CIA က အင်တာနက် မချိတ်ထားတဲ့ ကွန်ပြူတာများကို Hack နိုင်

WikiLeaks က Central Intelligence Agency (CIA) အသုံးပြုတဲ့ Sophisticated Software Tools နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို အရင်က ဖြန့်ချီခဲ့ဖူးပါတယ်။ အဲဒီ ဆော့ဖ်ဝဲများဟာ ကွန်ပြူတာများကို ဟက်နိုင်ခြင်း၊ တီဗီကို မိုက်ကရိုဖုန်း အဖြစ် ဖန်တီးခြင်းနဲ့ နာမည်ကြီး Chat Apps များရဲ့ Encryption System ကို ကျော်ဖြတ်ခြင်း အပြင် အခြား စွမ်းရည်များ ပါကြပါတယ်။ အခုလည်း WikiLeaks က စီအိုင်အေရဲ့ လျှို့ဝှက် သတင်းအချက်အလက်များကို ထပ်မံ ချပြလိုက်ပါတယ်။

WikiLeaks က Brutal Kangaroo အမည်ရ CIA ရဲ့ Malware Toolkit အကြောင်း ဖော်ပြထားတဲ့ စာမျက်နှာ ၁၅၀ ကို ပြသလိုက်တာ ဖြစ်ပါတယ်။ Brutal Kangaroo က အထူးပြုလုပ်ထားတဲ့ USB Drive ကို အသုံးပြုခြင်းဖြင့် အင်တာနက် မချိတ်ဆက်ထားတဲ့ ကွန်ပြူတာများကို ဟက် နိုင်ခြင်း ဖြစ်ပါတယ်။

Brutal Kangaroo ဟာ Targets များရဲ့ Closed Network ထဲမှာ လျှို့ဝှက် ကွန်ရက်တစ်ခု ဖန်တီး နေထိုင်ကြတဲ့အတွက် ဟက်ဖို့ အလွန် အဆင်ပြေစေပါတယ်။ Brutal Kangaroo မှာ Thumb Drive ကို ဗိုင်းရက်စ် ကူးစက်စေတဲ့ Drifting Deadline ၊ Thumb Drive များကို အလိုအလျှောက် ဗိုင်းရက်စ် ကူးစက်စေတဲ့ Server Tool ဖြစ်တဲ့ Shattered Assurance ၊ သတင်းအချက်အလက်များ ကောက်ယူပေးတဲ့ Broken Promise နဲ့ လျှို့ဝှက် ကွန်ရက်ကို တည်မြဲအောင် လုပ်ပေးတဲ့ Shadow တို့ ဖြစ်ပါတယ်။

ကွန်ပြူတာ တစ်လုံးအား ဗိုင်းရက်စ် ကူးစက်စေပြီးနောက်မှာ Shadow က ကွန်ရက်ထဲမှ အခြား ကွန်ပြူတာများကို ရှာဖွေပြီး ကူးစက်စေပါတယ်။ နောက်ဆုံးမှာတော့ Broken Promise က သတင်းအချက်အလက်များကို ရယူတာ ဖြစ်ပါတယ်။

ref : techviral

%d bloggers like this: