MPT ၏ QR Code စနစ်သုံး ငွေဖြည့်ကတ်ဖြင့် လွယ်ကူအဆင်ပြေစွာ ငွေဖြည့်သွင်းနိုင်ပြီ

MPT သည် မိုဘိုင်းလ်ဖုန်းများမှ တစ်ဆင့် သုံးစွဲသူများ လွယ်ကူရိုးရှင်းစွာ စကင် ဖတ်ပြီး လျင်မြန်စွာ ငွေဖြည့်သွင်းနိုင်ရန်အတွက် ဖုန်းငွေဖြည့်ကတ်အသစ်များတွင် QR ကုတ် စနစ်ထည့်သွင်း မိတ်ဆက်လိုက်ပါသည်။

အဆိုပါငွေဖြည့်ကတ်အသစ်များတွင် မူလခဲခြစ်ငွေဖြည့်နံပါတ်များဆက်လက်ထားရှိထားမည်ဖြစ်ပြီး သုံးစွဲသူများ ငွေဖြည့်သွင်း ခြင်းလုပ်ငန်း ကို လျင်မြန်စွာလုပ်ဆောင်နိုင်မည့် QR ကုတ် စနစ်အသစ်ကို ယခုလို ထပ်တိုးထည့်သွင်ထားခြင်း ဖြစ်သည်။


MPT အသုံးပြုသူများအနေဖြင့် လွယ်ကူလျင်မြန်သော QR ကုတ်စနစ်ကို အသုံးပြုရန်အတွက် QR Scanner function ပါဝင်သော MPT4U မိုဘိုင်းလ် application ရယူထားရန်လိုအပ်သည်။

QR ကုတ်စနစ်ဖြင့် ငွေဖြည့်သွင်းခြင်းကို အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

  1. မိမိ၏ မိုဘိုင်းဖုန်းပေါ်တွင် ရှိသည့် MPT4U မိုဘိုင်းလ် application ဖွင့်လိုက်ပါ။
  2. Application ပေါ်မှ Menu ခလုတ်ကိုနှိပ်ပြီး “ငွေဖြည့်သွင်းမည်” ကိုရွေးချယ်ပါ။
  3. Menu မှ “ငွေဖြည့်သွင်းမည်” ကိုရောက်ရှိမည်ဖြစ်ကာ QR ကုတ်ပုံကို ခဲခြစ်ပြီးနောက်QR Scanner Function ကိုဝင်ရောက်ပါ၊
  4. ငွေဖြည့်ကတ်တွင်ပါရှိသောခဲခြစ်ထားသည့် QR ကုတ်နေရာကို Scan ဖတ်ပါ။
  5. အတည်ပြုကြောင်း စာတို လက်ခံရရှိပြီး ဖုန်းငွေဖြည့်သွင်းခြင်းလုပ်ငန်းစဉ် အောင်မြင်စွာ ပြီးဆုံးပါမည်။

MPT-KSGM ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “အခုလို MPT ကနေပြီး QR code နဲ့ ဖုန်းငွေဖြည့်ခြင်း စနစ်ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ မိတ်ဆက်ပေးရတာကြောင့် အထူးပဲ စိတ်လှုပ်ရှားဝမ်းသာမိပါတယ်။ အခုစနစ်ကြောင့် သုံးစွဲသူတွေအနေနဲ့ ဖုန်းဘီလ်ဖြည့်သွင်းရာမှာ သက်သက်သာသာနဲ့ ဖြည့်သွင်းနိုင်ပြီဖြစ်ပြီး ရှည်လျားတဲ့ ငွေဖြည့်ကုတ်နံပါတ်တွေကို မှားယွင်းပြီး ရိုက်သွင်းမိတာမျိုးကို ရှောင်ရှားနိုင်ပါပြီ။ သုံးစွဲသူတွေအနေနဲ့ ငွေဖြည့်ကတ်ပေါ်က QR ကုတ်နေရာကို ခဲခြစ်ပြီး အဲဒီ ကုတ်ကို MPT4U အက်ပလီကေးရှင်းရဲ့ စကင်နာနဲ့ ဖတ်ပြီး ငွေဖြည့်သွင်းခြင်းလုပ်ငန်းစဉ်ကို လွယ်ကူစွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

သုံးစွဲသူများအနေဖြင့် MPT4U app ကို Google Play (သို့မဟုတ်) Apple App Stores တို့တွင် ဒေါင်းလုတ်ပြုလုပ်ကာ အသုံးပြုနိုင်ပါသည်။ (Android သုံးစွဲသူများအတွက် https://play.google.com/store/apps/details?id=mm.com.mptvas နှင့် IOS သုံးစွဲသူများအတွက် http://fir.im/gdtm အစရှိသောလင့်များတစ်ဆင့် ဒေါင်းလုတ်ရယူနိုင်သည်။

ငွေဖြည့်သွင်းခြင်း နှင့် မည့်သိုဝယ်ယူ သုံးစွဲနိုင်မည်ဆိုသည့် အချက်များနှင့် ပတ်သက်ပြီး ထပ်မံသိရှိလိုပါက www.mpt.com.mm (သို့မဟုတ်) www.facebook.com/mptofficialpage သို့ဝင်ရောက် လေ့လာနိုင် ကြောင်းသိရသည်။

%d bloggers like this: