Siri ရဲ့ ဘာသာပြန် feature အသစ်က ဒီလိုအလုပ်လုပ်တယ် (Video)

Apple အနေနဲ့ iOS 11 beta နဲ့အတူ iOS 11 မှာပါဝင်လာမယ့် feature အသစ်တွေကို မိတ်ဆက်ပြီးတဲ့ နောက်မှာ ဒီ feature အသစ်တွေနဲ့ ပတ်သတ်လို့ video တွေအမြောက်အများပေါ်ထွက်လာပါတယ်။

ခုလည်း iOS 11 ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး feature တစ်ခုဖြစ်တဲ့ Siri ရဲ့ ဘာသာပြန် feature ဟာ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို MacRumors က video နဲ့အတူ မိတ်ဆက်ပေးလိုက်ပြန်ပါပြီ။

လက်ရှိအချိန်မှာတော့ Siri အနေနဲ့ အင်္ဂလိပ်ဘာသာကနေ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်နဲ့ မန်ဒရင်း ဘာသာတွေကိုသာ ပြန်ဆိုနိုင်သေးပေမယ့် အနာဂိတ်မှာတော့ အခြားသောဘာသာစကားတွေကိုပါ ဘာသာပြန်နိုင်အောင် ဖန်တီးမှာဖြစ်တယ်လို့ Apple က ဆိုပါတယ်။

Apple အနေနဲ့ iOS 11 ကို လာမယ့် ဆောင်းဦးရာသီ (September 1 to November 30) အတွင်းမှာ official မိတ်ဆက်မှာဖြစ်ပေမယ့် ရက်အတိအကျကိုတော့ ကုမ္ပဏီကိုယ်တိုင် အတည်မပြုရသေးဘူးလို့သိရပါတယ်။

Media တွေနဲ့ စောင့်ကြည့်လေ့လာသူတွေကတော့ မနှစ်ကလို iPhone အသစ်နဲ့အတူတွဲပြီး Launch လုပ်နိုင်ချေရှိတယ်လို့ ခန့်မှန်းကြပါတယ်။

%d bloggers like this: