0 Shares 35 Views

Samsung Galaxy S7 ကို ရေအောက်မှာ ဖွင့်ဖောက်စမ်းသပ်ပြ

Feb 24, 2016
0 35

Samsung Galaxy S5 ဖုန်းတုန်းက ရေစိုခံဖုန်းဖြစ်ပေမယ့်၊ Galaxy S6 ဖုန်းမှာကျတော့ ရေစိုခံနိုင်စွမ်းရည် ပါဝင်မလာပါဘူး။ ဒါပေမယ့် အခုထွက်ရှိလာတဲ့ Galaxy S7 ဖုန်းမှာတော့ ရေစိုခံနိုင်စွမ်းရည် ပြန်လည်ပါဝင်လာပြီး IP 68 အဆင့်အထိ ရထားပါတယ်။

ရေအောက် ၅ ပေမှာ မိနစ်သုံးဆယ်အထိ စိမ်ထားနိုင်တယ်ဆိုတဲ့ Galaxy S7 ဖုန်းရဲ့စွမ်းရည်ကို စမ်းသပ်ဖို့အတွက် တယ်လီကွန်း ကုမ္ပဏီ T-Mobile ၀န်ထမ်းတစ်ဦးဖြစ်သူ Des ဟာ S7 ဖုန်းကို ရေအောက်မှာ ဖွင့်ဖောက်ပြသသွားခဲ့ပါတယ်။

T-Mobile ရဲ့ ပရောဂျက်မန်နေဂျာဖြစ်သူ Des ဟာ ဖုန်းဖွင့်ဖောက်ပြသတဲ့ unboxing ဗီဒီယိုကို ရေအောက်မှာပဲ ရိုက်ကူးထားတာဖြစ်တာကြောင့် ဒီဗီဒီယိုမှာ စကားပီပီသသမပြောနိုင်ဘဲ၊ ကြည့်ရှုသူတွေ နားလည်နိုင်ဖို့ စာတန်းထိုးပေးထားရပါတယ်။

Des ဟာ S7 ဖုန်းကို ရေအောက်မှာတင် ပါဝါဖွင့် ပြခဲ့သလို၊ အနားကူးခတ်လာတဲ့ အဖော်တစ်ယောက်ကို ဓာတ်ပုံရိုက်ပြတာ၊ ရေအောက်မှာတင် ဗီဒီယိုဖုန်း ခေါ်ပြတာတွေလုပ်ခဲ့ပါတယ်။ ဗီဒီယိုအဆုံးမှာ S7 Edge ကလည်း သူလည်း ရေစိုခံနိုင်ကြောင်း ၀င်ရောက်ပြသသွားတာကို တွေ့ရပါတယ်။

စကားမစပ် Galaxy S7 ဖုန်းမှာ ဖော်ပြထားတဲ့ IP rating ဆိုတာ အီလက်ထရောနစ်ပစ္စည်းတစ်ခုရဲ့ ပြင်ပပစ္စည်း ၀င်ရောက်မှုကနေလုံခြုံမှု (Ingress Protection) လို့ အဓိပ္ပါယ်ပြန်ဆိုနိုင်ပါတယ်။

IP နောက်က ဂဏန်းနှစ်ခုမှာ ပထမဂဏန်းက အစိုင်အခဲပစ္စည်းတွေဝင်ရောက်နိုင်တဲ့ပမာဏဖြစ်ပြီး 6 အဆင့်က ဖုန်မှုန့်တွေတောင် ဖုန်းတွင်းလုံးဝမ၀င်နိုင်ဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ဒုတိယဂဏန်းကတော့ ရေစိုခံနိုင်စွမ်းရည်ပါ။ Galaxy S7 ရရှိထားတဲ့ IP 68 ကတော့ အမြင့်ဆုံး IP သတ်မှတ်ချက်ဖြစ်ပါတယ်။

Ref: Android Pit

You may be interested

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ
cameras, FEATURES, Softwares & Application
167 shares158 views

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ

Ko Thuya - Aug 22, 2017

စမတ်ဖုန်းများမှာ ဓါတ်ပုံရိုက်လိုက်တဲ့ အခါမှာ Camera Shutter Sound ထွက်လာအောင် ဖန်တီးထားကြပါတယ်။ အဲဒီ အသံဟာ သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ပိတ်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ ပိတ်နည်းများဟာ စမတ်ဖုန်း တစ်လုံးနဲ့ တစ်လုံး မတူညီကြပါဘူး။ သင့် ဖုန်းမှာ…

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ
Knowledge, Others, Trends
200 shares100 views

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ

zayarsan - Aug 22, 2017

AI တွေကို အမျိုးသမီးတွေရဲ့ မီးဖိုချောင်အကူကနေစပြီး အမျိုးသားတွေရဲ့ အားကစားပွဲတွေထိ ပါဝင်အောင် လိင်အမျိုးအစား ခွဲ၍ Train ပေးခဲ့ပြီး အချိန်ကာလများစွာ လေ့လာခဲ့တယ် လို့ သိရပါတယ်။ လေ့လာသူတွေရဲ့ နှစ်ရှည်စီမံကိန်းက ပုံတွေကို စုဆောင်းဖော်ပြခဲ့ရာမှ AI တွေကို လူသားတွေအတွက် လေ့ကျင့်မှု…

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ
Gadgets, Google, HUBS
119 shares74 views

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ

zayarsan - Aug 22, 2017

ကွန်ပျူတာ နဲ့ အိုင်တီ Cosumer ဈေးကွက်ကို တစ်ဆင့်ချင်း လာနေပြီဖြစ်တဲ့ Google ကုမ္ပဏီ ဟာ အရင်က လိုင်းဖုန်းတွေမှာ Chrome book, Pixel line လို့ လူသိများတဲ့ Chromebook လိုမျိုး ၂ မျိုး သုံး…

Leave a Comment

Most from this category