အူရီဒူး 4G ကွန်ရက်ကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ ၅၂မြို့နယ်တွင် ဝန်ဆောင်မှုပေးလျှက်ရှိ

အူရီဒူး၏ 4G ကွန်ရက်ကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၅၂ မြို့နယ်တွင် ဝန်ဆောင်မှုပေးလျှက်ရှိပြီး လူဦးရေ ငါးသန်းနီးပါးသည် အူရီဒူး၏ မြန်ဆန်သည့် 4G ကွန်ရက်ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။

အူရီဒူး၏ 4G ကွန်ရက်ဝန်ဆောင်မှု ရရှိသော မြို့နယ်များမှာ နေပြည်တော် – ဒက္ခိဏသီရိ၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ပုပ္ပသီရိ၊ ပျဉ်းမနား၊ ဇမ္ဗူသီရိ၊ ဇေယျသီရိရန်ကုန် – အလုံ၊ ဗဟန်း၊ ဗိုလ်တစ်ထောင်၊ ဒဂုံ၊ ဒဂုံမြို့သစ် (အရှေ့)၊ ဒဂုံမြို့သစ် (မြောက်)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (တောင်)၊ ဒလ၊ ဒေါပုံ၊ လှိုင်၊ လှိုင်သာယာ၊ အင်းစိန်၊ ကမာရွတ်၊ ကျောက်တံတား၊ ကြည့်မြင့်တိုင်၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွှန့်၊ မြောက်ဥက္ကလာပ၊ ပန်းဘဲတန်း၊ ပုဇွန်တောင်၊ စမ်းချောင်း၊ ဆိပ်ကြီးခနောင်တို၊ ဆိပ်ကမ်း၊ တောင်ဥက္ကလာ၊ တာမွေ၊ သာကေတ၊ သံလျင်၊ သင်္ကန်းကျွန်း၊ တွံတေး၊ ရန်ကင်း၊ မန္တလေး – အမရပူရ၊ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ညောင်ဦး၊ ပုသိမ်ကြီး၊ ပြည်ကြီးတံခွန်၊ စဉ့်ကိုင်၊ တံတားဦး၊ မကွေးတို့ဖြစ်သည်။

အူရီဒူးအနေနဲ့ ၁၈၀၀MHz လှိုင်းစဉ်သစ်ရရှိရန် အမေရိကန်ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံပြီး မေလအစောပိုင်းတွင် ၁၈၀၀MHz လှိုင်းစဉ်သစ်ရရှိလျှင်ရရှိခြင်းမှာပင် အူရီဒူး၏ 4G ကွန်ရက် ချဲ့ထွင်ခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်လုပ်ဆောင်ခဲ့ပါသည်။ လက်ရှိ 4G ဝန်ဆောင်မှုပေးထားသော  ဆိုက်များအား ၁၈၀၀MHz ဖြင့် အဆင့်မြှင့်တင်နေပြီး တစ်ပြိုင်တည်းမှာပင် မြို့နယ်အများအပြားအား 4G ကွန်ရက် ချဲ့ထွင်ပေးအပ်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်။

အူရီဒူးမြန်မာ၏ ကွန်ရက်တပ်ဆင်သော အဖွဲ့သားများနှင့် လုပ်ငန်းမိတ်ဖက်များမှ မြန်မာနိုင်ငံဒေသ အနှံအပြားသို့ သွားရောက်ပြီး 4Gကွန်ရက်ကို အမြန်ဆုံးပေးအပ်နိုင်ရန် ကြိုးစားလုပ်ဆောင်လျက် ရှိပါသည်။ ထို့ကြောင့် အခြားမြို့နယ်များရှိ အူရီဒူးအသုံးပြုသူများအနေဖြင့် များမကြာမီကာလတွင် 4G ကွန်ရက်ကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။

%d bloggers like this: