မောင်းသူမဲ့ ရဲကား နဲ့ ကင်းလှည့်ဖို့ ဒူဘိုင်း က ကြံစည်လျက်ရှိ

ကမ္ဘာ့ပထမဆုံး စက်ရုပ်ရဲတွေနဲ့ အဆင်မြင့် ရဲကားတွေကို ထုတ်ဖော်ပြသပြီးတဲ့နောက်မှာ အခု နောက်ဆုံး ဒူဘိုင်းမြို့တော်ကောင်စီ က ကြံစည်စိတ်ကူးနေတဲ့အရာကတော့ ဒူဘိုင်းတနိုင်ငံလုံးကို မောင်းသူမဲ့မော်တော်ယာဉ်တွေ နဲ့ ကင်းလှည့်ဖို့ အစီအစဉ်ပဲ ဖြစ်ပါတယ်။

ကင်းလှည့်မယ့် မော်တေ်ာကားတွေထဲမှာ အထူးတီထွင်ထားတဲ့ အပြင် လူ သို့မဟုတ် ပစ္စည်း တစ်ခုခု ကို အစစ် ဟုတ်၊ မဟုတ် ဝေဖန်ခွဲခြားနိုင်စွမ်းရှိတဲ့ Biometric ဆော့ဖ်ဝဲတွေ ထည့်သွင်းထားတယ် လို့ သိရပါတယ်။ မော်တော်ကားတွေကို ရဲဌာနချုပ်ကနေ ထိန်းချုပ်ပေးသွားမှာ ဖြစ်ပြီး လိုအပ်ပါက Drone ကနေ တဆင့် ညွှန်ကြားမှုတွေ ပြုလုပ်မယ် လို့ ဆိုပါတယ်။ အဲဒီ မော်တော်ကား နဲ့ ဒရုမ်းတွေ မှာ တပ်ဆင်ထားတဲ့ 360 ဒီဂရီ ကင်မရာတွေ ကနေ တဆင့် စခန်းဌာနချုပ်၊ ကွပ်ကဲရေးစခန်း မှာ ရှိတဲ့ ဒေတာဘေ့စ် နဲ့ တိုက်စစ် ပြီး ရာဇဝတ်လူဆိုးတွေကိုပါ စောင့်ကြည့်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒူဘိုင်းမြို့တော် ကောင်စီ ဟာ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ အတွက် ဘေးဥပါဒ် မဖြစ်အောင် နဲ့ နိုင်ငံတွင်းမှာ လုံခြုံစိတ်ချဖို့ စိတ်ကူးထားတဲ့ ပရောဂျက်တွေထဲက တစ်ခု ဖြစ်ပြီး ရဲတပ်သားတိုင်းဟာ  Self Driving Car တွေအတွက် သင်ခန်းစာတစ်ခု အနေနဲ့ သင်ကြားရလေ့ရှိပါတယ်။

Ref : DM

%d bloggers like this: