ဖုန်းနံပါတ်များ ပြောင်းလဲမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး မှ အကြောင်းကြားထား

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ရဲ့ ညွှန်ကြားချက်အရ  ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးနိုင်ရန် အတွက် ၀၉၆xxxxxx နှင့်စသော နံပါတ်များအား ၀၉၈၉၆xxxxxx နံပါတ်များသို့ ပြောင်းလဲပြီး  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ လိုအပ်ချက်အရ ပြောင်းလဲသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

ပြောင်းလဲမယ့် နံပါတ်အသစ် နဲ့ လက်ရှိ နံပါတ်အဟောင်းနှစ်ခုစလုံးကို (၂၀၁၇ ဇူလိုင်လမှ စက်တင်ဘာလကုန်အထိ) သုံးလကြာ ခေါ်ဆိုနိုင်မည်ဖြစ်ပြီး စက်တင်ဘာလအကုန်မှာ ၀၉၆xxxxxx နံပါတ်အဟောင်းတွေကို ခေါ်ဆိုနိုင်တော့မှာ မဟုတ်ဘဲ ၀၉၈၉၆xxxxxx နံပါတ်အသစ်များသို့သာ ခေါ်ဆိုမှုပြုလုပ်နိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။

အဲဒီလို နံပါတ်များပြောင်းလဲရာတွင် ၀၉၆xxxxxx နှင့်စသောနံပါတ်အသုံးပြုနေသူတွေဟာ  အခြေခံဝန်ဆောင်မှုတွေဖြစ်တဲ့ ဖုန်း အဝင်၊အထွက်ခေါ်ဆိုမှုများ၊ SMS ပေးပို့/လက်ခံခြင်းများ၊ ဖုန်းငွေဖြည့်ခြင်း၊ ဖုန်းငွေလက်ကျန်စစ်ဆေးခြင်းများကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၀၀:၀၀ နာရီ မှ နံနက် ၁:၃၀ အတွင်း ခေတ္တအသုံးပြု၍ ရမှာ မဟုတ်ဘူး လို့ သိရပါတယ်။

အဲဒီအပြင် ဇွန်လ ၂၉ ရက်နေ့ ည ၁၀ နာရီမှ ဇွန်လ ၃၀ ရက်နေ့ နံနက် ၂:၃၀ နာရီ အတွင်း ၀၉၆xxxxxx နှင့် ၀၉၄၇xxxxxx နှင့် စသော CDMA 450 သုံးစွဲသူများအနေဖြင့် ခေါ်သူနားဆင်တေးသံစဉ် ဝန်ဆောင်မှု၊ Call Waiting နှင့် Call Forwarding အစရှိသည့် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် အခက်အခဲ အနည်းငယ်ရှိမှာ ဖြစ်တယ် လို့ သိရပါတယ်။

Ref : MPT 

%d bloggers like this: