0 Shares 191 Views

လှပထူးခြားတဲ့ဒီဇိုင်းနဲ့ HTC Desire ဖုန်းသုံးမျိုး ထွက်ရှိလာ

Feb 23, 2016
0 191

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပလျက်ရှိတဲ့ ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (MWC) ပွဲမှာ HTC ဟာ Desire စီးရီး ဖုန်းသစ်သုံးမျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။

Desire 530 ၊ Desire 630 နဲ့ Desire 825 လို့ နာမည်ပေးထားတဲ့ စမတ်ဖုန်းသုံးလုံးဟာ ဒီဇိုင်းပိုင်းအရ လှပတဲ့ ဖုန်းတွေဖြစ်သလို၊ စွမ်းဆောင်ရည်ပိုင်းမှာလည်း ကောင်းမွန်တဲ့ဖုန်းတွေဖြစ်ပါတယ်။

အစက်အပြောက်ပုံစံ၊ အရောင်အသွေးစုံနောက်ခံဖုန်းကာဗာတွေနဲ့ ၀ယ်ယူရရှိနိုင်မယ့် Desire စမတ်ဖုန်းသုံးမျိုးကို မတ်လအတွင်း ဖြန့်ချိသွားဖို့ရှိတယ်လို့ သိရပါတယ်။ စမတ်ဖုန်းသုံးမျိုးလုံးဟာ Android 6.0 Marshmallow စနစ်ဖြစ်ပြီး၊ HTC Sense UI နဲ့ ကို အသုံးပြုထားပါတယ်။

ယခုစမတ်ဖုန်းသုံးလုံးထဲမှာ ဈေးအနည်းဆုံးက SIM တစ်ကတ်ထိုး HTC Desire 530 ဖုန်းဖြစ်ပြီး၊ ၅ လက်မအရွယ် HD မျက်နှာပြင်၊ 1.1 GHz quad-core Snapdragon 210 ပရိုဆက်ဆာကို သုံးထားပါတယ်။ RAM က 1.5 GB ရှိပြီး၊ ဖုန်းတွင်းမမ်မိုရီ 16 GB ပါဝင်ပါတယ်။ ဒီထက်ပိုသုံးချင်ရင် microSD ကတ်လည်း ထပ်စိုက်နိုင်ပါတယ်။ ကျောကင်မရာက 8-megapixel ရှိကာ၊ ရှေ့ကင်မရာ 5-megapixel ရှိပါတယ်။ ဘက်ထရီကတော့ 2200mAH ပါ။

2222016113841AM_635_htc_desire_530

 

Desire 630 ဖုန်းကလည်း ၅ လက်မ HD မျက်နှာပြင်ပဲဖြစ်ပြီး၊ SIM ကတော့ နှစ်ကတ်ထိုးနိုင်ပါတယ်။ ပရိုဆက်ဆာလည်း ပိုမြင့်သွားပြီး၊ 1.6 GHz quad-core Snapdragon 400 ပရိုဆက်ဆာကို သုံးထားပါတယ်။ RAM 2 GB ဖြစ်သွားပြီး ကျောကင်မရာက 13-megapixel ဖြစ်သွားတာကလွဲလို့ ကျန်တဲ့ အသေးစိတ် ဟာ့ဒ်ဝဲ၊ဆော့ဖ်ဝဲအချက်အလက်တွေ ကတော့ Desire 530 ဖုန်း အတိုင်းဖြစ်ပါတယ်။ ဒီဖုန်းမှာ BoomSound နည်းပညာကို သုံးထားပါတယ်။

2222016114645AM_635_htc_desire_630

HTC Desire 825 ဖုန်းက Desire 630 နဲ့ ပရိုဆက်ဆာ၊ RAM တွေ တူတူပဲဖြစ်ပြီး မျက်နှာပြင်က ၅.၅ လက်မ ဖြစ်သွားပါတယ်။ ဒီဖုန်းကို SIM တစ်ကတ်ထိုးနဲ့ နှစ်ကတ်ထိုးဆိုပြီး ကြိုက်တာရွေးချယ်ဝယ်ယူနိုင်ကာ၊ BoomSound စတီရီယိုစပီကာတွေနဲ့ Dolby Audio အသံစနစ်တို့ကို အသုံးပြုထားပါတယ်။ ဘက်ထရီမှာလည်း ပိုကောင်းမွန်လာပြီး၊ 2700mAh ဘက်ထရီကို သုံးထားပါတယ်။

Desire 825 ဖုန်းမှာ HTC Sensor Hub စွမ်းဆောင်ရည်ပါဝင်လာမယ်လို့ သိရပြီး၊ ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်တွေနဲ့ တွဲဖက်လုပ်ဆောင်နိုင်မယ့် စွမ်းဆောင်ရည်ဖြစ်တယ်လို့ သိရပါတယ်။

2222016114906AM_635_htc_desire_825

Ref: Gadgets 360

 

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
0 shares0 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
147 shares775 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
375 shares1172 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category