Mid-Range စမတ်ဖုန်းတွေကို အလွန်လန်းစေမယ့် Snapdragon 450 chipset

Mid-range စမတ်ဖုန်းတွေကို သာမန်ထက် (၂၅)ရာခိုင်နှုန်းပိုမို စွမ်းဆောင်ရည်မြင့်မားစေမယ့် Snapdragon 450 chipset ကို Qualcomm က မိတ်ဆက်လိုက်ပါပြီ။

ဒီ chipset ဟာ Snapdragon 625 ထက်ကို ပိုမိုကောင်းမွန်ပြီး Snapdragon 435 ရဲ့နေရာကို အစားထိုးမယ့် chipset ဖြစ်လာမှာဖြစ်ပါတယ်။ Cortex-A53 octa-core ကိုပဲသုံးထားပေမယ့် processing speed ကတော့  435chip ထက် (၂၅)ရာခိုင်နှုန်း ပိုမြန်တယ်လို့ Qualcomm ကအခိုင်အမာဆိုထားပါတယ်။ ဒါတင်မက Adreno 506GPU ကြောင့် gaming performance ကလည်း (၂၅)ရာခိုင်နှုန်းပိုမြန်မှာဖြစ်ပါတယ်။

ဒီ chipset ရဲ့ နောက်ထက်ထူးခြားချက်တစ်ခုကတော့ 14nm process နဲ့ ဖန်တီးထားခြင်းပါပဲ။ Qualcomm ရဲ့ 4-series chipset တွေထဲမှာတော့ ပထမဦးဆုံး 14nm chipset လည်းဖြစ်ပါတယ်။

Gaming ပြုုလုပ်နေချိန်မှာ ပါဝါ ကို (၃၀)ရာခိုင်နှုန်း ပိုမိုချွေတာပေးမှာဖြစ်တဲ့အတွက် battery ပိုင်းမှာလည်း အရင် chipset ထက် (၄)နာရီ ပိုကြာရှည်ခံမယ်လို့ Qualcomm က မျှော်လင့်ထားပါတယ်။

ဒါ့အပြင် ဒီ chipset အသစ်ဟာ ကင်မရာ features အသစ်တွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး iPhone 7 Plus ရဲ့ camera feature တွေလောက် စွမ်းဆောင်ပေးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ USB 3.0 နဲ့ သာမန်ထက် (၈၀)ရာခိုင်နှုန်းပိုမြန်တဲ့ QuickCharge 3.0 တို့ကိုလည်း ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီ chipset ဟာ နောက်ထွက်ရှိလာမယ့် Mid-range စမတ်ဖုန်းတွေကို high-end feature တွေ ပါဝင်လာစေမယ့် အလန်းစား chipset တစ်ခုလို့ ပြောနိုင်ပါတယ်။

%d bloggers like this: