မှောင်နေတဲ့ အချိန်မှာ လှပတဲ့ Selfie Photo များ ရိုက်ကူးနည်း

စမတ်ဖုန်းများမှာ အရှေ့ကင်မရာများ တပ်ဆင်ထားပေမယ့် ဖုန်း အများစုမှာ အရှေ့ကင်မရာအတွက် Flash ကိုတော့ ပံ့ပိုးပေးထားခြင်း မရှိပါဘူး။ အဲဒီအတွက် အလင်းရောင် နည်းပါးတဲ့ အချိန်များမှာ Selfie ဆွဲလို့ အဆင်မပြေပါဘူး။ ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းပေးမယ့် Android နဲ့ iOS Apps များ ရှိနေပါတယ်။

အောက်ပါ Apps များက သင့် ဖုန်းစကရင်ကနေ အလင်းရောင် ထုတ်လွှင့်ပေးပြီး လှပတဲ့ Selfie Photo များကို ဖန်တီးဖို့ ကူညီပေးနိုင်ပါတယ်။

Android

၁။ faceLIGHT Selfie Selfies Flash

သင် ညဖက် ရိုက်ကူးတဲ့ Selfie များဟာ မှုန်ဝါးပြီး မလှပရင်တော့ faceLIGHT Selfie Selfies Flash ကို အသုံးပြုပါ။ သူက Physical Flash များလိုပဲ သင့်မျက်နှာကို အလင်းရောင် ထိုးပေးနိုင်ပါတယ်။ ဖုန်းစကရင်ကနေ အလင်းရောင် ထုတ်ပေးတာ ဖြစ်ပါတယ်။ မှောင်နေတဲ့ အချိန်နဲ့ အလင်းရောင် နည်းပါးတဲ့ အချိန်များမှာ သူက အသုံးဝင်ပါတယ်။

Download

၂။ Night Selfie Camera

အလင်းရောင် နည်းပါးတဲ့ အချိန်များမှာ အကောင်းဆုံး Selfie Photo များ ရိုက်ပေးနိုင်တဲ့ နောက်ထပ် App တစ်ခုက Night Selfie Camera ဖြစ်ပါတယ်။ သူက Selfie Photo ၁၀ ပုံကိုလည်း တစ်ပြိုင်နက် ရိုက်ကူးပေးနိုင်ပါတယ်။ သူ့မှာ Timer နဲ့ မှောင်နေတဲ့ အချိန်မှာ ဓါတ်ပုံလှပစေတဲ့ RGB Mode လည်း ပါပါတယ်။

Download

၃။ Night Camera

Night Camera က အလင်းရောင် နည်းပါးတဲ့ အချိန်များမှာ အရည်အသွေး မြင့်မားတဲ့ ဓါတ်ပုံများ ရိုက်ကူးပေးနိုင်ပါတယ်။ အချိန်မရွေး၊ နေရာမရွေး လှပတဲ့ Selfie Photo များကို ဖမ်းယူပေးနိုင်ပါတယ်။ Night Vision Viewfinder က မြင်ကွင်းကို ကြည်လင်ပြတ်သားစွာ ပြသပေးနိုင်ပါတယ်။

Download

iOS

၁။ Selfshot – Front Flash Camera

iPhone , iPad များမှာ အမှောင်ထဲတွင် လှပတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုများ ရိုက်ကူးချင်ရင် Selfshot – Front Flash Camera ကို မြည်းစမ်းကြည့်ပါ။ သူ့မှာ Timer လည်း ပါပါတယ်။ Selfie Photo ၁၀ ပုံကို တစ်ပြိုင်နက် ရိုက်ကူးပေးတဲ့ Burst Mode လည်း ပါပါတယ်။

Download

၂။ Nightly

Nightly ကလည်း iOS Device များအတွက် အလင်းရောင် နည်းပါးတဲ့ အချိန်များမှာ Selfie Photo ကောင်းများကို ဖန်တီးပေးနိုင်ပါတယ်။ ဖုန်း စကရင်ကို ထိလိုက်တာနဲ့ ဓါတ်ပုံ ရိုက်ပေးနိုင်ပါတယ်။ သင့်ရဲ့ ဓါတ်ပုံများမှာ Captions များ ထည့်သွင်းနိုင်ပါတယ်။ Filters များ ထည့်သွင်းဖို့ စွမ်းရည်မြင့် Editor ပါပါတယ်။

Download

၃။ Front Flash

Front Flash က Screen Brightness ကို အမြင့်ဆုံး ထားရှိခြင်းဖြင့် Virtual Flash ကို ဖန်တီးပေးပါတယ်။ ဓါတ်ပုံ ရိုက်တဲ့ အခါမှာ သင့် မျက်နှာကို အလင်းရောင် ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ သူ့ကို ပိတ်လိုက်တာနဲ့ Brightness ကို မူလအတိုင်း ပြန်လည် ထားရှိပေးမှာ ဖြစ်ပါတယ်။

Download

ref : techviral

%d bloggers like this: