညီ ပေးပို့ပေးမှာပါ။ ၁၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

ref : mashable

You may be interested

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်
Mobiles & Tablets, NEWS
0 shares0 views

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်

Ko Thuya - Sep 22, 2017

မကြာခင်ကပဲ Apple ဟာ ဖုန်း အစိတ်အပိုင်း ရရှိမှု အခက်အခဲများကြောင့် iPhone X ကို သတ်မှတ်ထားတဲ့ နေ့ရက်ထက် နောက်ကျပြီးမှ ရောင်းချနိုင်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုက လူအများစုဟာ ဒီနှစ်ထဲမှာ iPhone X ကို…

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap
Gadgets, NEWS
80 shares20 views

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap

Ko Thuya - Sep 22, 2017

စမတ်ဖုန်းများမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားများဟာ အိမ်သာကထက်တောင် ပိုမိုများပြားတယ်ဆိုတဲ့ သုတေသနရလဒ်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် ဆပ်ပြာများ၊ ပေါင်ဒါအမှုန့်များကို အသုံးပြုခြင်းဟာ ဖုန်းကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် PhoneSoap အမည်ရ…

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ
Security & Safety
96 shares27 views

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ

Zar Ni Nyein Tun - Sep 22, 2017

Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခုဝင်ရောက်လာပြီး သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့် ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် အမြည်မှာ…

Leave a Comment

Most from this category