စမတ်ဖုန်းဓါတ်ပုံ ပြတိုက် ရဲ့ ဓါတ်ပုံပြိုင်ပွဲကို ကြာသပတေးနေ့ ကျင်းပမည်

APPLE ကုမ္ပဏီ ကနေ ကမကထ ပြုလုပ်ပြီး အားပေးကူညီပေးထားတဲ့ The Metropolitan Museum Of Art ဆိုတဲ့ စမတ်ဖုန်းဓါတ်ပုံပြတိုက် ဟာ နယူးယောက်စီးတီး မှာ ရှိပါတယ်။

စမတ်ဖုန်းတွေပေါ်ကနေ ရိုက်ယူထားတဲ့ အလန်းစားဓါတ်ပုံတွေကိုပဲ ခင်းကျင်းပြသထားတဲ့ အဲဒီ ပြတိုက်ကို ဇွန်လ ၂၇ ရက်နေ့ကနေ နှစ်ကုန်ပိုင်း ဒီဇင်ဘာ လလယ်လောက်အထိ ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။ အထူးသဖြင့် ယခုနှစ်မှာ ကျရောက်နေတဲ့ iPhone ရဲ့ ၁၀ နှစ်ပြည့် အမှတ်တရ ကို ဂုဏ်ပြုသောအားဖြင့် အခုလို ရှည်ကြာစွာ ဖွင့်လှစ်ထားမှာ ဖြစ်တယ် လို့ သိရပါတယ်။

အနုပညာရှင် ၁၂ ယောက် ရဲ့ ကွဲပြားခြားနားတဲ့ လက်ရာတွေကို ဖော်ပြပေးထားမှာဖြစ်ပြီး ဓါတ်ပုံတစ်ခု ချင်းစီရဲ့ ဘေးမှာ Caption တွေကို ရေးထိုးမှတ်တမ်းတင်ထားပြီး တကယ့် ကင်မရာအစစ်နဲ့ ရိုက်ယူထားတဲ့ ဓါတ်ပုံတွေလိုမျီုး အဆင့်အတန်းမှီ၊ အရည်အသွေးပြည့်ဝတဲ့ ဓါတ်ပုံတွေကို သီးသန့် စုဆောင်းထားရှိမှာ ဖြစ်တယ် လို့ သိရပါတယ်။

မိုဘိုင်းဖုန်းတင်သာမကပဲ တက်ဘလက်အပါအဝင် Device များစွာတွေက ရိုက်ယူခဲ့တဲ့ ပုံတွေကိုလည်း ထည့်သွင်းဖော်ပြထားမှာ ဖြစ်တယ် လို့ သိရပါတယ်။

Ref : TheVerge

 

%d bloggers like this: