June လ အတွက် အကောင်းဆုံး Android App အသစ်များ

လစဉ်လတိုင်း Android Apps အသစ်များစွာ ထွက်ပေါ်နေတဲ့ အတွက် အကောင်းဆုံး Apps များကို သင်ကိုယ်တိုင် ရှာဖွေရတာ မလွယ်ကူပါဘူး။ စာဖတ်သူများ အချိန်ကုန် သက်သာစေဖို့ အတွက် ဇွန်လအတွင်း ထွက်ရှိတဲ့ Android Apps များထဲက အကောင်းဆုံးများကို ရွေးချယ်ပေးလိုက်ပါတယ်။

Socratic 

Socratic က ကျောင်းသားများကို အိမ်စာ ကူလုပ်ပေးဖို့ ဖန်တီးထားတဲ့ App ဖြစ်ပါတယ်။ ကျောင်းစာများနဲ့ ပတ်သက်တဲ့ မေးခွန်းများအတွက် သူ့ကို အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ အိုင်ဒီယာကတော့ ရိုးရှင်းပါတယ်။ သူ့ကို ဖွင့်ပြီး မေးခွန်းများ၊ သင်္ချာ ညီမျှခြင်းများကို ဓါတ်ပုံရိုက်လိုက်တာနဲ့ Yahoo နဲ့ Wikipedia မှ အဖြေများကို ပြသပေးမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Google မှာ သင် စာရိုက်ပြီး ရှာဖွေဖို့ မလိုတော့တဲ့အတွက် အချိန်ကုန် ၊ အလုပ်ရှုပ် သက်သာစေပါတယ်။ ဒါပေမယ့် သူ့မှာ အားနည်းချက် အချို့ရှိနေပါတယ်။ သူဟာ လက်ရေးစာများကို ခွဲခြမ်းစိတ်ဖြာရာမှာ အားနည်းနေပါသေးတယ်။ ဒါပေမယ့် အနာဂတ်မှာတော့ တိုးတက်ကောင်းမွန်လာမှာပါ။ သူ့ကို Android 4.1 နဲ့ သူ့အထက်မှာ အခမဲ့ အသုံးပြုနိုင်ပြီး ဖိုင်အရွယ်အစားမှာ 6.71MB ဖြစ်ပါတယ်။

Download

DirectChat

Facebook Messenger အသုံးပြုသူများအတွက် Floating Chat Head နဲ့ ရင်းနှီးကြမှာပါ။ Floating Chat Head ဟာ အခြား App များရဲ့ အပေါ်မှာ သေးငယ်တဲ့ အိုင်ကွန်လေးဖြင့် ပြသထားတဲ့ Facebook Messenger ဖြစ်ပါတယ်။ အဲဒီအတွက် အခြား App များကို သုံးနေရင်းကနေ Facebook Messenger မှာ လျှင်မြန်စွာ Chat နိုင်ပါတယ်။

DirectChat က အခြား Messenger များကိုလည်း Floating Chat Head ဖြင့် အသုံးပြုနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒီအထဲမှာ WhatsApp, Skype တို့လည်း ပါဝင်ပါတယ်။ DirectChat ရဲ့ အခပေး ဗားရှင်းမှာ စွမ်းဆောင်ချက်များ ပိုမို ပါဝင်ပြီး ကြော်ညာများကိုလည်း ဖျောက်ပေးထားပါတယ်။ သူ့ကို Android 4.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး ဖိုင်အရွယ်အစားမှာ 7.22MB ဖြစ်ပါတယ်။

Download

Keybase 

Keybase က တစ်မူထူးခြားတဲ့ Messaging App ဖြစ်ပါတယ်။ သူ့ကို သင့်ရဲ့ Facebook, Twitter တို့လို လူမှုကွန်ရက် အကောင့်များနဲ့ ချိတ်ဆက်လိုက်တာနဲ့ Keybase ကနေ လူမှုကွန်ရက် အားလုံးမှ သူငယ်ချင်းများနဲ့ စကားပြောနိုင်ပါပြီ။ Keybase မှာ Login ဝင်ပြီး Messaging Tab ကိုသွားပါ။ အဲဒီမှာ လူမှုကွန်ရက် အားလုံးမှ သင့် သူငယ်ချင်းများကို ဆက်သွယ်နိုင်ပါတယ်။

Keybase ဟာ Open Source ဖြစ်ပြီး Messages များကို Encrypt လုပ်ထားပါတယ်။ လူမှုကွန်ရက် အားလုံးမှ သူငယ်ချင်းများကို တစ်နေရာထဲကနေ စကားပြောချင်သူများအတွက် အသုံးဝင်ပါတယ်။ သူ့ကို Android 4.1 နဲ့ သူ့အထက်မှာ အခမဲ့ အသုံးပြုနိုင်ပြီး ဖိုင်အရွယ်အစားမှာ 36.7MB ဖြစ်ပါတယ်။

Download

ref : androidpit

%d bloggers like this: