OTG Cable များကို အသုံးချနည်း (၉) ခု

USB OTG ကို USB One-The-Go လို့လည်း ခေါ်ကြပြီး အလွန် အရေးပါတဲ့ တီထွင်မှု တစ်ခု ဖြစ်ပါတယ်။ သူဟာ ကိရိယာနှစ်ခုကို ဆက်သွယ်ပေးတဲ့အတွက် အသုံးဝင်ပါတယ်။ သူဟာ သင့် ဖုန်းရဲ့ စွမ်းရည်ကို တိုးပွားစေပါတယ်။ စမတ်ဖုန်းနဲ့ Memory Stick , External Hard Drive တို့ အကြားမှာ ဖိုင်များ အပြန်အလှန် ကူးနိုင်ပါတယ်။ ဖိုင်များ ကူးခြင်း အပြင် သူ့ကို အသုံးချနိုင်တဲ့ နည်းလမ်းများစွာလည်း ရှိပါသေးတယ်။

၁။ Game Controller နဲ့ ချိတ်ဆက်ခြင်း။


OTG ကြိုးဖြင့် ဖုန်းနဲ့ Game Controller ကို ချိတ်ဆက်၍ ဖုန်းမှာ ဂိမ်းများ ကစားနိုင်ပါတယ်။ ထိတွေ့မျက်နှာပြင် အစား Game Controller ဖြင့် ကစားရတာကို နှစ်သက်သူများအတွက် အဆင်ပြေပါတယ်။ အထူးသဖြင့် ကားမောင်းပြိုင်ခြင်း၊ သေနတ်ပစ်ခြင်းနဲ့ အားကစား ဂိမ်းများကို ကစားရင် Controller က ပိုမို ကောင်းမွန်ပါတယ်။ Android Game များစွာဟာ External Gamepad ကို ထောက်ပံ့ပါတယ်။

၂။ ဖုန်းအချင်းချင်း အားသွင်းပါ။

စမတ်ဖုန်း သုံးသူများအတွက် ဒီနည်းလမ်းဟာ အနှစ်သက်ဆုံး ဖြစ်နိုင်ပါတယ်။ သင့်ဖုန်း အားနည်းနေတဲ့ အခါမှာ အခြား ဖုန်းကနေ အရေးပေါ် အားသွင်းချင်ရင် USB OTG ကို သုံးနိုင်ပါတယ်။ ဖုန်း နှစ်လုံးကို ကြိုးဖြင့် ချိတ်ဆက်လိုက်တာနဲ့ USB Host အဖြစ် အလုပ်လုပ်တဲ့ ဖုန်းကနေ အခြားဖုန်းကို အားသွင်းပေးမှာပါ။ Android မဟုတ်တဲ့ အခြားဖုန်းများကိုလည်း ဒီနည်းဖြင့် အားသွင်းနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် Host Device ရဲ့ ဘက်ထရီ ပမာဏဟာ အားလိုအပ်နေတဲ့ Device ရဲ့ ဘက်ထရီ ပမာဏထက် များနေရမှာပါ။

၃။ External Hard Drive နဲ့ ချိတ်ဆက်ခြင်း။

OTG Cable ဖြင့် Android နဲ့ Memory Stick or External Hard Drive တို့ကို ချိတ်ဆက်နိုင်ပါတယ်။ ချိတ်ဆက်ပြီးရင်တော့ ကိရိယာနှစ်ခု အကြားမှာ ဖိုင်များ အပြန်အလှန် ကူးနိုင်ပါတယ်။

၄။ ကင်မရာနဲ့ ချိတ်ဆက်ခြင်း။

ကင်မရာ ပိုင်ရှင်များအတွက် ဒီနည်းလမ်းက အသုံးဝင်ပါတယ်။ USB OTG နဲ့ Data Cable ကို အသုံးပြု၍ ဖုန်းနဲ့ ကင်မရာကို ချိတ်ဆက်နိုင်ပါတယ်။ ပြီးရင်တော့ ကင်မရာမှ ဓါတ်ပုံများကို ဖုန်းထံ ကူးထည့်နိုင်ပါပြီ။

၅။ LAN Cable နဲ့ ချိတ်ဆက်ခြင်း။

USB OTG က ဖုန်းနဲ့ LAN Cable ကို ချိတ်ဆက်ပေးနိုင်တယ်ဆိုတာ လူအများစု မသိကြပါဘူး။ WiFi Router မသုံးဘဲ Broadband Connection ကို သုံးသူများအတွက် အသုံးဝင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် LAN to USB Controller သာ လိုအပ်ပြီး အပေါ်မှာ ပြထားတဲ့ ပုံအတိုင်း ချိတ်ဆက်ပါ။ ဒါဆိုရင် Broadband အင်တာနက်ကို သင့်ဖုန်းမှာ သုံးနိုင်ပါပြီ။

၆။ မိုက်ကရိုဖုန်းနဲ့ ချိတ်ဆက်ခြင်း။

သင့်ဖုန်းမှ မိုက်ကရိုဖုန်းရဲ့ စွမ်းရည်ကို အားမရသေးဘူးဆိုရင် တကယ့် မိုက်ကရိုဖုန်းနဲ့ သင့်ဖုန်းကို ချိတ်ဆက်နိုင်ပါတယ်။ ဒီနည်းက အရည်အသွေးမြင့်မားတဲ့ အသံများကို ဖမ်းယူပေးနိုင်ပါတယ်။ Sound Card များကိုလည်း ဖုန်းနဲ့ ချိတ်ဆက်နိုင်ပါတယ်။

၇။ External Keyboard , Mouse များနဲ့ ချိတ်ဆက်ခြင်း။

Android ရဲ့ On-Screen Keyboard ငယ်လေးမှာ စာရိုက်ရတာ အလွန် ပျင်းဖို့ ကောင်းပါတယ်။ အခုတော့ USB OTG ကြောင့် ဖုန်းနဲ့ External Keyboard များကို ချိတ်ဆက် နိုင်ပါပြီ။ သင့်ဖုန်းဟာ Calibration ပြဿနာကြောင့် Touch Screen ကောင်းစွာ အလုပ်မလုပ်တော့ရင် External Mouse နဲ့ ချိတ်ဆက်နိုင်ပါတယ်။

၈။ USB Fan နဲ့ ချိတ်ဆက်ခြင်း။

ဒီနေ့ခေတ်မှာ USB Fans များတောင် ပေါ်နေပါပြီ။ USB OTG ကို အသုံးပြု၍ USB Fans နဲ့ သင့်ဖုန်းကို ချိတ်ဆက်၍ ပူအိုက်တဲ့ ရာသီများကို အေးမြစွာ ဖြတ်သန်းနိုင်ပါပြီ။

၉။ USB Light နဲ့ ချိတ်ဆက်ခြင်း။

blank
USB OTG ကို အသုံးပြု၍ သင့်ဖုန်းကို USB LED နဲ့ ချိတ်ဆက်နိုင်ပြီး မီးပျက်တဲ့ အချိန်များမှာ မီးအလင်းရောင် ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် မှောင်နေတဲ့ အခန်းထဲမှာ ဓါတ်ပုံရိုက်ဖို့လည်း ဒီနည်းက အသုံးဝင်ပါတယ်။

ref : alltechbuzz

%d bloggers like this: