0 Shares 132 Views

လက်ပ်တော့တစ်လုံးကို တာရှည်ခံအောင် သုံးစွဲနိုင်မယ့်နည်းလမ်းများ

Feb 23, 2016
0 132

လက်ပ်တော့တစ်လုံးဆိုတာ အနည်းဆုံး သုံးလေးနှစ် အသုံးခံပေမယ့်၊ သုံးစွဲသူရဲ့ ပေါ့ဆမှုကြောင့် တစ်နှစ်တောင် အသုံးမခံတာမျိုး ဖြစ်တတ်ပါတယ်။ လက်ပ်တော့တစ်လုံးဆိုတာ ပျက်သွားရင် တော်တော်နဲ့ ပြန်ဝယ်နိုင်ဖို့ မလွယ်တဲ့ပစ္စည်း ဖြစ်တာကြောင့် ဈေးကြီးပေးပြီးဝယ်ထားရတဲ့ ကိုယ့်လက်ပ်တော့လေး တာရှည်ခံအောင် ရှောင်သင့်/ဆောင်သင့်တဲ့နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ လက်ပ်တော့နားမှာ ရေခွက်၊ကော်ဖီခွက်တွေမထားပါနဲ့။

ကော်ဖီ၊ဆိုဒါ၊ရေ စတဲ့ အရည်မှန်သမျှကို လက်ပ်တော့နဲ့ ဝေးဝေးထားပါ။ အကယ်၍ မတော်မဆ ရေခွက်မှောက်တာပဲဖြစ်ဖြစ်၊ အချိုရည်ပုလင်းမှောက်တာပဲဖြစ်ဖြစ်၊ လက်ပ်တော့ပေါ် အရည်တွေကျသွားရင်၊ အထဲက လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းအသေးလေးတွေကို ပျက်စီးစေနိုင်ပါတယ်။

aid36279-728px-Take-Good-Care-of-Your-Laptop-Computer-Step-1

 

၂။ Antivirus သွင်းထားပါ

အင်တာနက်ကနေ တစ်ခုခုဒေါင်းလုဒ်လုပ်တဲ့အခါပဲဖြစ်ဖြစ်၊ တခြားသူတစ်ယောက်ဆီကနေ ဖိုင်တွေ memory stick နဲ့ ယူတဲ့အခါမှာ ဖြစ်ဖြစ် ဗိုင်းရပ်တွေ ပါလာတတ်ပါတယ်။ ကိုယ့်ကွန်ပြူတာမှာ ဘာ antivirus မှ မတင်ထားဘူးဆိုရင်၊ လက်ပ်တော့ကို ဗိုင်းရပ်စ်ကိုက်ကာ ကွန်ပြူတာစနစ်လုပ်ဆောင်မှု၊ စွမ်းဆောင်ရည်တွေ ကျဆင်းစေနိုင်ပါတယ်။

၃။ လက်ပ်တော့နားမှာ အစားမစားပါနဲ့။

မုန့်အစအနတွေ လက်ပ်တော့ပေါ်ကျပြီး၊ ကီးဘုတ်ခလုတ်တွေထဲ ညှပ်ကာ၊ ပုရွက်ဆိတ်တွေကို ဖိတ်ခေါ်သလို ဖြစ်နေတတ်ပါတယ်။ ပုရွက်ဆိတ်အသေးလေးတွေဟာ လက်ပ်တော့ရဲ့ ပလပ်အပေါက်တွေကနေ အထဲကို ၀င်ရောက်ကာ ဆားကစ်တွေကို ပျက်စီးအောင်လုပ်နိုင်ပါတယ်။

aid36279-728px-Take-Good-Care-of-Your-Laptop-Computer-Step-3

 

၎။ လက်တော့ကို မတဲ့အခါ LDC ဖန်သားပြင်နေရာကနေ မ,မဘဲ ကိုယ်ထည်ကနေ မပါ။

စခရင်ကနေ လက်ပ်တော့ကို မ,ရင်၊ စခရင်မျက်နှာပြင်နဲ့ ကိုယ်ထည်နဲ့ ဖန်သားပြင်ကို ဆက်ထားတဲ့ အစပ်နေရာတွေကို ထိခိုက်နိုင်ပါတယ်။

aid36279-728px-Take-Good-Care-of-Your-Laptop-Computer-Step-6

 

၅။ လက်ပ်တော့မှာ တခြားပစ္စည်းတွေ တပ်ဆင်အသုံးပြုရမှာပါ slot မှန်အောင် သတိထားတပ်ပါ။

အီလက်ထရောနစ်ပစ္စည်းတစ်ခုခုကို လက်ပ်တော့မှာ တပ်သုံးတော့မယ်ဆိုရင် slot မှန်အောင် တပ်သုံးပါ။ မိုဘိုင်းဖုန်းကြိုးကို Ethernet အပေါက်မှာ တပ်လိုက်မိရင်၊ socket တွေ ထိခိုက်ပျက်စီးနိုင်ကာ၊ နောက်ထပ် သုံးလို့မရတော့တာ ဖြစ်နိုင်ပါတယ်။

aid36279-728px-Take-Good-Care-of-Your-Laptop-Computer-Step-9

 

၆။ လက်ပ်တော့အတွင်းက ဖုန်မှုန့်တွေ့ကို ပုံမှန်သန့်ရှင်းပေးပါ။

မိမိဘာသာ လုပ်တတ်ရင်လုပ်နိုင်ပေမယ့်၊ ကွန်ပြူတာကျွမ်းကျင်တဲ့လူတစ်ယောက်ယောက် ဒါမှမဟုတ် ဆိုင်မှာလုပ်ခိုင်းတာက ပိုကောင်းပါတယ်။ လက်ပ်တော့ထဲမှာ ဖုန်မှုန့်တွေ စုလာတဲ့အခါ လက်ပ်တော့စနစ်က အပူချိန်ကို မထိန်းထားနိုင်တော့ဘဲ၊ မားသားဘုတ်ကို ပျက်စီးစေနိုင်ပါတယ်။

၇။ လက်ပ်တော့ပေါ်မှာ လေးလံတဲ့အရာတွေမတင်ပါနဲ့။

စာအုပ်အထူကြီးတွေ၊ ပစ္စည်းအလေးကြီးတွေ လက်ပ်တော့ပေါ် တင်ထားတတ်ရင်၊ လက်ပ်တော့ရဲ့ LCD ဖန်သားပြင်ကို လက်ပ်တော့ကိုယ်ထည်နဲ့ ဖိထားသလိုဖြစ်ပြီး၊ ကြာရှည်မှာ ထိခိုက်မှုရှိနိုင်ပါတယ်။

aid36279-728px-Take-Good-Care-of-Your-Laptop-Computer-Step-16

 

၈။ လက်ပ်တော့အိတ်နဲ့သာ အပြင်ကိုသယ်ယူပါ။

လက်ပ်တော့တွေပျက်ရတဲ့အဓိကအကြောင်းရင်းက ပြုတ်ကျတာ၊ တိုက်မိခိုက်မိတာကြောင့်ဖြစ်ပါတယ်။ လက်ပ်တော့အိတ်နဲ့ သယ်ယူမယ်ဆိုရင် ပြုတ်ကျနိုင်ခြေနည်းသလို၊ ထိခိုက်မိရင်တောင် ပျက်စီးနိုင်ခြေ နည်းပါတယ်။

aid36279-728px-Take-Good-Care-of-Your-Laptop-Computer-Step-18

 

၉။ သွားပွတ်တံအဟောင်းနဲ့ လက်ပ်တော့ဘေးဘက်၊ကီးဘုတ်တွေကို ဖုန်သန့်စင်ပေးပါ။

လက်ပ်တော့ရဲ့ လေထွက်ပေါက်မှာ ဖုန်မှုန့်တွေ စုပြုံပိတ်နေရင်၊ လက်ပ်တော့ရဲ့ အအေးခံပန်ကာကနေ အပြင်ကို လေမထွက်တော့ဘဲ၊ အထဲမှာ အပူတွေပိတ်မိနေနိုင်ပါတယ်။ ဒီအခါ လက်ပ်တော့အတွင်းမှာ အပူချိန်လွန်ကဲပြီး စက်ပစ္စည်းအစိတ်အပိုင်းတွေကို ထိခိုက်နိုင်ပါတယ်။

aid36279-728px-Take-Good-Care-of-Your-Laptop-Computer-Step-20

 

၁၀။ ဆော့ဖ်ဝဲတွေ အများကြီးမသွင်းထားပါနဲ့။

မလိုအပ်တဲ့ဆော့ဖ်ဝဲတွေ အများကြီးသွင်းထားတာက လက်ပ်တော့ရဲ့ မမ်မိုရီမှာ နေရာအများအပြားယူထားသလိုဖြစ်ပြီး၊ ကိုယ်လိုအပ်တဲ့ ဂိမ်းတွေ၊ ဆော့ဖ်ဝဲတွေ ကောင်းကောင်း မဖွင့်သုံးနိုင်တာတွေဖြစ်နိုင်ပါတယ်။

၁၁။ Cleaner ဆော့ဖ်ဝဲတွေ သုံးပေးပါ။

မလိုအပ်တဲ့ပရိုဂရမ်တွေနဲ့၊ မလိုအပ်တဲ့ junk ဖိုင်တွေကို C-Cleaner လို Cleaner ဆော့ဖ်ဝဲတွေနဲ့ ပုံမှန် ဖျက်ပေးတာက လက်ပ်တော့ရဲ့စွမ်းဆောင်ရည်ကို သိသိသာသာကောင်းမွန်စေပါတယ်။

Ref: Wiki How

 

 

 

You may be interested

Apple က iOS 11 ကို ဖြန့်ချီပြီ
Apple, HUBS, NEWS
0 shares0 views

Apple က iOS 11 ကို ဖြန့်ချီပြီ

Ko Thuya - Sep 20, 2017

Apple က ဇွန်လမှာ ကျင်းပခဲ့တဲ့ World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Apple က iOS 11, watchOS 4 နဲ့ tvOS 11…

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ
Gionee, HUBS, Mobiles & Tablets
66 shares15 views

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ

Ko Thuya - Sep 20, 2017

Gionee က အိန္ဒိယမှာ စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့အမည်ကတော့ Gionee X1s ဖြစ်ပြီး အိန္ဒိယ ရူပီး ၁၂၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၂၀၀ ၀န်းကျင် မြန်မာငွေအားဖြင့် ၂၅၀ ၀၀၀ ၀န်းကျင်…

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
822 shares521 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Leave a Comment

Most from this category