0 Shares 64 Views

Window 10 တက်ဘလက်MateBook အား Huawei ထုတ်လုပ်

Huawei ကုမ္ပဏီက သူတို့ရဲ့ Window 10 တက်ဘလက် MateBook ကို MWC ပွဲမစတင်ခင် တစ်ရက်အလိုမှာ ထုတ်လုပ်ခဲ့ပါတယ်။ ဒီ MateBook ဟာ သာမန်လက်ပ်တော့ တစ်လုံးလိုမျိုးပြုလုပ်ကိုင်တွယ် လို့ရအောင် ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး Microsoft ရဲ့ Surface Pro 4 ထက်ပိုမိုပါးလွှာတာဖြစ်ပါတယ်။

အဲ့ဒီတရုတ်ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံး တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ယခုမတိုင်မှီအထိတော့ Android စနစ်သုံး တက်ဘလက်တွေကိုသာ ထုတ်လုပ်နိုင်ခဲ့သေးတာဖြစ်ပါတယ်။ Huawei အနေနဲ့ အခုလိုမျိုးပစ္စည်းအသစ်ထုတ်လုပ်ပြီးတော့ လုပ်ငန်းအင်အားကို ပိုမိုချဲ့ထွင်နိုင်ဖို့ ဦးတည်လာတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုခဲ့ကြတာပါ။

huawei matebook2

ဒါပေမယ့်လည်း Huawei အနေနဲ့ ဒီပွဲမှာ ထုတ်ဖော်ပြသမယ်လို့ နာမည်ကြီးနေတဲ့ P9 စမတ်ဖုန်းနဲ့ ပတ်သက်ပြီးတော့ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာကိုတော့ ဘယ်လိုမှတ်ချက်မှ မပေးခဲ့တာဖြစ်ပါတယ်။

အခုထုတ်လုပ်ခဲ့တဲ့ MateBook ဟာ Feature တွေအနေနဲ့ 12လက်မ (၃၀.၅စင်တီ) မျက်နှာပြင်ပါရှိမှာဖြစ်ပါတယ်။ Huawei ရဲ့ MateBook ကို Microsoft Surface Pro 4 နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် MateBook က ၂၀ ရာခိုင်နှုန်းနီးပါးပိုမိုပါးလွှာပြီး ၆.၉မီလီမီတာအထူနဲ့ ၂၀ ရာခိုင်နှုန်းခန့် ပိုမိုပေါ့ပါးပြီး ၆၃၀ဂရမ် ရှိတာတွေ့ရပါတယ်။ အဲ့ဒီအပြင် MateBook ရဲ့ ဘေးဘက်မှာ Fingerprint Sensor လုံခြုံရေးစနစ်ပါဝင်တာကလည်း Surface Pro 4 ထက်သာနေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

huawei matebook3

ဒါပေမယ့် Huawei စက်ရဲ့ ဆိုးကျိုးတွေကတော့ ဆဌမမြောက်မျိုးဆက် Core M Processor ကိုအသုံးပြုထားတာဖြစ်ပြီး Intel ရဲ့ပိုမို စွမ်းရည်ပြည့်ဝတဲ့ Core i5 နဲ့ i7 Chips တွေကိုအသုံးမပြုထားတာ ဖြစ်ပါတယ်။ ပြီးတော့ USB-C ပေါက်တစ်ပေါက်ထဲသာ ပါဝင်တာဖြစ်ပြီး တကယ်လို့တခြားပစ္စည်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်လို့မရပဲ သူတို့ထုတ်လုပ်ထားတဲ့ Adapter တစ်မျိုးကို ဝယ်ယူရတာဖြစ်ပါတယ်။

ဒါကြောင့် တကယ်လို့ USB 2 နဲ့ အပြင်ချိတ်ဆက်မှုတွေပြုလုပ်တဲ့အခါမှာ အသုံးပြုသူတွေအနေနဲ့ Adapter ကိုယူဆောင်သွားရမှာဖြစ်ပါတယ်။ နောက်ထပ် ပုံမှန်မဟုတ်ပဲပါဝင်လာတဲ့ Feature တစ်ခုကတော့ အသုံးပြုသူဟာ MatePen Stylus ကိုအသုံးပြုနိုင်ရုံသာမကပဲ Stylus ရဲ့ တစ်ဖက်ထိပ်မှာ လေဆာပွိုင်တာတစ်ခု ပါဝင်လာတာဖြစ်ပြီး PowerPoint တွေပြသတဲ့အခါမှာ အဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။

Ref: BBC

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
177 shares54 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Leave a Comment

Most from this category