အဝေးတစ်နေရာစီမှ ချစ်သူများ အထိအတွေ့ကို ခံစားနိုင်မယ့် Virtual Reality နည်းပညာ

အဝေးတစ်နေရာစီမှ ချစ်သူများ အထိအတွေ့ကို ခံစားနိုင်ဖို့ Virtual Reality နည်းပညာက ကူညီပေးနိုင်ပါပြီ။ ဂျပန် ကုမ္ပဏီ FutureLeap က တိုကျိုမှာ သုံးရက်ကြာ ကျင်းပတဲ့ Virtual Reality and Augmented Reality ပြပွဲမှာ သူ့ရဲ့ နည်းပညာမြင့် Virtual Reality စနစ်ကို ပြသလိုက်ပါတယ်။

သူ့ရဲ့ နည်းပညာ သရုပ်ပြမှုမှာ မိန်းကလေးငယ်တစ်ယောက်ဟာ အထူးဖန်တီးထားတဲ့ အာရုံခံ ကိရိယာများနဲ့ အတူ ရှိနေပါတယ်။ သူမနဲ့ ၆ ပေခွဲ အကွာမှာ Virtual Reality Headset ဝတ်ဆင်ထားတဲ့ အမျိုးသား တစ်ဦး ရှိနေပါတယ်။ မိန်းကလေးငယ်ရဲ့ လှုပ်ရှားမှုများကို အမျိုးသားက Headset ကနေ မြင်နေရပါတယ်။ ထူးခြားတာက မိန်းကလေးငယ်ရဲ့ အသက်ရှူသံများကို သူ့နားကနေ ခံစားနေရတာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ အနေဝေးနေတဲ့ ချစ်သူများ Virtual Reality နည်းပညာကနေ ပွေ့ဖက် နမ်းရှိုက်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

“ ချစ်မှုရေးရာနဲ့ ပတ်သက်တဲ့ Virtual Reality နည်းပညာ အများစုမှာ လူ မဟုတ်ဘဲ ကာတွန်း အရုပ်များသာ ပါရှိတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နည်းပညာကတော့ ချစ်သူများ အပြင်မှာ မျက်နှာချင်းဆိုင် တွေ့ကြသလို အထိအတွေ့များကိုပါ ခံစားနိုင်ပါတယ်။ ဒီလို အထိအတွေ့ကို ခံစားနိုင်တဲ့ Trend ဟာ Virtual Reality နည်းပညာမှာ အထင်ကရ ဖြစ်လာမှာပါ။ “ လို့ ကုမ္ပဏီမှ ဝန်ထမ်း တစ်ဦးဖြစ်သူ Tomoyuki Takahashi က ပြောပါတယ်။

ဒီလို နည်းပညာမျိုးဟာ ချစ်သူများ သာမကဘဲ ဈေးဆိုင် ဝန်ထမ်းနဲ့ ဖောက်သည်များ အကြားမှာလည်း အသုံးဝင်လာမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။

ref : dailymail

%d bloggers like this: